လီဗာပူးအသင်းဟာ လာမယ့် ပရီးမီးယားလိဂ် ပွဲစဉ် ၂ နဲ့ ပွဲစဉ် ၃ မှာတော့ ချယ်ဆီး၊ အာဆင်နယ်တို့နဲ့ ဆက်တိုက် ယှဉ်ပြိုင်ရမှာဖြစ်ပြီး ပွဲစဉ် ၂ ခုကြားမှာတော့ ကာရာဘောင်းဖလားပွဲ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

စက်တင်ဘာလ ၂၃ ရက်နေ့မှာ ယှဉ်ပြိုင်ရမယ့် ကာရာဘောင်းဖလား တတိယအဆင့်မှာတော့ လီဗာပူးဟာ Lincoln အသင်းနဲ့ ယှဉ်ပြိုင်ရမယ်လို့ အတည်ပြုနိုင်ခဲ့ပြီဖြစ်ပါတယ်။ ဒီပွဲဟာ ချယ်ဆီးနဲ့ အာဆင်နယ် ပွဲတွေကြားမှာ ယှဉ်ပြိုင်ရမှာဖြစ်လို့ မန်နေဂျာကလော့ပ်က အရန်ကစားသမားတွေကို ပွဲထုတ်ဖွယ်ရှိတယ်။

ချယ်ဆီးနဲ့ပွဲမှာတော့ ပထမအပတ်က လူစာရင်းကိုပဲ ထုတ်သုံးဦးမှာဖြစ်ကာ မာတစ်၊ မီနာမီနို၊ မီလ်နာ၊ အတ်ဒရီယန်တို့ဟာ အရန်စာရင်းမှာ ပါဝင်နေမှာပါ။ အဝေးကွင်းကို သွားရောက်ရမယ့် ချယ်ဆီးပွဲအတွက် ချိန်ဘာလိန်ကလွဲရင် စီနီယာကစားသမားတွေ အားလုံးက ပါဝင်ကစားပေးဖို့ အဆင်သင့် ရှိနေပါတယ်။

ရာသီအစမှာတင် ကစားသမားတွေ ပွဲပန်းမှုကို ဖြေရှင်းပေးနိုင်ဖို့ကော အရန်ကစားသမားနဲ့ လူငယ်တွေကို စမ်းသပ် သုံးစွဲဖို့အတွက်ပါ ကာရာဘောင်းပွဲမှာ အဓိက ကစားသမားတွေ အနားပေးမှာဖြစ်တယ်။ အခုချိန်ထိ အသင်းသစ်တွေ မရသေးတဲ့ ဂရုဂျစ်၊ ဝဲလ်ဆန်။ ဘရူးစတားတို့ကလည်း အခြားသော လူငယ်တွေဖြစ်တဲ့ ဝီလီယမ်၊ ဂျုံးနဲ့ အီလီယော့နည်းတူ ကာရာဘောင်းပွဲမှာ ကစားခွင့်ရဖွယ် ရှိပါတယ်။

တနင်္ဂနွေနေ့က အန်ဖီးကွင်းမှာပဲ လီဗာပူးအသင်းဟာ ဟက်ဒါဖီးအသင်းနဲ့ ခြေစမ်းပွဲ ကစားခဲ့ပြီး လိဒ်ယူနိုက်တက်နဲ့ပွဲမှာ ပွဲထွက်ကစားရခြင်း မရှိတဲ့ အသင်းသားတွေ ပါဝင်ခဲ့ကြတယ်။ မီနာမီနို ဂိုးသွင်းနိုင်ခဲ့တဲ့ အဆိုပါပွဲမှာ ဒဏ်ရာက ပြန်သက်သာလာတဲ့ ရှာကွီရီလည်း ပါဝင်ကစားနိုင်ခဲ့ပါတယ်။

ကာရာဘောင်းမှာ Lincoln ကို အနိုင်ယူပြီး စတုတ္ထအဆင့်ကို တက်ရောက်နိုင်ခဲ့ရင် နောက်ထပ်သော နိုင်ငံတကာ သီတင်းပတ် ရောက်မလာခင် စက်တင်ဘာလအတွင်းမှာ လီဗာပူးက ပွဲပေါင်း ၅ ပွဲ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ လာမယ့္ ပရီးမီးယားလိဂ္ ပြဲစဥ္ ၂ နဲ႔ ပြဲစဥ္ ၃ မွာေတာ့ ခ်ယ္ဆီး၊ အာဆင္နယ္တို႔နဲ႔ ဆက္တိုက္ ယွဥ္ျပိဳင္ရမွာျဖစ္ျပီး ပြဲစဥ္ ၂ ခုၾကားမွာေတာ့ ကာရာေဘာင္းဖလားပြဲ ယွဥ္ျပိဳင္ရမွာျဖစ္ပါတယ္။

စက္တင္ဘာလ ၂၃ ရက္ေန႔မွာ ယွဥ္ျပိဳင္ရမယ့္ ကာရာေဘာင္းဖလား တတိယအဆင့္မွာေတာ့ လီဗာပူးဟာ Lincoln အသင္းနဲ႔ ယွဥ္ျပိဳင္ရမယ္လို႔ အတည္ျပဳႏုိင္ခဲ့ျပီျဖစ္ပါတယ္။ ဒီပြဲဟာ ခ်ယ္ဆီးနဲ႔ အာဆင္နယ္ ပြဲေတြၾကားမွာ ယွဥ္ျပိဳင္ရမွာျဖစ္လို႔ မန္ေနဂ်ာကေလာ့ပ္က အရန္ကစားသမားေတြကို ပြဲထုတ္ဖြယ္ရွိတယ္။

ခ်ယ္ဆီးနဲ႔ပြဲမွာေတာ့ ပထမအပတ္က လူစာရင္းကိုပဲ ထုတ္သံုးဦးမွာျဖစ္ကာ မာတစ္၊ မီနာမီႏို၊ မီလ္နာ၊ အတ္ဒရီယန္တို႔ဟာ အရန္စာရင္းမွာ ပါဝင္ေနမွာပါ။ အေဝးကြင္းကို သြားေရာက္ရမယ့္ ခ်ယ္ဆီးပြဲအတြက္ ခ်ိန္ဘာလိန္ကလြဲရင္ စီနီယာကစားသမားေတြ အားလံုးက ပါဝင္ကစားေပးဖို႔ အဆင္သင့္ ရွိေနပါတယ္။

ရာသီအစမွာတင္ ကစားသမားေတြ ပြဲပန္းမႈကို ေျဖရွင္းေပးႏုိင္ဖို႔ေကာ အရန္ကစားသမားနဲ႔ လူငယ္ေတြကို စမ္းသပ္ သံုးစြဲဖို႔အတြက္ပါ ကာရာေဘာင္းပြဲမွာ အဓိက ကစားသမားေတြ အနားေပးမွာျဖစ္တယ္။ အခုခ်ိန္ထိ အသင္းသစ္ေတြ မရေသးတဲ့ ဂရုဂ်စ္၊ ဝဲလ္ဆန္။ ဘရူးစတားတို႔ကလည္း အျခားေသာ လူငယ္ေတြျဖစ္တဲ့ ဝီလီယမ္၊ ဂ်ံဳးနဲ႔ အီလီေယာ့နည္းတူ ကာရာေဘာင္းပြဲမွာ ကစားခြင့္ရဖြယ္ ရွိပါတယ္။

တနဂၤေႏြေန႔က အန္ဖီးကြင္းမွာပဲ လီဗာပူးအသင္းဟာ ဟက္ဒါဖီးအသင္းနဲ႔ ေျခစမ္းပြဲ ကစားခဲ့ျပီး လိဒ္ယူႏုိက္တက္နဲ႔ပြဲမွာ ပြဲထြက္ကစားရျခင္း မရွိတဲ့ အသင္းသားေတြ ပါဝင္ခဲ့ၾကတယ္။ မီနာမီႏို ဂိုးသြင္းႏုိင္ခဲ့တဲ့ အဆိုပါပြဲမွာ ဒဏ္ရာက ျပန္သက္သာလာတဲ့ ရွာကီြရီလည္း ပါဝင္ကစားႏုိင္ခဲ့ပါတယ္။

ကာရာေဘာင္းမွာ Lincoln ကို အႏုိင္ယူျပီး စတုတၳအဆင့္ကို တက္ေရာက္ႏုိင္ခဲ့ရင္ ေနာက္ထပ္ေသာ ႏုိင္ငံတကာ သီတင္းပတ္ ေရာက္မလာခင္ စက္တင္ဘာလအတြင္းမွာ လီဗာပူးက ပြဲေပါင္း ၅ ပြဲ ယွဥ္ျပိဳင္ကစားရမွာ ျဖစ္ပါတယ္။