လီဗာပူး ကွင်းလယ်လူ ချိန်ဘာလိန်က အသင်းဟာ ဆုဖလားတွေ ဆက်တိုက် အောင်မြင်ခဲ့ပေမယ့် ကျေနပ် ရောင့်ရဲမနေဘဲ နောက်ထပ်သော ဆုဖလားတွေကို စီးရီးတွဲလိုက် အောင်မြင်လိုကြတယ်လို့ ထုတ်ပြောလိုက်ပါတယ်။

ချိန်ဘာလိန်က “ ဘယ်လို ထိပ်တန်းအသင်းမဆို စိန်ခေါ်မှုတွေကို ရင်ဆိုင်ရမှာပါပဲ။ ဘောလုံးရာသီတိုင်းမှာ တည်တည်ငြိမ်ငြိမ်နဲ့ အကောင်းဆုံး လုပ်လာတာကပဲ အသင်းကို ထူးရှယ် ဖြစ်နေစေတာပါ။

သမိုင်းမှာ အကောင်းဆုံးသော အသင်းတွေကို ပြန်ကြည့်ပါ။ ဒီကလပ်ကို ခမ်းနားတဲ့အသင်းဖြစ်လာအောင် ကြိုးစားခဲ့ကြတဲ့ လီဗာပူးအသင်းဟောင်းတွေကို ပြန်ကြည့်ပါ။ သူတို့က တစ်ကြိမ်တည်း မဟုတ်ဘဲ နှစ်တိုင်းမှာ ဆုဖလားကို အနိုင်ယူကြပါတယ်။ အဲ့တာက ကျျနေ်ာတို့ရဲ့ ရည်မှန်းချက်ပဲဖြစ်ပါတယ်။

မနှစ်ကရာသီ မတိုင်ခင်တုန်းက ကျနေ်ာတို့က ရမှတ် တစ်မှတ်တည်းနဲ့ အမှတ်ပေးဖလားကို ဆုံးရံှူးခဲ့တယ်။ လူတွေက ကျနေ်ာတို့ကို ကြည့်ပြီး ‘မင်းတို့ ဒီထက်ပိုပြီး ဘာလုပ်နိုင်မှာလဲ?’ လို့ မေးခွန်းထုတ်ကြတယ်။ ‘၉၇ မှတ်နဲ့တောင် မင်းတို့ ချန်ပီယံမဖြစ်သေးတာကွာ ဘာတွေများ ပိုပြီး တိုးတက်လာမလဲ?’ လို့ မေးခွန်းထုတ်ခံခဲ့ရတယ်။

ဒါပေမယ့် ကျနေ်ာတို့ ခေါင်းတွေကို ငုံ့ထားပြီး အလုပ်ကိုပဲ ပိုပြီး ကြိုးစားလုပ်ခဲ့ကြတယ်။ ကျနော်တို့ ရောက်ခဲ့တဲ့အတိုင်း ထပ်ပြီး သွားလိုခဲ့ကြတယ်။ အဲ့တာက အရမ်းခက်ပါတယ်။ ကိုယ်ဘာသာ မေးခွန်း နှစ်ခုပဲ ထုတ်လို့ ရပါတယ်။ ‘ငါတို့ ထပ်လုပ်နိုင်ပါ့မလား?’ ဆိုတဲ့ သံသယမေးခွန်းနဲ့ ‘ခေါင်းတွေကို ငုံ့ထားပြီး ထပ်ပြီးပဲ ကြိုးစားမလား’ ဆိုတဲ့ ခိုင်မာတဲ့ စိတ်ဓါတ် ဖြစ်ပါတယ်။ ” လို့ ဆိုခဲ့တယ်။

ချိန်ဘာလိန် ပြောခဲ့သလိုပဲ လီဗာပူးဟာ မာကျောတဲ့ စိတ်ဓါတ်နဲ့ ပြိင်ပွဲထဲကို ပြန်ဝင်လာခဲ့ပြီး အမှတ်ပေးဖလားကို ဆုပ်ကိုင်နိုင်ခဲ့တယ်။ လူတိုင်းက မလွယ်ဘူးဆိုတဲ့ ကိစ္စကို လုပ်ပြနိုင်ခဲ့ပေမယ့် အားလုံးက အစကနေ ပြန်စခဲ့ရပါပြီ။

ချိန်ဘာလိန်ကပဲ “ ပရီးမီးယားလိဂ်ဖလား အောင်မြင်ခဲ့တာ အရမ်းကောင်းပါတယ်။ ဒါပေမယ့် အဲ့တာက ပြီးသွားပါပြီ။ အောင်မြင်မှုကို ပြန်ကြည့်မယ်ဆိုရင် ကျနေ်ာတို့ ဘာလို့ အောင်မြင်ခဲ့သလဲ။ ဘာလို့လည်းဆိုတော့ အာရုံစိုက်မှုကို မလျော့လိုက်လို့ပါပဲ။ ကျနေ်ာတို့က အမြဲတမ်း နောက်ထပ် အသင်းက ဘာအသင်းလဲလို့ တွေးနေကြတယ်။ အခုချိန်မှာလည်း အဲ့လိုပါပဲ။

အသင်းအနေနဲ့ ကျနေ်ာတို့က ချန်ပီယံတွေလို့ မခံစားရဘူး။ ကျနေ်ာတို့ ချန်ပီယံတွေဆိုတာ သိပါတယ်။ သမိုင်းစာအုပ်ထဲမှာ ကျနေ်ာတို့ နာမည်တွေ ပါခဲ့ပြီဆိုတာကိုလည်း သိတယ်။ အဲ့အတွက်လည်း ကျနေ်ာတို့ ရထားတဲ့ ဆုတံဆိပ်တွေက သတိပေးနေတယ်။ ဒါပေမယ့် ကျနေ်ာတို့ ဆက်ပြီး တည်ဆောက်ရမယ်၊ ဘယ်သူကမှ ချန်ပီယံတွေ၊ ငါတို့က ချန်ပီယံတွေဆိုပြီး ဖြစ်မနေပါဘူး။ အဲ့လိုပဲ ဖြစ်သင့်တာပါ ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူး ကြင္းလယ္လူ ခ်ိန္ဘာလိန္က အသင္းဟာ ဆုဖလားေတြ ဆက္တိုက္ ေအာင္ျမင္ခဲ့ေပမယ့္ ေက်နပ္ ေရာင့္ရဲမေနဘဲ ေနာက္ထပ္ေသာ ဆုဖလားေတြကို စီးရီးတြဲလိုက္ ေအာင္ျမင္လိုၾကတယ္လို႔ ထုတ္ေျပာလိုက္ပါတယ္။

ခ်ိန္ဘာလိန္က “ ဘယ္လို ထိပ္တန္းအသင္းမဆို စိန္ေခၚမႈေတြကို ရင္ဆိုင္ရမွာပါပဲ။ ေဘာလံုးရာသီတိုင္းမွာ တည္တည္ျငိမ္ျငိမ္နဲ႔ အေကာင္းဆံုး လုပ္လာတာကပဲ အသင္းကို ထူးရွယ္ ျဖစ္ေနေစတာပါ။

သမိုင္းမွာ အေကာင္းဆံုးေသာ အသင္းေတြကို ျပန္ၾကည့္ပါ။ ဒီကလပ္ကို ခမ္းနားတဲ့အသင္းျဖစ္လာေအာင္ ၾကိဳးစားခဲ့ၾကတဲ့ လီဗာပူးအသင္းေဟာင္းေတြကို ျပန္ၾကည့္ပါ။ သူတို႔က တစ္ၾကိမ္တည္း မဟုတ္ဘဲ ႏွစ္တိုင္းမွာ ဆုဖလားကို အႏုိင္ယူၾကပါတယ္။ အဲ့တာက က််ေန္ာတို႔ရဲ႕ ရည္မွန္းခ်က္ပဲျဖစ္ပါတယ္။

မႏွစ္ကရာသီ မတိုင္ခင္တုန္းက က်ေန္ာတို႔က ရမွတ္ တစ္မွတ္တည္းနဲ႔ အမွတ္ေပးဖလားကို ဆံုးရံွဴးခဲ့တယ္။ လူေတြက က်ေန္ာတို႔ကို ၾကည့္ျပီး ‘မင္းတို႔ ဒီထက္ပိုျပီး ဘာလုပ္ႏုိင္မွာလဲ?’ လို႔ ေမးခြန္းထုတ္ၾကတယ္။ ‘၉၇ မွတ္နဲ႔ေတာင္ မင္းတို႔ ခ်န္ပီယံမျဖစ္ေသးတာကြာ ဘာေတြမ်ား ပိုျပီး တိုးတက္လာမလဲ?’ လို႔ ေမးခြန္းထုတ္ခံခဲ့ရတယ္။

ဒါေပမယ့္ က်ေန္ာတို႔ ေခါင္းေတြကို ငံု႔ထားျပီး အလုပ္ကိုပဲ ပိုျပီး ၾကိဳးစားလုပ္ခဲ့ၾကတယ္။ က်ေနာ္တို႔ ေရာက္ခဲ့တဲ့အတိုင္း ထပ္ျပီး သြားလိုခဲ့ၾကတယ္။ အဲ့တာက အရမ္းခက္ပါတယ္။ ကိုယ္ဘာသာ ေမးခြန္း ႏွစ္ခုပဲ ထုတ္လို႔ ရပါတယ္။ ‘ငါတို႔ ထပ္လုပ္ႏုိင္ပါ့မလား?’ ဆိုတဲ့ သံသယေမးခြန္းနဲ႔ ‘ေခါင္းေတြကို ငံု႔ထားျပီး ထပ္ျပီးပဲ ၾကိဳးစားမလား’ ဆိုတဲ့ ခိုင္မာတဲ့ စိတ္ဓါတ္ ျဖစ္ပါတယ္။ ” လို႔ ဆိုခဲ့တယ္။

ခ်ိန္ဘာလိန္ ေျပာခဲ့သလိုပဲ လီဗာပူးဟာ မာေက်ာတဲ့ စိတ္ဓါတ္နဲ႔ ျပိင္ပြဲထဲကို ျပန္ဝင္လာခဲ့ျပီး အမွတ္ေပးဖလားကို ဆုပ္ကိုင္ႏုိင္ခဲ့တယ္။ လူတိုင္းက မလြယ္ဘူးဆိုတဲ့ ကိစၥကို လုပ္ျပႏုိင္ခဲ့ေပမယ့္ အားလံုးက အစကေန ျပန္စခဲ့ရပါျပီ။

ခ်ိန္ဘာလိန္ကပဲ “ ပရီးမီးယားလိဂ္ဖလား ေအာင္ျမင္ခဲ့တာ အရမ္းေကာင္းပါတယ္။ ဒါေပမယ့္ အဲ့တာက ျပီးသြားပါျပီ။ ေအာင္ျမင္မႈကို ျပန္ၾကည့္မယ္ဆိုရင္ က်ေန္ာတို႔ ဘာလို႔ ေအာင္ျမင္ခဲ့သလဲ။ ဘာလို႔လည္းဆိုေတာ့ အာရံုစိုက္မႈကို မေလ်ာ့လိုက္လို႔ပါပဲ။ က်ေန္ာတို႔က အျမဲတမ္း ေနာက္ထပ္ အသင္းက ဘာအသင္းလဲလို႔ ေတြးေနၾကတယ္။ အခုခ်ိန္မွာလည္း အဲ့လိုပါပဲ။

အသင္းအေနနဲ႔ က်ေန္ာတို႔က ခ်န္ပီယံေတြလို႔ မခံစားရဘူး။ က်ေန္ာတို႔ ခ်န္ပီယံေတြဆိုတာ သိပါတယ္။ သမိုင္းစာအုပ္ထဲမွာ က်ေန္ာတို႔ နာမည္ေတြ ပါခဲ့ျပီဆိုတာကိုလည္း သိတယ္။ အဲ့အတြက္လည္း က်ေန္ာတို႔ ရထားတဲ့ ဆုတံဆိပ္ေတြက သတိေပးေနတယ္။ ဒါေပမယ့္ က်ေန္ာတို႔ ဆက္ျပီး တည္ေဆာက္ရမယ္၊ ဘယ္သူကမွ ခ်န္ပီယံေတြ၊ ငါတို႔က ခ်န္ပီယံေတြဆိုျပီး ျဖစ္မေနပါဘူး။ အဲ့လိုပဲ ျဖစ္သင့္တာပါ ” လို႔ ဆိုခဲ့တာ ျဖစ္ပါတယ္။