ကိုင်ဟာဗက်နဲ့ တီမိုဝါနာ နောက်ပိုင်း နောက်ထပ် ချယ်ဆီးကစားသမားက လီဗာပူးကို နာကျင်အောင် လုပ်ပြမယ်ဆိုပြီး ကြွေးကြော်လာပြန်ပါတယ်။

တနင်္ဂနွေနေ့ ယှဉ်ပြိုင်ရမယ့် လီဗာပူးနဲ့ပွဲ မတိုင်ခင်မှာ ချယ်ဆီးကစားသမားတွေက အတော်လေး သွေးကြနေပုံရပါတယ်။ ချယ်ဆီးကစားသမားတွေက လီဗာပူးကို အနိုင်ယူမယ့် အကြောင်းတွေကို ထုတ်ပြောနေသလို ဇူးမားကတော့ လီဗာပူးတိုက်စစ်သမားတွေဖြစ်တဲ့ ဆာလက်၊ ဖာမင်နို၊ မာနေးတို့ကို ယှဉ်ပြိုင်နိုင်စွမ်းရှိတယ်လို့ ဆိုလာတာဖြစ်တယ်။

ဇူးမားက “ လီဗာပူးမှာ သိပ်ကောင်းတဲ့ တိုက်စစ်သမား သုံးယောက် ရှိပါတယ်။ ဒါပေမယ့် ကျနေ်ာတို့မှာလည်း တိုက်စစ် လက်နက်ကောင်းတွေ ပိုင်ဆိုင်ထားပါတယ်။ လီဗာပူးကို နာကျင်အောင် ကျနေ်ာတို့ လုပ်နိုင်တယ်။ သိပ်ကောင်းတဲ့ ပွဲကောင်းလည်း ဖြစ်လာပါလိမ့်မယ်။

မနှစ်တုန်းက လီဗာပူးက လိဂ်ကို ပြီးပြည့်စုံစွာ လွှမ်းမိုး ကစားနိုင်ခဲ့တယ်။ သူတို့က အမှတ်ပေးဖလား အောင်မြင်ဖို့ ကောင်းမွန်တဲ့ လမ်းကြောင်းလည်း ရှိခဲ့တယ်။ သူတို့က တော်ရုံလည်း အရေးမနိမ့်တဲ့ အသင်းဖြစ်ပါတယ်။ ဒါပေမယ့် ဒီရာသီက ရာသီသစ်ပါ။ အားလုံးက သုညကနေ ပြန်စတင်တာပါ။ ကျနေ်ာတို့ ဘာလုပ်နိုင်လဲ အားလုံး မြင်စေရပါမယ် ” လို့ စိန်ခေါ်လာတာဖြစ်တယ်။

အပြောင်းအရွှေ့မှာ ပေါင် သန်း ၂၀၀ ကျော် အသုံးပြုထားတဲ့ ချယ်ဆီးဟာ ရာသီသစ်အတွက် အတော်လေး စိတ်အားထက်သန်နေတာပါ။ လက်ရှိ ချန်ပီယံ လီဗာပူးအတွက်ကလည်း နောက်ထပ်သော ချန်ပီယံဆုဖလားကို စိန်ခေါ်မယ့်အသင်းဆိုတာ ကြေညာမောင်းခတ်နိုင်ဖို့ ဒီလိုပွဲမျိုးတွေကို အကောင်းဆုံး ယှဉ်ပြိုင်ပြဖို့ လိုအပ်နေတာဖြစ်ပါတယ်။

ZAWGYI

ကိုင္ဟာဗက္နဲ႔ တီမိုဝါနာ ေနာက္ပိုင္း ေနာက္ထပ္ ခ်ယ္ဆီးကစားသမားက လီဗာပူးကို နာက်င္ေအာင္ လုပ္ျပမယ္ဆိုျပီး ေၾကြးေၾကာ္လာျပန္ပါတယ္။

တနဂၤေႏြေန႔ ယွဥ္ျပိဳင္ရမယ့္ လီဗာပူးနဲ႔ပြဲ မတိုင္ခင္မွာ ခ်ယ္ဆီးကစားသမားေတြက အေတာ္ေလး ေသြးၾကေနပံုရပါတယ္။ ခ်ယ္ဆီးကစားသမားေတြက လီဗာပူးကို အႏုိင္ယူမယ့္ အေၾကာင္းေတြကို ထုတ္ေျပာေနသလို ဇူးမားကေတာ့ လီဗာပူးတိုက္စစ္သမားေတြျဖစ္တဲ့ ဆာလက္၊ ဖာမင္ႏို၊ မာေနးတို႔ကို ယွဥ္ျပိဳင္ႏုိင္စြမ္းရွိတယ္လို႔ ဆိုလာတာျဖစ္တယ္။

ဇူးမားက “ လီဗာပူးမွာ သိပ္ေကာင္းတဲ့ တိုက္စစ္သမား သံုးေယာက္ ရွိပါတယ္။ ဒါေပမယ့္ က်ေန္ာတို႔မွာလည္း တိုက္စစ္ လက္နက္ေကာင္းေတြ ပိုင္ဆိုင္ထားပါတယ္။ လီဗာပူးကို နာက်င္ေအာင္ က်ေန္ာတို႔ လုပ္ႏုိင္တယ္။ သိပ္ေကာင္းတဲ့ ပြဲေကာင္းလည္း ျဖစ္လာပါလိမ့္မယ္။

မႏွစ္တုန္းက လီဗာပူးက လိဂ္ကို ျပီးျပည့္စံုစြာ လႊမ္းမိုး ကစားႏုိင္ခဲ့တယ္။ သူတို႔က အမွတ္ေပးဖလား ေအာင္ျမင္ဖို႔ ေကာင္းမြန္တဲ့ လမ္းေၾကာင္းလည္း ရွိခဲ့တယ္။ သူတို႔က ေတာ္ရံုလည္း အေရးမနိမ့္တဲ့ အသင္းျဖစ္ပါတယ္။ ဒါေပမယ့္ ဒီရာသီက ရာသီသစ္ပါ။ အားလံုးက သုညကေန ျပန္စတင္တာပါ။ က်ေန္ာတို႔ ဘာလုပ္ႏုိင္လဲ အားလံုး ျမင္ေစရပါမယ္ ” လို႔ စိန္ေခၚလာတာျဖစ္တယ္။

အေျပာင္းအေရႊ႔မွာ ေပါင္ သန္း ၂၀၀ ေက်ာ္ အသံုးျပဳထားတဲ့ ခ်ယ္ဆီးဟာ ရာသီသစ္အတြက္ အေတာ္ေလး စိတ္အားထက္သန္ေနတာပါ။ လက္ရွိ ခ်န္ပီယံ လီဗာပူးအတြက္ကလည္း ေနာက္ထပ္ေသာ ခ်န္ပီယံဆုဖလားကို စိန္ေခၚမယ့္အသင္းဆိုတာ ေၾကညာေမာင္းခတ္ႏုိင္ဖို႔ ဒီလိုပြဲမ်ိဳးေတြကို အေကာင္းဆံုး ယွဥ္ျပိဳင္ျပဖို႔ လိုအပ္ေနတာျဖစ္ပါတယ္။