လီဗာပူးအသင်းဟာ ဒီရာသီမှာတော့ အာဆင်နယ်ကို ကျော်တက်ပြီး အင်္ဂလန်ရဲ့ ဂျာစီရောင်းအား အကောင်းဆုံး အသင်းစာရင်းမှာ တတိယနေရာကို ရယူသွားဖို့ ရှိနေပါတယ်။

လီဗာပူးအသင်းရဲ့ Nike နဲ့ လက်တွဲမှုဟာ ကလပ်သမိုင်းမှာ ပထမဆုံးဖြစ်သလို အင်္ဂလန်ပြည်တွင်း ရောင်းချမှုမှာလည်း ရောင်းအကောင်းဆုံး ဂျာစီ ၁၀၀ စာရင်းထဲမှာ အာဆင်နယ်ကို ကျော်တက်ကာ ယူနိုက်တက်နဲ့ ချယ်ဆီးနောက် တတိယနေရာက ရပ်တည်သွားဖို့ ရှိနေပါတယ်။ ဒါပေမယ့်လို့ ဒါက မနှစ်ကထက်စာရင် အဆင့် ကျဆင်းသွားတာလို့ ပြောလို့ ရနိုင်ပါတယ်။

မနှစ်က လီဗာပူးနဲ့ New Balance တို့ရဲ့ ဂျာစီဟာ အင်္ဂလန်ပြည်တွင်းမှာ ပေါ်ပြူလာအဖြစ်ဆုံး ဂျာစီဖြစ်ခဲ့ကာ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီ ဂျာစီရောင်းအားက ၂၀၁၈-၂၀၁၉ ဘောလုံးရာသီရဲ့ နှစ်ဆထိ ရှိခဲ့ပါတယ်။ ဒီရာသီမှာတော့ ချယ်ဆီးအသင်းရဲ့ ဂျာစီ ရောင်အားက ၈၄% ထိ ထိုးတက်လာခဲ့ခြင်းကြောင့် လီဗာပူးဂျာစီဟာ တတိယနေရာကို ကျဆင်းသွားပါတယ်။

ဒီရာသီမှာ လီဗာပူးရဲ့ အိမ်ကွင်းဂျာစီ ရောင်းအားက မနှစ်ကထက် ၁၂% ကျဆင်းသွားတယ်၊ ဂိုးသမားဂျာစီက ၃၀% ရောင်းအား ကျဆင်းခဲ့ပါတယ်။ သို့သော်လည်း အဝေးကွင်းဂျာစီမှာတော့ သတင်းကောင်းရနေပြီး ဒုတိယအဝေးကွင်းဂျာစီက ရောင်းအား ၃၄% တက်လာခဲ့သလို ဗြိတိန်မှာ တောင်းဆိုမှု အများဆုံး ဂျာစီအဖြစ်လည်း ထိပ်ဆုံး ရောက်နေပါတယ်။

ချယ်ဆီးအသင်းက ကစားသမားသစ် များစွာ ခေါ်ယူထားခြင်းကြောင့် ရောင်းအား အရမ်းတက်နေတာကလွဲရင် ပရီးမီးယားလိဂ်ပရိသတ်တွေရဲ့ ဂျာစီဝယ်အားက ကျဆင်းနေတယ်လို့ သိရတယ်။ မနှစ်ကရာသီကြိုမှာ ပရီးမီးယားလိဂ်ကလပ်တွေရဲ့ အင်္ဂလန်ပြည်တွင်း ဂျာစီရောင်းအားက ပေါင် ၂၃.၉ သန်းထိ ရှိပေမယ့် ဒီရာသီမှာတော့ ပေါင် ၁၅ သန်း လျော့နည်းသွားတယ်လို့ ဆိုပါတယ်။

အင်္ဂလန်ပြည်တွင်းမှာ ဂျာစီသစ်ဝယ်ယူဖို့ ရှာဖွေမှုကလည်း ၂၀၁၉ ခုနှစ်နဲ့ ယှဉ်ရင် ၆၃% ထိ ကျဆင်းသွားပါတယ်။ ဒါကြောင့် Nike နဲ့ စာချုပ်မှာ ဂျာစီရောင်းအားအပေါ် မူတည်ပြီး ငွေကြေးရမယ့် လီဗာပူးက မျှော်လင့်သလို ပေါင် သန်း ၇၀ လောက်ထိ ရဖို့က ဖြစ်လာနိုင်ဖွယ် မရှိသေးပါဘူး။ သို့သော် ကပ်ဘေးကာလနဲ့ တွက်မယ်ဆိုရင် ရောင်းကောင်းတဲ့ ဂျာစီရောင်းအားကိုတော့ ပိုင်ဆိုင်ဆဲဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ ဒီရာသီမွာေတာ့ အာဆင္နယ္ကို ေက်ာ္တက္ျပီး အဂၤလန္ရဲ႕ ဂ်ာစီေရာင္းအား အေကာင္းဆံုး အသင္းစာရင္းမွာ တတိယေနရာကို ရယူသြားဖို႔ ရွိေနပါတယ္။

လီဗာပူးအသင္းရဲ႕ Nike နဲ႔ လက္တြဲမႈဟာ ကလပ္သမိုင္းမွာ ပထမဆံုးျဖစ္သလို အဂၤလန္ျပည္တြင္း ေရာင္းခ်မႈမွာလည္း ေရာင္းအေကာင္းဆံုး ဂ်ာစီ ၁၀၀ စာရင္းထဲမွာ အာဆင္နယ္ကို ေက်ာ္တက္ကာ တတိယေနရာက ရပ္တည္သြားဖို႔ ရွိေနပါတယ္။ ဒါေပမယ့္လို႔ ဒါက မႏွစ္ကထက္စာရင္ အဆင့္ က်ဆင္းသြားတာလို႔ ေျပာလို႔ ရႏိုင္ပါတယ္။

မႏွစ္က လီဗာပူးနဲ႔ New Balance တို႔ရဲ႕ ဂ်ာစီဟာ အဂၤလန္ျပည္တြင္းမွာ ေပၚျပဴလာအျဖစ္ဆံုး ဂ်ာစီျဖစ္ခဲ့ကာ ၂၀၁၉-၂၀၂၀ ေဘာလံုးရာသီ ဂ်ာစီေရာင္းအားက ၂၀၁၈-၂၀၁၉ ေဘာလံုးရာသီရဲ႕ ႏွစ္ဆထိ ရွိခဲ့ပါတယ္။ ဒီရာသီမွာေတာ့ ခ်ယ္ဆီးအသင္းရဲ႕ ဂ်ာစီ ေရာင္အားက ၈၄% ထိ ထိုးတက္လာခဲ့ျခင္းေၾကာင့္ လီဗာပူးဂ်ာစီဟာ တတိယေနရာကို က်ဆင္းသြားပါတယ္။

ဒီရာသီမွာ လီဗာပူးရဲ႕ အိမ္ကြင္းဂ်ာစီ ေရာင္းအားက မႏွစ္ကထက္ ၁၂% က်ဆင္းသြားတယ္၊ ဂိုးသမားဂ်ာစီက ၃၀% ေရာင္းအား က်ဆင္းခဲ့ပါတယ္။ သို႔ေသာ္လည္း အေဝးကြင္းဂ်ာစီမွာေတာ့ သတင္းေကာင္းရေနျပီး ဒုတိယအေဝးကြင္းဂ်ာစီက ေရာင္းအား ၃၄% တက္လာခဲ့သလို ျဗိတိန္မွာ ေတာင္းဆိုမႈ အမ်ားဆံုး ဂ်ာစီအျဖစ္လည္း ထိပ္ဆံုး ေရာက္ေနပါတယ္။

ခ်ယ္ဆီးအသင္းက ကစားသမားသစ္ မ်ားစြာ ေခၚယူထားျခင္းေၾကာင့္ ေရာင္းအား အရမ္းတက္ေနတာကလြဲရင္ ပရီးမီးယားလိဂ္ပရိသတ္ေတြရဲ႕ ဂ်ာစီဝယ္အားက က်ဆင္းေနတယ္လို႔ သိရတယ္။ မႏွစ္ကရာသီၾကိဳမွာ ပရီးမီးယားလိဂ္ကလပ္ေတြရဲ႕ အဂၤလန္ျပည္တြင္း ဂ်ာစီေရာင္းအားက ေပါင္ ၂၃.၉ သန္းထိ ရွိေပမယ့္ ဒီရာသီမွာေတာ့ ေပါင္ ၁၅ သန္း ေလ်ာ့နည္းသြားတယ္လို႔ ဆိုပါတယ္။

အဂၤလန္ျပည္တြင္းမွာ ဂ်ာစီသစ္ဝယ္ယူဖို႔ ရွာေဖြမႈကလည္း ၂၀၁၉ ခုႏွစ္နဲ႔ ယွဥ္ရင္ ၆၃% ထိ က်ဆင္းသြားပါတယ္။ ဒါေၾကာင့္ Nike နဲ႔ စာခ်ဳပ္မွာ ဂ်ာစီေရာင္းအားအေပၚ မူတည္ျပီး ေငြေၾကးရမယ့္ လီဗာပူးက ေမွ်ာ္လင့္သလို ေပါင္ သန္း ၇၀ ေလာက္ထိ ရဖို႔က ျဖစ္လာႏုိင္ဖြယ္ မရွိေသးပါဘူး။ သို႔ေသာ္ ကပ္ေဘးကာလနဲ႔ တြက္မယ္ဆိုရင္ ေရာင္းေကာင္းတဲ့ ဂ်ာစီေရာင္းအားကိုေတာ့ ပိုင္ဆိုင္ဆဲျဖစ္ပါတယ္။