ရှက်ဖီးယူနိုက်တက်နဲ့ ခရစ္စတယ်ပဲလေစ့်တို့ဟာ လူငယ်တိုက်စစ်သမား ဘရူးစတားကို ခေါ်ယူဖို့ စကားပြောထားကြပေမယ့် လီဗာပူးဘက်က အကြောင်းပြန်ခြင်းကို မလုပ်ပေးသေးဘူးလို့ စကိုင်းစပေါ့က ဖော်ပြပါတယ်။

ပရီးမီးယားလိဂ် ချန်ပီယံတွေဟာ ဘရူးစတားကို ထွက်ခွင့်ပေးဖို့အတွက် ဆုံးဖြတ်ချက် မလုပ်ရသေးပါဘူး။ အကယ်လို့ ရောင်းထုတ်ရမယ်ဆိုရင်တော့ စာချုပ်မှာ buy-back သဘောတူညီချက်ကို ထည့်သွင်းလိုပြီး လာမယ့် ၂ ရာသီအတွင်း ပြန်လည် ခေါ်ယူခွင့် ရမှာမျိုးဆိုရင် လက်ခံပေးလိုစိတ် ရှိနေပါတယ်။

မနှစ်ကရာသီ ချန်ပီယံရှစ်မှာ ၂၂ ပွဲ ကစားခဲ့ပြီး ၁၁ ဂိုး သွင်းယူခဲ့တဲ့ ဘရူးစတားဟာ စီနီယာအဆင့် ပွဲကစားခွင့်တွေ ရဖို့ လိုအပ်နေတယ်။ ဒဏ်ရာက သက်သာလာပြီးနောက် တိုးတက်မှုတွေအတွက် ကြိုးစားနေတဲ့ ဘရူးစတားအတွက် အကောင်းဆုံး နည်းလမ်းက စီနီယာအဆင့် ပွဲကစားခွင့်ပေးမယ့် အသင်းတွေထံ ထွက်ခွင့်ပေးဖို့ ဖြစ်ပါတယ်။

လီဗာပူးက အငှားစေလွှတ်ဖို့ ဈေးကွက်တင်ခဲ့ချိန်မှာ ပရီးမီးယားလိဂ်ကလပ် ၆ သင်းလောက်က ဝင်ရောက် ကမ်းလှမ်းခဲ့တယ်။ နယူးကာဆယ်နဲ့ အက်စတွန်ဗီလာတို့က တိုက်စစ်သမားသစ်တွေ ရခဲ့ကြပြီဖြစ်သော်လည်း လက်ရှိ အချိန်ထိ သူ့ကို စိတ်ဝင်စားနေဆဲ ကလပ်တွေထဲမှာ ရှက်ဖီးနဲ့ ပဲလေစ့်တို့ ကျန်ရှိနေပါသေးတယ်။

လီဗာပူးဘက်ကတော့ ဘရူးစတားကို အပြီးသတ် ရောင်းထုတ်ပေးရရင် ပေါင် ၂၅ သန်းကို ပြောင်းရွှေ့ကြေးအဖြစ် ရလိုတယ်။ ဒါ့အပြင် ၂ ရာသီနောက်ပိုင်းမှာ ပြန်လည်ခေါ်ယူလိုရင်လည်း ပေါင် သန်း ၃၀ ဖြင့် လီဗာပူးထံ ပြန်လည် ပြောင်းခွင့်ပေးဖို့ သဘောတူညီချက်မျိုး ရလိုတယ်လို့ James Pearce က ထုတ်ပြောထားပါတယ်။

ZAWGYI

ရွက္ဖီးယူႏုိက္တက္နဲ႔ ခရစၥတယ္ပဲေလစ့္တို႔ဟာ လူငယ္တိုက္စစ္သမား ဘရူးစတားကို ေခၚယူဖို႔ စကားေျပာထားၾကေပမယ့္ လီဗာပူးဘက္က အေၾကာင္းျပန္ျခင္းကို မလုပ္ေပးေသးဘူးလို႔ စကိုင္းစေပါ့က ေဖာ္ျပပါတယ္။

ပရီးမီးယားလိဂ္ ခ်န္ပီယံေတြဟာ ဘရူးစတားကို ထြက္ခြင့္ေပးဖို႔အတြက္ ဆံုးျဖတ္ခ်က္ မလုပ္ရေသးပါဘူး။ အကယ္လို႔ ေရာင္းထုတ္ရမယ္ဆိုရင္ေတာ့ စာခ်ဳပ္မွာ buy-back သေဘာတူညီခ်က္ကို ထည့္သြင္းလိုျပီး လာမယ့္ ၂ ရာသီအတြင္း ျပန္လည္ ေခၚယူခြင့္ ရမွာမ်ိဳးဆိုရင္ လက္ခံေပးလိုစိတ္ ရွိေနပါတယ္။

မႏွစ္ကရာသီ ခ်န္ပီယံရွစ္မွာ ၂၂ ပြဲ ကစားခဲ့ျပီး ၁၁ ဂိုး သြင္းယူခဲ့တဲ့ ဘရူးစတားဟာ စီနီယာအဆင့္ ပြဲကစားခြင့္ေတြ ရဖို႔ လိုအပ္ေနတယ္။ ဒဏ္ရာက သက္သာလာျပီးေနာက္ တိုးတက္မႈေတြအတြက္ ၾကိဳးစားေနတဲ့ ဘရူးစတားအတြက္ အေကာင္းဆံုး နည္းလမ္းက စီနီယာအဆင့္ ပြဲကစားခြင့္ေပးမယ့္ အသင္းေတြထံ ထြက္ခြင့္ေပးဖို႔ ျဖစ္ပါတယ္။

လီဗာပူးက အငွားေစလႊတ္ဖို႔ ေစ်းကြက္တင္ခဲ့ခ်ိန္မွာ ပရီးမီးယားလိဂ္ကလပ္ ၆ သင္းေလာက္က ဝင္ေရာက္ ကမ္းလွမ္းခဲ့တယ္။ နယူးကာဆယ္နဲ႔ အက္စတြန္ဗီလာတို႔က တိုက္စစ္သမားသစ္ေတြ ရခဲ့ၾကျပီျဖစ္ေသာ္လည္း လက္ရွိ အခ်ိန္ထိ သူ႔ကို စိတ္ဝင္စားေနဆဲ ကလပ္ေတြထဲမွာ ရွက္ဖီးနဲ႔ ပဲေလစ့္တို႔ က်န္ရွိေနပါေသးတယ္။

လီဗာပူးဘက္ကေတာ့ ဘရူးစတားကို အျပီးသတ္ ေရာင္းထုတ္ေပးရရင္ ေပါင္ ၂၅ သန္းကို ေျပာင္းေရႊ႔ေၾကးအျဖစ္ ရလိုတယ္။ ဒါ့အျပင္ ၂ ရာသီေနာက္ပိုင္းမွာ ျပန္လည္ေခၚယူလိုရင္လည္း ေပါင္ သန္း ၃၀ ျဖင့္ လီဗာပူးထံ ျပန္လည္ ေျပာင္းခြင့္ေပးဖို႔ သေဘာတူညီခ်က္မ်ိဳး ရလိုတယ္လို႔ James Pearce က ထုတ္ေျပာထားပါတယ္။