စကိုင်းစပေါ့မှ အားကစားသုံးသပ်သူ ပေါလ်မာဆန်က လီဗာပူးအသင်းဟာ ဒီပုံစံအတိုင်း ရာသီသစ်ကို စတင်မယ်ဆိုရင် အဆင့်လေးနေရာကို ကျဆင်းသွားလိမ့်မယ်လို့ မှတ်ချက်ပေးလိုက်ပါတယ်။

ပရီးမီးယားလိဂ် ချန်ပီယံ လီဗာပူးအသင်းဟာ ချန်ပီယံဆုကို ကာကွယ်ဖို့အတွက် ကစားသမား အင်အားဖြည့်မှုကြီးတွေ မလုပ်ခြင်းကို အားကစားသုံးသပ်သူတွေက အတော်လေး သဘောမတွေ့ ဖြစ်နေကြတာပါ။ သူတို့ကတော့ လီဗာပူးက လူသစ်ခေါ်ယူမှုကို လုပ်သင့်ပြီး မဟုတ်ရင်တော့ အဆင့်အများကြီး ကျဆင်းသွားမယ်လို့ ဆိုကြပါတယ်။

ပေါလ်မာဆန်က ပြောရာမှာ ” လိဒ်ယူနိုက်တက်ကို ရင်ဆိုင်ကစားတဲ့ပွဲမှာ လီဗာပူးအသင်းက သွင်းဂိုးတွေကို ခပ်လွယ်လွယ် ခွင့်ပြုပေးလိုက်ရတာမြင်တော့ ကျနော်က ဝိုးး ဆိုပြီး ဖြစ်ခဲ့တာပေါ့။ ကျနော် မြင်တာတော့ သူတို့က ပြိုင်ဘက်ကို ဂိုးခပ်လွယ်လွယ် ပေးရတဲ့ အနေအထားကို ပြောင်းလဲသွားခဲ့တယ်။

လီဗာပူးအသင်းက ခေါ်ယူမှု အသစ်တွေ ပြုလုပ်ဖို့ လိုအပ်ပါတယ်။ ဒီရာသီ လီဗာပူးအသင်း အမှတ်ပေးဇယားရဲ့ အဆင့်လေးလောက်နဲ့ ရာသီသိမ်းရင်တောင် ကျနော်ကတော့ အံ့သြမှာ မဟုတ်ပါဘူး။ ဒါကို လိဒ်ယူနိုက်တက်နဲ့ပွဲ မတိုင်ခင်တည်းက ခံစားမိနေတာ ဖြစ်ပါတယ်။

လီဗာပူးအသင်းက တူညီတဲ့ အသင်းနဲ့ ဖြစ်သလို အပတ်တိုင်း တူညီတဲ့ လူစာရင်းနဲ့ပဲ ပွဲထွက်ပါတယ်။ သူတို့အသင်းမှာ ဗန်ဒိုက် ဒဏ်ရာရလို့ မဖြစ်သလို အစွန်သမားတွေနဲ့ တိုက်စစ်သမား သုံးဦး ဒဏ်ရာရရင် အစားထိုးစရာ မရှိပါဘူး။ လီဗာပူးက ထိပ်ဆုံးမှာ ဆက်နေလိုတယ်ဆိုရင် ရင်းနှီးမြုပ်နှံမှုတွေ ဆက်လုပ်ဖို့ လိုပါတယ်။ ” လို့ ဆိုတယ်။

မန်စီးတီးအသင်းက လီဗာပူးအသင်းထက် လူစာရင်း တောင့်တင်းပြီး လက်ရှိ လီဗာပူးအသင်းဟာ ပွဲထွက် ၁၁ ဦးထဲက ကစားသမား အများအပြားကို မှီခိုနေရကာ သူတို့ ဒဏ်ရာရရင် အခက်တွေ့နိုင်တယ်လို့ ပေါလ်မာဆန်က ဆက်ပြောပါတယ်။

သူကပဲ ” မန်စီးတီးအသင်းက သူတို့ရဲ့ အဓိက ကစားသမားတွေ ဒဏ်ရာရနေမယ်ဆိုရင်လည်း ဆက်ပြီး ယှဉ်ပြိုင်နိုင်စွမ်း ရှိပါတယ်။ ပွဲထွက် လူစာရင်းထက် ဂိုးပိုသွင်းနိုင်ဖို့ ကြိုးစားမယ့် ကစားသမားကောင်းတွေကိုလည်း ပိုင်ဆိုင်ထားတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီ နောက်ပိုင်း အချိန်တွေမှာ မန်စီးတီးက ပြိုင်ပွဲကို ပြင်းပြင်းထန်ထန် ဝင်ရောက်လာနိုင်ခဲ့တာ ဒီလူစာရင်း တောင့်တင်းမှုကြောင့်ပါပဲ။

မန်စီးတီးရဲ့ လူစာရင်း တောင့်တင်းမှုကြောင့် လီဗာပူးရဲ့ လူစာရင်းအပေါ် စိုးရိမ်မိပါတယ်။ သူတို့မှာ ပထမအသင်းသား ၆ ဦးလောက်ထိက အပတ်တိုင်း ကစားပေးဖို့ လိုပါတယ်။ ပရီးမီးယားလိဂ်က ကမ္ဘာပေါ်မှာ ပြိုင်ဆိုင်မှု အပြင်းထန်ဆုံး လိဂ်ပြိုင်ပွဲဖြစ်ပြီး ဒီမှာ ကစားဖို့ဆိုရင် ကြံ့ခိုင်နေဖို့ အရေးကြီးပါတယ်။ ပရီးမီးယားလိဂ်က မြန်နှုန်းမြင့် ကစားကြတာဖြစ်ပြီး ဘောလုံးပေးမှုကောင်းတွေ လုပ်ဖို့တောင် ကြံ့ခိုင်မှု ကောင်းနေဖို့ လိုပါတယ် ” ဆိုပြီး သုံးသပ်သွားပါတယ်။

ZAWGYI

စကိုင္းစေပါ့မွ အားကစားသံုးသပ္သူ ေပါလ္မာဆန္က လီဗာပူးအသင္းဟာ ဒီပံုစံအတိုင္း ရာသီသစ္ကို စတင္မယ္ဆိုရင္ အဆင့္ေလးေနရာကို က်ဆင္းသြားလိမ့္မယ္လို႔ မွတ္ခ်က္ေပးလိုက္ပါတယ္။

ပရီးမီးယားလိဂ္ ခ်န္ပီယံ လီဗာပူးအသင္းဟာ ခ်န္ပီယံဆုကို ကာကြယ္ဖို႔အတြက္ ကစားသမား အင္အားျဖည့္မႈၾကီးေတြ မလုပ္ျခင္းကို အားကစားသံုးသပ္သူေတြက အေတာ္ေလး သေဘာမေတြ႔ ျဖစ္ေနၾကတာပါ။ သူတို႔ကေတာ့ လီဗာပူးက လူသစ္ေခၚယူမႈကို လုပ္သင့္ျပီး မဟုတ္ရင္ေတာ့ အဆင့္အမ်ားၾကီး က်ဆင္းသြားမယ္လို႔ ဆိုၾကပါတယ္။

ေပါလ္မာဆန္က ေျပာရာမွာ ” လိဒ္ယူႏုိက္တက္ကို ရင္ဆိုင္ကစားတဲ့ပြဲမွာ လီဗာပူးအသင္းက သြင္းဂိုးေတြကို ခပ္လြယ္လြယ္ ခြင့္ျပဳေပးလိုက္ရတာျမင္ေတာ့ က်ေနာ္က ဝိုးး ဆိုျပီး ျဖစ္ခဲ့တာေပါ့။ က်ေနာ္ ျမင္တာေတာ့ သူတို႔က ျပိဳင္ဘက္ကို ဂိုးခပ္လြယ္လြယ္ ေပးရတဲ့ အေနအထားကို ေျပာင္းလဲသြားခဲ့တယ္။

လီဗာပူးအသင္းက ေခၚယူမႈ အသစ္ေတြ ျပဳလုပ္ဖို႔ လိုအပ္ပါတယ္။ ဒီရာသီ လီဗာပူးအသင္း အမွတ္ေပးဇယားရဲ႕ အဆင့္ေလးေလာက္နဲ႔ ရာသီသိမ္းရင္ေတာင္ က်ေနာ္ကေတာ့ အံ့ၾသမွာ မဟုတ္ပါဘူး။ ဒါကို လိဒ္ယူႏုိက္တက္နဲ႔ပြဲ မတိုင္ခင္တည္းက ခံစားမိေနတာ ျဖစ္ပါတယ္။

လီဗာပူးအသင္းက တူညီတဲ့ အသင္းနဲ႔ ျဖစ္သလို အပတ္တိုင္း တူညီတဲ့ လူစာရင္းနဲ႔ပဲ ပြဲထြက္ပါတယ္။ သူတို႔အသင္းမွာ ဗန္ဒိုက္ ဒဏ္ရာရလို႔ မျဖစ္သလို အစြန္သမားေတြနဲ႔ တိုက္စစ္သမား သံုးဦး ဒဏ္ရာရရင္ အစားထိုးစရာ မရွိပါဘူး။ လီဗာပူးက ထိပ္ဆံုးမွာ ဆက္ေနလိုတယ္ဆိုရင္ ရင္းႏွီးျမဳပ္ႏွံမႈေတြ ဆက္လုပ္ဖို႔ လိုပါတယ္။ ” လို႔ ဆိုတယ္။

မန္စီးတီးအသင္းက လီဗာပူးအသင္းထက္ လူစာရင္း ေတာင့္တင္းျပီး လက္ရွိ လီဗာပူးအသင္းဟာ ပြဲထြက္ ၁၁ ဦးထဲက ကစားသမား အမ်ားအျပားကို မွီခိုေနရကာ သူတို႔ ဒဏ္ရာရရင္ အခက္ေတြ႔ႏုိင္တယ္လို႔ ေပါလ္မာဆန္က ဆက္ေျပာပါတယ္။

သူကပဲ ” မန္စီးတီးအသင္းက သူတို႔ရဲ႕ အဓိက ကစားသမားေတြ ဒဏ္ရာရေနမယ္ဆိုရင္လည္း ဆက္ျပီး ယွဥ္ျပိဳင္ႏုိင္စြမ္း ရွိပါတယ္။ ပြဲထြက္ လူစာရင္းထက္ ဂိုးပိုသြင္းႏုိင္ဖို႔ ၾကိဳးစားမယ့္ ကစားသမားေကာင္းေတြကိုလည္း ပိုင္ဆိုင္ထားတယ္။ ျပီးခဲ့တဲ့ ေဘာလံုးရာသီ ေနာက္ပိုင္း အခ်ိန္ေတြမွာ မန္စီးတီးက ျပိဳင္ပြဲကို ျပင္းျပင္းထန္ထန္ ဝင္ေရာက္လာႏုိင္ခဲ့တာ ဒီလူစာရင္း ေတာင့္တင္းမႈေၾကာင့္ပါပဲ။

မန္စီးတီးရဲ႕ လူစာရင္း ေတာင့္တင္းမႈေၾကာင့္ လီဗာပူးရဲ႕ လူစာရင္းအေပၚ စိုးရိမ္မိပါတယ္။ သူတို႔မွာ ပထမအသင္းသား ၆ ဦးေလာက္ထိက အပတ္တိုင္း ကစားေပးဖို႔ လိုပါတယ္။ ပရီးမီးယားလိဂ္က ကမၻာေပၚမွာ ျပိဳင္ဆိုင္မႈ အျပင္းထန္ဆံုး လိဂ္ျပိဳင္ပြဲျဖစ္ျပီး ဒီမွာ ကစားဖို႔ဆိုရင္ ၾကံ႕ခိုင္ေနဖို႔ အေရးၾကီးပါတယ္။ ပရီးမီးယားလိဂ္က ျမန္ႏႈန္းျမင့္ ကစားၾကတာျဖစ္ျပီး ေဘာလံုးေပးမႈေကာင္းေတြ လုပ္ဖို႔ေတာင္ ၾကံ႕ခိုင္မႈ ေကာင္းေနဖို႔ လိုပါတယ္ ” ဆိုျပီး သံုးသပ္သြားပါတယ္။