စတမ်းဖိုဒ်ဘရစ်မှာ ယှဉ်ပြိုင်ကစားရမယ့် ပွဲအကြိုမှာ ချယ်ဆီးကစားသမားတွေဖြစ်တဲ့ ဟာဗက်နဲ့ ဝါနာတို့က လီဗာပူးကို အနိုင်ယူမယ်ဆိုတဲ့ စကားတွေကို ပြောဆိုခဲ့ပါတယ်။

လီဗာပူးက အဖွင့်သီတင်းပတ်မှာ လိဒ်ယူနိုက်တက်ကို ၄-၃ နဲ့ အနိုင်ရခဲ့သလို ချယ်ဆီးကလည်း ဘရိုက်တန်ကို ၃-၁ နဲ့ အနိုင်ရထားတာပါ။ ဒုတိယအပတ်မှာတင် ထိပ်ဆုံး ၄ သင်း စာရင်းဝင် ဒီနှစ်သင်း ထိပ်တိုက်တွေ့ခြင်းကြောင့် အားလုံးက စောင့်ကြည့်လိုနေကြတယ်။

ဒီအပတ်အကုန်မှာ ယှဉ်ပြိုင်ရမယ့် ပွဲနဲ့ပက်သက်လို့ ဟာဗက်က ” လီဗာပူးက ကမ္ဘာအကောင်းဆုံး အသင်းတွေထဲက တစ်သင်းဆိုတာ သေချာပါတယ်။ ကျနေ်ာတို့က လေးစားမှုပြရမှာဖြစ်ပေမယ့် ကျနေ်ာတို့ ကိုယ်တိုင်ကလည်း အသင်းကောင်း ဖြစ်ပါတယ်။

လီဗာပူးနဲ့ ယှဉ်ပြိုင်ကစားရတဲ့ပွဲက အရမ်း ခက်ခဲတဲ့ ပွဲကောင်းတစ်ပွဲဖြစ်လာမှာပါ။ ဒါပေမယ့် သူတို့အတွက်လည်း ခက်ခဲတဲ့ ပွဲကောင်းဖြစ်မှာပါ။ ကျနေ်ာတို့ ကြိုးစားရမှာဖြစ်တယ်။ ဒါပေမယ့် ဒီပွဲမှာ ကျနေ်ာတို့က ရမှတ်တွေ ရနိုင်မယ့် အခွင့်အရေး ရှိထားတယ်လို့ ထင်ပါတယ် ” ဆိုပြီး ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဝါနာကလည်း ” ဒုတိယပွဲက လီဗာပူးနဲ့ဖြစ်လို့ ပိုခက်ခဲပါလိမ့်မယ်။ ကျနော် အစွမ်းကုန် ကြိုးစားခဲ့ပါတယ်။ ပုံစံကောင်းတွေ မရသေးတဲ့ ကစားသမားတွေ အများကြီးရှိတယ် ဒါပေမယ့် ကျနေ်ာတို့ ပိုကောင်းလာပြီး ပွဲတွေကို အတူတကွ ပိုကောင်းကောင်း ကစားလာနိုင်ပါလိမ့်မယ် ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

ရာသီစမှာတင် နှစ်သင်း ထိပ်တိုက်တွေ့တာက အသင်းတွေကို ဖိအားများစေမှာပါ။ လီဗာပူးအသင်း အနေနဲ့ လိဒ်ကို ရင်ဆိုင်ကစားအပြီးမှာ ရလာတဲ့ ဖိအားတွေကို တုန့်ပြန်ဖို့အတွက် ဒီပွဲကို အနိုင်ယူဖို့ လိုအပ်မှာဖြစ်သလို ချယ်ဆီးအသင်းကလည်း စံချိန်တင် ပြောင်းရွှေ့ကြေးရှင်တွေနဲ့အတူ ရလဒ်ကောင်းလိုစိတ် ရှိနေမှာဖြစ်ပါတယ်။

ZAWGYI

စတမ္းဖိုဒ္ဘရစ္မွာ ယွဥ္ျပိဳင္ကစားရမယ့္ ပြဲအၾကိဳမွာ ခ်ယ္ဆီးကစားသမားေတြျဖစ္တဲ့ ဟာဗက္နဲ႔ ဝါနာတို႔က လီဗာပူးကို အႏုိင္ယူမယ္ဆိုတဲ့ စကားေတြကို ေျပာဆိုခဲ့ပါတယ္။

လီဗာပူးက အဖြင့္သီတင္းပတ္မွာ လိဒ္ယူႏုိက္တက္ကို ၄-၃ နဲ႔ အႏုိင္ရခဲ့သလို ခ်ယ္ဆီးကလည္း ဘရိုက္တန္ကို ၃-၁ နဲ႔ အႏုိင္ရထားတာပါ။ ဒုတိယအပတ္မွာတင္ ထိပ္ဆံုး ၄ သင္း စာရင္းဝင္ ဒီႏွစ္သင္း ထိပ္တိုက္ေတြ႔ျခင္းေၾကာင့္ အားလံုးက ေစာင့္ၾကည့္လိုေနၾကတယ္။

ဒီအပတ္အကုန္မွာ ယွဥ္ျပိဳင္ရမယ့္ ပြဲနဲ႔ပက္သက္လို႔ ဟာဗက္က ” လီဗာပူးက ကမၻာအေကာင္းဆံုး အသင္းေတြထဲက တစ္သင္းဆိုတာ ေသခ်ာပါတယ္။ က်ေန္ာတို႔က ေလးစားမႈျပရမွာျဖစ္ေပမယ့္ က်ေန္ာတို႔ ကိုယ္တုိင္ကလည္း အသင္းေကာင္း ျဖစ္ပါတယ္။

လီဗာပူးနဲ႔ ယွဥ္ျပိဳင္ကစားရတဲ့ပြဲက အရမ္း ခက္ခဲတဲ့ ပြဲေကာင္းတစ္ပြဲျဖစ္လာမွာပါ။ ဒါေပမယ့္ သူတို႔အတြက္လည္း ခက္ခဲတဲ့ ပြဲေကာင္းျဖစ္မွာပါ။ က်ေန္ာတို႔ ၾကိဳးစားရမွာျဖစ္တယ္။ ဒါေပမယ့္ ဒီပြဲမွာ က်ေန္ာတို႔က ရမွတ္ေတြ ရႏုိင္မယ့္ အခြင့္အေရး ရွိထားတယ္လို႔ ထင္ပါတယ္ ” ဆိုျပီး ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။

ဝါနာကလည္း ” ဒုတိယပြဲက လီဗာပူးနဲ႔ျဖစ္လို႔ ပိုခက္ခဲပါလိမ့္မယ္။ က်ေနာ္ အစြမ္းကုန္ ၾကိဳးစားခဲ့ပါတယ္။ ပံုစံေကာင္းေတြ မရေသးတဲ့ ကစားသမားေတြ အမ်ားၾကီးရွိတယ္ ဒါေပမယ့္ က်ေန္ာတို႔ ပိုေကာင္းလာျပီး ပြဲေတြကို အတူတကြ ပိုေကာင္းေကာင္း ကစားလာႏုိင္ပါလိမ့္မယ္ ” လို႔ ဆိုခ့ဲတာ ျဖစ္ပါတယ္။

ရာသီစမွာတင္ ႏွစ္သင္း ထိပ္တိုက္ေတြ႔တာက အသင္းေတြကို ဖိအားမ်ားေစမွာပါ။ လီဗာပူးအသင္း အေနနဲ႔ လိဒ္ကို ရင္ဆိုင္ကစားအျပီးမွာ ရလာတဲ့ ဖိအားေတြကို တုန္႔ျပန္ဖို႔အတြက္ ဒီပြဲကို အႏုိင္ယူဖို႔ လိုအပ္မွာျဖစ္သလို ခ်ယ္ဆီးအသင္းကလည္း စံခ်ိန္တင္ ေျပာင္းေရႊ႔ေၾကးရွင္ေတြနဲ႔အတူ ရလဒ္ေကာင္းလိုစိတ္ ရွိေနမွာျဖစ္ပါတယ္။