ပရီးမီးယားလိဂ်ကလပ် လီဗာပူးနဲ့ ချယ်ဆီးတို့ ယှဉ်ပြိုင်ရမယ့် ပွဲစဉ် မတိုင်ခင် နှစ်သင်းလုံးမှာ ကစားခဲ့တဲ့ တိုက်စစ်သမားဟောင်း ဖာနန်ဒို တောရက်စ်က ချယ်ဆီးရဲ့ ကစားသမား အင်အားတိုးချဲ့မှုနဲ့ တည်ဆောက်မှုကို အထင်ကြီးပေမယ့် လူစာရင်းရဲ့ ငယ်ရွယ်သေးမှုကြောင့် လီဗာပူးကပဲ ပရီးမီးယားလိဂ်ဖလားကို စိန်ခေါ်ဦးမယ်လို့ မြင်ပါကြောင်း ထုတ်ပြောခဲ့ပါတယ်။

ရှက်ဖီးယူနိုက်တက်နဲ့ ခရစ္စတယ်ပဲလေစ့်တို့ဟာ လူငယ်တိုက်စစ်သမား ဘရူးစတားကို ခေါ်ယူဖို့ စကားပြောထားကြပေမယ့် လီဗာပူးဘက်က အကြောင်းပြန်ခြင်းကို မလုပ်ပေးသေးဘူးလို့ စကိုင်းစပေါ့က ဖော်ပြပါတယ်။

တနင်္ဂနွေနေ့က အန်ဖီးကွင်းမှာ အရန်ကစားသမား အများစု ပါဝင်တဲ့ ချစ်ကြည်ရေးပွဲအဖြစ် လီဗာပူးအရန်အသင်းနဲ့ ဟက်ဒါဖီး အရန်အသင်းတို့ ကစားခဲ့ကြပြီး ၁-၁ ရလဒ် ထွက်ပေါ်ခဲ့ကာ လီဗာပူးအတွက် ပထမပိုင်းမှာ ပါဝင်ကစားခဲ့တဲ့ မီနာမီနိုက ဂိုးသွင်းတယ်လို့ သိရပါတယ်။

စကိုင်းစပေါ့မှ ပေါလ်မာဆန်က လီဗာပူးအသင်းက ဒီရာသီမှာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ကာကွယ်နိုင်မှာ မဟုတ်ဘဲ လိဂ်မှာလည်း အဆင့်လေးနေရာမျာပဲ ရပ်တည်လိမ့်မယ်လို့ ခန့်မှန်းလိုက်ပါတယ်။

ချယ်ဆီးတိုက်စစ်သမား ဝါနာက လီဗာပူးအသင်းနဲ့ ယှဉ်ပြိုင်ရမယ့်ပွဲကို စိတ်လှုပ်ရှားနေပြီး ဘရိုက်တန်နဲ့ ပွဲအပြီးမှာ လီဗာပူးနဲ့ ယှဉ်ပြိုင်လိုနေကြောင်းကို ထုတ်ဖော် ဝန်ခံလိုက်ပါတယ်။

လီဗာပူးအသင်းရဲ့ ဘရာဇီးသား တိုက်စစ်မှူး ဖာမီနိုဟာ ခြေစွမ်းပြဖို့ ရုန်းကန်နေရတာကြောင့် သူ ထမ်းထားတဲ့ ဝန်တွေကို မျှယူပေးနိုင်မယ့် တိုက်စစ်မှူး တစ်ဦး လီဗာပူး လိုအပ်နေပြီလို့ တိုက်စစ်မှူးဟောင်း ဂျွန်အဲဒရစ်ချ်က အသင်းဟောင်းအား ထောက်ပြ သတိပေးခဲ့ပါတယ်။

လီဗာပူးအသင်းဟာ ပရီးမီယားလိဂ်ချန်ပီယံဖြစ်ခဲ့ပေမယ့် ကပ်ဘေးကာလအတွင်း ဆုံးရံှူးမှု အတော်လေး ကြီးမားခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာ ကပ်ဘေးကြောင်း ရုပ်သံကြေး ပြန်ပေးရမှုနဲ့ စပွန်ဆာကြေးတွေမှာ ပေါင် သန်း ၁၀၀ ကျော် ဆုံးရံှူးတယ်လို့ James Pearce က ဖွင့်ချလိုက်ပါတယ်။

ဘယ်အစွန်လူ ရော်ဘတ်ဆန်က အသင်းဖော် ထရန့်ကို ဒီရာသီမှာလည်း အသင်းအတွက် ဂိုးထောက်ပံ့မှု လုပ်ပေးဖို့ရာ ဆက်လက် ယှဉ်ပြိုင်ကြမယ်လို့ စိန်ခေါ်လိုက်ပါတယ်။

ယူနိုက်တက် ခံစစ်မှူးဟောင်း နဗီးက တနင်္လာနေ့က ပရီးမီးယားလိဂ် ပထမပတ်အတွက် စကိုင်းစပေါ့ကနေ သုံးသပ်မှုမှာ ဆာလက်နဲ့ မာနေးက စီရော်နယ်ဒိုနဲ့ ရွန်နီးတို့လို ကစားသမားတွေဖြစ်တယ်လို့ နှိုင်းယှဉ်လိုက်ပါတယ်။

လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ် ရုပ်သံကြေး ဖြတ်တောက်ခံရမှုမှာ အခြားမည်သည့် ပရီးမီးယားလိဂ်ကလပ် ထက်မဆို ပိုများလိမ့်မယ်လို့ တယ်လီဂရပ်က ဖော်ပြပါတယ်။

ZAWGYI

ပရီးမီးယားလိဂ္ကလပ္ လီဗာပူးနဲ႔ ခ်ယ္ဆီးတို႔ ယွဥ္ျပိဳင္ရမယ့္ ပြဲစဥ္ မတိုင္ခင္ ႏွစ္သင္းလံုးမွာ ကစားခဲ့တဲ့ တိုက္စစ္သမားေဟာင္း ဖာနန္ဒို ေတာရက္စ္က ခ်ယ္ဆီးရဲ႕ ကစားသမား အင္အားတိုးခ်ဲ႔မႈနဲ႔ တည္ေဆာက္မႈကို အထင္ၾကီးေပမယ့္ လူစာရင္းရဲ႕ ငယ္ရြယ္ေသးမႈေၾကာင့္ လီဗာပူးကပဲ ပရီးမီးယားလိဂ္ဖလားကို စိန္ေခၚဦးမယ္လို႔ ျမင္ပါေၾကာင္း ထုတ္ေျပာခဲ့ပါတယ္။

ရွက္ဖီးယူႏုိက္တက္နဲ႔ ခရစၥတယ္ပဲေလစ့္တို႔ဟာ လူငယ္တိုက္စစ္သမား ဘရူးစတားကို ေခၚယူဖို႔ စကားေျပာထားၾကေပမယ့္ လီဗာပူးဘက္က အေၾကာင္းျပန္ျခင္းကို မလုပ္ေပးေသးဘူးလို႔ စကိုင္းစေပါ့က ေဖာ္ျပပါတယ္။

တနဂၤေႏြေန႔က အန္ဖီးကြင္းမွာ အရန္ကစားသမား အမ်ားစု ပါဝင္တဲ့ ခ်စ္ၾကည္ေရးပြဲအျဖစ္ လီဗာပူးအရန္အသင္းနဲ႔ ဟက္ဒါဖီး အရန္အသင္းတို႔ ကစားခဲ့ၾကျပီး ၁-၁ ရလဒ္ ထြက္ေပၚခဲ့ကာ လီဗာပူးအတြက္ ပထမပိုင္းမွာ ပါဝင္ကစားခဲ့တဲ့ မီနာမီႏိုက ဂိုးသြင္းတယ္လို႔ သိရပါတယ္။

စကိုင္းစေပါ့မွ ေပါလ္မာဆန္က လီဗာပူးအသင္းက ဒီရာသီမွာ ပရီးမီးယားလိဂ္ ခ်န္ပီယံဆုကို ကာကြယ္ႏုိင္မွာ မဟုတ္ဘဲ လိဂ္မွာလည္း အဆင့္ေလးေနရာမ်ာပဲ ရပ္တည္လိမ့္မယ္လို႔ ခန္႔မွန္းလိုက္ပါတယ္။

ခ်ယ္ဆီးတိုက္စစ္သမား ဝါနာက လီဗာပူးအသင္းနဲ႔ ယွဥ္ျပိဳင္ရမယ့္ပြဲကို စိတ္လႈပ္ရွားေနျပီး ဘရိုက္တန္နဲ႔ ပြဲအျပီးမွာ လီဗာပူးနဲ႔ ယွဥ္ျပိဳင္လိုေနေၾကာင္းကို ထုတ္ေဖာ္ ဝန္ခံလိုက္ပါတယ္။

လီဗာပူးအသင္းရဲ႕ ဘရာဇီးသား တိုက္စစ္မွဴး ဖာမီနိုဟာ ေျခစြမ္းျပဖို႔ ရုန္းကန္ေနရတာေၾကာင့္ သူ ထမ္းထားတဲ့ ၀န္ေတြကို မွ်ယူေပးနုိင္မယ့္ တိုက္စစ္မွဴး တစ္ဦး လီဗာပူး လိုအပ္ေနျပီလို႔ တိုက္စစ္မွဴးေဟာင္း ဂၽြန္အဲဒရစ္ခ်္က အသင္းေဟာင္းအား ေထာက္ျပ သတိေပးခဲ့ပါတယ္။

လီဗာပူးအသင္းဟာ ပရီးမီယားလိဂ္ခ်န္ပီယံျဖစ္ခဲ့ေပမယ့္ ကပ္ေဘးကာလအတြင္း ဆံုးရံွဴးမႈ အေတာ္ေလး ၾကီးမားခဲ့ျပီး ကမၻာလံုးဆိုင္ရာ ကပ္ေဘးေၾကာင္း ရုပ္သံေၾကး ျပန္ေပးရမႈနဲ႔ စပြန္ဆာေၾကးေတြမွာ ေပါင္ သန္း ၁၀၀ ေက်ာ္ ဆံုးရံွဴးတယ္လို႔ James Pearce က ဖြင့္ခ်လိုက္ပါတယ္။

ဘယ္အစြန္လူ ေရာ္ဘတ္ဆန္က အသင္းေဖာ္ ထရန္႔ကို ဒီရာသီမွာလည္း အသင္းအတြက္ ဂိုးေထာက္ပံ့မႈ လုပ္ေပးဖို႔ရာ ဆက္လက္ ယွဥ္ျပိဳင္ၾကမယ္လို႔ စိန္ေခၚလိုက္ပါတယ္။

ယူႏုိက္တက္ ခံစစ္မွဴးေဟာင္း နဗီးက တနလၤာေန႔က ပရီးမီးယားလိဂ္ ပထမပတ္အတြက္ စကိုင္းစေပါ့ကေန သံုးသပ္မႈမွာ ဆာလက္နဲ႔ မာေနးက စီေရာ္နယ္ဒိုနဲ႔ ရြန္နီးတို႔လို ကစားသမားေတြျဖစ္တယ္လို႔ ႏိႈင္းယွဥ္လိုက္ပါတယ္။

လီဗာပူးအသင္းဟာ ပရီးမီးယားလိဂ္ ရုပ္သံေၾကး ျဖတ္ေတာက္ခံရမႈမွာ အျခားမည္သည့္ ပရီးမီးယားလိဂ္ကလပ္ ထက္မဆို ပိုမ်ားလိမ့္မယ္လို႔ တယ္လီဂရပ္က ေဖာ္ျပပါတယ္။