တနင်္ဂနွေနေ့က အန်ဖီးကွင်းမှာ အရန်ကစားသမား အများစု ပါဝင်တဲ့ ချစ်ကြည်ရေးပွဲအဖြစ် လီဗာပူးအရန်အသင်းနဲ့ ဟက်ဒါဖီး အရန်အသင်းတို့ ကစားခဲ့ကြပြီး ၁-၁ ရလဒ် ထွက်ပေါ်ခဲ့တယ်လို့ သိရပါတယ်။

စနေနေ့က အန်ဖီးကွင်းမှာ လိဒ်ယူနိုက်တက်ကို ၄-၃ နဲ့ အနိုင်ရပြီး နောက်တစ်ရက်မှာတော့ အရန်ကစားသမားတွေ ပါဝင်တဲ့ ပွဲစဉ်ကို ယှဉ်ပြိုင်ခဲ့ကြခြင်းဖြစ်ကာ မီနာမီနိုက တစ်လုံးတည်းသော သွင်းဂိုးကို သွင်းယူခဲ့ပါတယ်။ ကာတစ်ဂျုံးက ကီရာဘီကို ရောက်နေခြင်းကြောင့် မပါခဲ့ပေမယ့် ကျန်ကစားသမားတွေ ပါဝင်သွားခဲ့တယ်။

ပထမပိုင်း လူစာရင်းမှာ ဂိုးသမားအဖြစ် အတ်ဒရီယန် ပါဝင်ခဲ့ကာ ဂျိမ်းမီလ်နာ၊ ရှာကွီရီ၊ အိုရီဂီနဲ့ မာတစ်တို့က ဦးဆောင်ခဲ့ပါတယ်။ ပထမပိုင်းအတွင်း ပါဝင်ခဲ့တဲ့ မီနာမီနိုရဲ့ သွင်းဂိုးဖြင့် ၄၅ မိနစ်ကို အဆုံးသတ်ခဲ့ပြီး ဒုတိယပိုင်းမှာတော့ ကားရီးယက်စ်နဲ့တကွ ဝဲလ်ဆန်၊ ဘရူးစတားတို့ပါ ပါဝင်ကစားခဲ့ကြကာ လီဗာပူးဘက်က ကိုယ်ဂိုးကိုယ် ပြန်သွင်းမိတာကြောင့် ပွဲအပြီးမှာ ၁-၁ ရလဒ် ထွက်ခဲ့ခြင်းဖြစ်တယ်။

ထိုပွဲစဉ်ဟာ လျှို့ဝှက်ပွဲစဉ်ဖြစ်ခဲ့ကာ သတင်းထောက်တွေကို တက်ရောက်ကြည့်ခွင့် မပေးခဲ့ပါဘူး။ ပွဲကစားခဲ့ပြီး ၂ ရက်အကြာမှ မာဆေးဆိုဒ် အခြေစိုက် သတင်းဌာနက ဖော်ပြမှုနဲ့အတူ ပွဲမှာ ဘယ်သူတွေ ပါဝင်ခဲ့သလဲ ဆိုတာနဲ့ ပွဲရလဒ်ကို သိလာရခြင်း ဖြစ်ပါတယ်။

ရာသီကြိုကို လွဲထားတဲ့ ရှာကွီရီ ပါဝင်ခဲ့ကာ အပြီးသတ် ဆုံးဖြတ်ချက်တွေ မရသေးတဲ့ ဝဲလ်ဆန်နဲ့ ဘရူးစတားကိုလည်း ပွဲကစားခွင့်တွေ ပေးခဲ့တယ်။ ဂိုးသမားအဖြစ် ကားရီးယက်စ်ကို ခေါ်ယူခဲ့တာက ယူ-၂၃ အဆင့် ဒါဘီပွဲအတွက် ဂလယ်ဟာ သွားရောက်ဖမ်းနေခြင်းကြောင့် ဖြစ်ပါတယ်။

လူစာရင်းကို အတိအကျ မသိရပေမယ့် ဂရုဂျစ်၊ အီလီးယော့၊ နက် ဖီးလစ်၊ ကီဂျာနာ တို့လည်း ပါဝင်ခဲ့ကြတယ်လို့ သိရတယ်။ ချယ်ဆီးနဲ့ပွဲမှာ ပွဲထွက်လူစာရင်းကို အများကြီး ပြောင်းလဲဦးမှာ မဟုတ်ပေမယ့် စတမ်းဖိုဒ်ဘရစ်ကို သွားကစားပြီး ၃ ရက်အကြာ ယှဉ်ပြိုင်ရမယ့် လိဂ်ဖလားပွဲမှာတော့ ချစ်ကြည်ရေးပွဲ လူစာရင်းကို ထုတ်သုံးဖို့ ကလော့ပ်က ပြင်ဆင်ထားတယ်လို့ သိရပါတယ်။

ZAWGYI

တနဂၤေႏြေန႔က အန္ဖီးကြင္းမွာ အရန္ကစားသမား အမ်ားစု ပါဝင္တဲ့ ခ်စ္ၾကည္ေရးပြဲအျဖစ္ လီဗာပူးအရန္အသင္းနဲ႔ ဟက္ဒါဖီး အရန္အသင္းတို႔ ကစားခဲ့ၾကျပီး ၁-၁ ရလဒ္ ထြက္ေပၚခဲ့တယ္လို႔ သိရပါတယ္။

စေနေန႔က အန္ဖီးကြင္းမွာ လိဒ္ယူႏုိက္တက္ကို ၄-၃ နဲ႔ အႏုိင္ရျပီး ေနာက္တစ္ရက္မွာေတာ့ အရန္ကစားသမားေတြ ပါဝင္တဲ့ ပြဲစဥ္ကို ယွဥ္ျပိဳင္ခဲ့ၾကျခင္းျဖစ္ကာ မီနာမီႏိုက တစ္လံုးတည္းေသာ သြင္းဂိုးကို သြင္းယူခဲ့ပါတယ္။ ကာတစ္ဂ်ံဳးက ကီရာဘီကို ေရာက္ေနျခင္းေၾကာင့္ မပါခဲ့ေပမယ့္ က်န္ကစားသမားေတြ ပါဝင္သြားခဲ့တယ္။

ပထမပိုင္း လူစာရင္းမွာ ဂိုးသမားအျဖစ္ အတ္ဒရီယန္ ပါဝင္ခဲ့ကာ ဂ်ိမ္းမီလ္နာ၊ ရွာကီြရီ၊ အိုရီဂီနဲ႔ မာတစ္တို႔က ဦးေဆာင္ခဲ့ပါတယ္။ ပထမပိုင္းအတြင္း ပါဝင္ခဲ့တဲ့ မီနာမီႏိုရဲ႕ သြင္းဂိုးျဖင့္ ၄၅ မိနစ္ကို အဆံုးသတ္ခဲ့ျပီး ဒုတိယပိုင္းမွာေတာ့ ကားရီးယက္စ္နဲ႔တကြ ဝဲလ္ဆန္၊ ဘရူးစတားတို႔ပါ ပါဝင္ကစားခဲ့ၾကကာ လီဗာပူးဘက္က ကိုယ္ဂိုးကိုယ္ ျပန္သြင္းမိတာေၾကာင့္ ပြဲအျပီးမွာ ၁-၁ ရလဒ္ ထြက္ခဲ့ျခင္းျဖစ္တယ္။

ထိုပြဲစဥ္ဟာ လွ်ိဳ႕ဝွက္ပြဲစဥ္ျဖစ္ခဲ့ကာ သတင္းေထာက္ေတြကို တက္ေရာက္ၾကည့္ခြင့္ မေပးခဲ့ပါဘူး။ ပြဲကစားခဲ့ျပီး ၂ ရက္အၾကာမွ မာေဆးဆိုဒ္ အေျခစိုက္ သတင္းဌာနက ေဖာ္ျပမႈနဲ႔အတူ ပြဲမွာ ဘယ္သူေတြ ပါဝင္ခဲ့သလဲ ဆိုတာနဲ႔ ပြဲရလဒ္ကို သိလာရျခင္း ျဖစ္ပါတယ္။

ရာသီၾကိဳကို လြဲထားတဲ့ ရွာကီြရီ ပါဝင္ခဲ့ကာ အျပီးသတ္ ဆံုးျဖတ္ခ်က္ေတြ မရေသးတဲ့ ဝဲလ္ဆန္နဲ႔ ဘရူးစတားကိုလည္း ပြဲကစားခြင့္ေတြ ေပးခဲ့တယ္။ ဂိုးသမားအျဖစ္ ကားရီးယက္စ္ကို ေခၚယူခဲ့တာက ယူ-၂၃ အဆင့္ ဒါဘီပြဲအတြက္ ဂလယ္ဟာ သြားေရာက္ဖမ္းေနျခင္းေၾကာင့္ ျဖစ္ပါတယ္။

လူစာရင္းကို အတိအက် မသိရေပမယ့္ ဂရုဂ်စ္၊ အီလီးေယာ့၊ နက္ ဖီးလစ္၊ ကီဂ်ာနာ တို႔လည္း ပါဝင္ခဲ့ၾကတယ္လို႔ သိရတယ္။ ခ်ယ္ဆီးနဲ႔ပြဲမွာ ပြဲထြက္လူစာရင္းကို အမ်ားၾကီး ေျပာင္းလဲဦးမွာ မဟုတ္ေပမယ့္ စတမ္းဖိုဒ္ဘရစ္ကို သြားကစားျပီး ၃ ရက္အၾကာ ယွဥ္ျပိဳင္ရမယ့္ လိဂ္ဖလားပြဲမွာေတာ့ ခ်စ္ၾကည္ေရးပြဲ လူစာရင္းကို ထုတ္သံုးဖို႔ ကေလာ့ပ္က ျပင္ဆင္ထားတယ္လို႔ သိရပါတယ္။