ပရီးမီးယားလိဂ်ကလပ် လီဗာပူးနဲ့ ချယ်ဆီးတို့ ယှဉ်ပြိုင်ရမယ့် ပွဲစဉ် မတိုင်ခင် နှစ်သင်းလုံးမှာ ကစားခဲ့တဲ့ တိုက်စစ်သမားဟောင်း ဖာနန်ဒို တောရက်စ်က သူ့အမြင်ကို ထုတ်ပြောလိုက်ပါတယ်။

တောရက်စ်က ချယ်ဆီးရဲ့ ကစားသမား အင်အားတိုးချဲ့မှုနဲ့ တည်ဆောက်မှုကို အထင်ကြီးကြောင်း ချယ်ဆီးလူစာရင်းရဲ့ ငယ်ရွယ်သေးမှုကြောင့် လီဗာပူးကပဲ ပရီးမီးယားလိဂ်ဖလားကို စိန်ခေါ်ဦးမယ်လို့ မြင်တယ်။ အနာဂတ်မှာတော့ ချယ်ဆီးကလည်း ပရီးမီးယားလိဂ်ကို စိန်ခေါ်လာပါမယ်လို့ သူက ဆိုခဲ့ပါတယ်။

တောရက်စ်က ပြောရာမှာ “ ချယ်ဆီးက သိပ်ကောင်းတဲ့ လူစာရင်းကို တည်ဆောက်နေတာပါ။ ဒီရာသီတင် မဟုတ်ပါဘူး။ အနာဂတ်အတွက်ပါ။ သူတို့ရဲ့ တည်ဆောက်နေမှုက စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ဒါပေမယ့် ချယ်ဆီးက ငယ်ရွယ်တယ်။ လမ်းပတ်က ငယ်ရွယ်တဲ့ လူစာရင်းကို ကောင်းမွန်တဲ့ နည်းလမ်းနဲ့ ကိုင်တွယ်နေတယ်။

သူတို့က စိန်ခေါ်မှုတွေ လုပ်ဖို့ကို နီးစပ်နေပေမယ့် လီဗာပူး၊ မန်စီးတီးတို့ကို ယှဉ်နိုင်တဲ့ အနေအထားမှာ မရှိသေးပါဘူး။ ပရီးမီးယားလိဂ်ကို ယှဉ်ပြိုင်လာနိုင်မယ် မျှော်လင့်ပေမယ့် လီဗာပူးက မန်စီးတီးကော ချယ်ဆီးတို့ထက်ပါ ပိုမို အားကောင်းနေဆဲလို့ ကျနော် ထင်တယ်။

လာမယ့် နှစ်နှစ် သုံးနှစ်ထိကတော့ ပရီးမီးယားလိဂ်က ကမ္ဘာအကောင်းဆုံး ဘောလုံးလိဂ် ဖြစ်နေဦးမှာပါ။ အနာဂတ် ကြယ်ပွင့်တွေကလည်း ပရီးမီးယားလိဂ်ကိုပဲ ပြောင်းကြမှာပါ။ ပရီးမီးယားလိဂ် ပရိသတ်တွေ အတွက်ကတော့ စိတ်လှုပ်ရှားစရာ အခိုက်အတန့်ပဲဖြစ်ပါတယ် ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

ပရီးမီးယားလိဂ္ကလပ္ လီဗာပူးနဲ႔ ခ်ယ္ဆီးတို႔ ယွဥ္ျပိဳင္ရမယ့္ ပြဲစဥ္ မတိုင္ခင္ ႏွစ္သင္းလံုးမွာ ကစားခဲ့တဲ့ တိုက္စစ္သမားေဟာင္း ဖာနန္ဒို ေတာရက္စ္က သူ႔အျမင္ကို ထုတ္ေျပာလိုက္ပါတယ္။

ေတာရက္စ္က ခ်ယ္ဆီးရဲ႕ ကစားသမား အင္အားတိုးခ်ဲ႔မႈနဲ႔ တည္ေဆာက္မႈကို အထင္ၾကီးေၾကာင္း ခ်ယ္ဆီးလူစာရင္းရဲ႕ ငယ္ရြယ္ေသးမႈေၾကာင့္ လီဗာပူးကပဲ ပရီးမီးယားလိဂ္ဖလားကို စိန္ေခၚဦးမယ္လို႔ ျမင္တယ္။ အနာဂတ္မွာေတာ့ ခ်ယ္ဆီးကလည္း ပရီးမီးယားလိဂ္ကို စိန္ေခၚလာပါမယ္လို႔ သူက ဆိုခ့ဲပါတယ္။

ေတာရက္စ္က ေျပာရာမွာ “ ခ်ယ္ဆီးက သိပ္ေကာင္းတဲ့ လူစာရင္းကို တည္ေဆာက္ေနတာပါ။ ဒီရာသီတင္ မဟုတ္ပါဘူး။ အနာဂတ္အတြက္ပါ။ သူတို႔ရဲ႕ တည္ေဆာက္ေနမႈက စိတ္ဝင္စားဖို႔ ေကာင္းပါတယ္။ ဒါေပမယ့္ ခ်ယ္ဆီးက ငယ္ရြယ္တယ္။ လမ္းပတ္က ငယ္ရြယ္တဲ့ လူစာရင္းကို ေကာင္းမြန္တဲ့ နည္းလမ္းနဲ႔ ကိုင္တြယ္ေနတယ္။

သူတို႔က စိန္ေခၚမႈေတြ လုပ္ဖို႔ကို နီးစပ္ေနေပမယ့္ လီဗာပူး၊ မန္စီးတီးတို႔ကို ယွဥ္ႏုိင္တဲ့ အေနအထားမွာ မရွိေသးပါဘူး။ ပရီးမီးယားလိဂ္ကို ယွဥ္ျပိဳင္လာႏုိင္မယ္ ေမွ်ာ္လင့္ေပမယ့္ လီဗာပူးက မန္စီးတီးေကာ ခ်ယ္ဆီးတို႔ထက္ပါ ပိုမို အားေကာင္းေနဆဲလို႔ က်ေနာ္ ထင္တယ္။

လာမယ့္ ႏွစ္ႏွစ္ သံုးႏွစ္ထိကေတာ့ ပရီးမီးယားလိဂ္က ကမၻာအေကာင္းဆံုး ေဘာလံုးလိဂ္ ျဖစ္ေနဦးမွာပါ။ အနာဂတ္ ၾကယ္ပြင့္ေတြကလည္း ပရီးမီးယားလိဂ္ကိုပဲ ေျပာင္းၾကမွာပါ။ ပရီးမီးယားလိဂ္ ပရိသတ္ေတြ အတြက္ကေတာ့ စိတ္လႈပ္ရွားစရာ အခိုက္အတန္႔ပဲျဖစ္ပါတယ္ ” လို႔ ဆိုခဲ့တာ ျဖစ္ပါတယ္။