၂၀၁၈ ခုနှစ်နောက်ပိုင်းမှာ ဗန်ဒိုက်ဟာ ဂိုးပေးရဖို့ အမှားအများဆုံး လုပ်ထားတဲ့ ခံစစ်သမားဖြစ်ပြီး ပရီးမီးယားလိဂ် ကစားသမားတွေထဲမှာ အမြင့်ဆုံးဆိုတဲ့ အချက်အလက် ထွက်ပေါ်နေတာကို သိကြမှာပါ။

အားကစားသုံးသပ်သူတွေက ဗန်ဒိုက်ဟာ အမှားတွေ သိပ်မှားသူဖြစ်ကာ သူ့ကြောင့် လီဗာပူးခံစစ်က ယိုင်နဲ့နေသယောင်ယောင် ပြောဆိုနေကြတယ်။ ဒါဟာ အမြင်များအောင် အချက်အလက်နဲ့ လှည့်စားထားတဲ့ သက်သေပြချက် တစ်ခုပဲဖြစ်ပါတယ်။ ဗန်ဒိုက်နဲ့ ပက်သက်ပြီး ဝေဖန်နေတဲ့ အချက်အလက်က အထင်မှားအောင် လှည့်စားထားခြင်းဆိုတာကို ဒေတာသုံးသပ်သူ Dan Kennet က အခုလို ရှင်းပြပါတယ်။

၂၀၁၈ ခုနှစ်နောက်ပိုင်း ပရီးမီးယားလိဂ်မှာ ဗန်ဒိုက်ဟာ အမှားအများဆုံး ကစားသမားဆိုတဲ့ အချက်က မမှန်ပါဘူး။ ပရီးမီးယားလိဂ်မှာ ဗန်ဒိုက်ထက် အမှားပိုများတဲ့ ကစားသမားတွေက အများကြီး ရှိပါတယ်။ တကယ်တမ်းက ဗန်ဒိုက်ဟာ ပြိုင်ဘက်ကို ကန်သွင်းခွင့်ပေးရနိုင်တဲ့ အမှား ၄ ကြိမ်လုပ်ခဲ့ပြီး အဲ့ထဲက ၇၅% က ဂိုးတွေ ပေးခဲ့ရပါတယ်။

တူညီတဲ့ အမှားမျိုးကို ဝုဗ်အသင်းဟာ ဝီလီဘိုလီက ၉ ကြိမ်ထိ မှားခဲ့ပြီး ဂိုးမပေးခဲ့ရဘူး။ လက်စတာမှ ဂျွန်နီ အီဗန်းကလည်း အမှား ၇ ကြိမ်လုပ်ထားပြီး ဂိုးမပေးရပါဘူး။ စပါးမှ ဆန်းချက်ကလည်း အမှား ၇ ကြိမ်လုပ်ခဲ့ကာ တစ်ဂိုးပဲ ခွင့်ပြုခဲ့ရပါတယ်။

ဗန်ဒိုက်ဟာ ပွဲပေါင်း ၂၀ မှာ တစ်ကြိမ်နှုန်း အမှားလုပ်ခဲ့မိတယ်။ တူညီတဲ့ ပွဲအရည်အတွက်မှာ ကစားသမားပေါင်း ၁၈၄ ဦးက ဗန်ဒိုက်ထက် အမှားပိုများပါတယ်။ အဲ့ထဲမှာတော့ ယူနိုက်တက် အသင်းခေါင်းဆောင် မက်ဂွဲရားလည်း ပါဝင်ထားတယ်။ သို့သော် ဗန်ဒိုက် နည်းပါးစွာ လုပ်မိတဲ့ အမှား ၄ ကြိမ်ထဲက ၃ ကြိမ်ဟာ ပေးဂိုးပေးရတဲ့ထိ ဖြစ်ခဲ့ပါတယ်။

ကမ္ဘာအကောင်းဆုံး ခံစစ်သမားတစ်ဦးအနေနဲ့ မမှားသင့်တဲ့ အမှားအချို့ကို ဗန်ဒိုက် လုပ်ခဲ့မိတာမျိုး ရှိခဲ့ပေမယ့် ၂၀၁၈ ခုနှစ်နောက်ပိုင်း အမှားအများဆုံး ခံစစ်သမားဆိုတာက အထင်မှားအောင် လှည့်စားတဲ့ အချက်အလက်ဖြင့် ဗန်ဒိုက်ကို ယိုးစွပ်ဝေဖန်နေကြခြင်း ဖြစ်ပါတယ်။

ဗန်ဒိုက်ရှိတဲ့ လီဗာပူးခံစစ်ရဲ့ ဂိုးပေးရနှုန်းဟာ မည်သည့် ပရီးမီးယားလိဂ်ပြိုင်ဘက် အသင်းထက်မဆို ကောင်းမွန်ခြင်းက ထွက်ပေါ်နေတဲ့ အချက်အလက်တွေက အထင်မှားအောင် လှည့်စားထားခြင်းဆိုတာကို သက်သေထူနေပါလိမ့်မယ်။

ZAWGYI

၂၀၁၈ ခုႏွစ္ေနာက္ပိုင္းမွာ ဗန္ဒိုက္ဟာ ဂိုးေပးရဖို႔ အမွားအမ်ားဆံုး လုပ္ထားတဲ့ ခံစစ္သမားျဖစ္ျပီး ပရီးမီးယားလိဂ္ ကစားသမားေတြထဲမွာ အျမင့္ဆံုးဆိုတဲ့ အခ်က္အလက္ ထြက္ေပၚေနတာကို သိၾကမွာပါ။

အားကစားသံုးသပ္သူေတြက ဗန္ဒိုက္ဟာ အမွားေတြ သိပ္မွားသူျဖစ္ကာ သူ႔ေၾကာင့္ လီဗာပူးခံစစ္က ယိုင္နဲ႔ေနသေယာင္ေယာင္ ေျပာဆိုေနၾကတယ္။ ဒါဟာ အျမင္မ်ားေအာင္ အခ်က္အလက္နဲ႔ လွည့္စားထားတဲ့ သက္ေသျပခ်က္ တစ္ခုပဲျဖစ္ပါတယ္။ ဗန္ဒိုက္နဲ႔ ပက္သက္ျပီး ေဝဖန္ေနတဲ့ အခ်က္အလက္က အထင္မွားေအာင္ လွည့္စားထားျခင္းဆိုတာကို ေဒတာသံုးသပ္သူ Dan Kennet က အခုလို ရွင္းျပပါတယ္။

၂၀၁၈ ခုႏွစ္ေနာက္ပိုင္း ပရီးမီးယားလိဂ္မွာ ဗန္ဒိုက္ဟာ အမွားအမ်ားဆံုး ကစားသမားဆိုတဲ့ အခ်က္က မမွန္ပါဘူး။ ပရီးမီးယားလိဂ္မွာ ဗန္ဒိုက္ထက္ အမွားပိုမ်ားတဲ့ ကစားသမားေတြက အမ်ားၾကီး ရွိပါတယ္။ တကယ္တမ္းက ဗန္ဒိုက္ဟာ ျပိဳင္ဘက္ကို ကန္သြင္းခြင့္ေပးရႏုိင္တဲ့ အမွား ၄ ၾကိမ္လုပ္ခဲ့ျပီး အဲ့ထဲက ၇၅% က ဂိုးေတြ ေပးခဲ့ရပါတယ္။

တူညီတဲ့ အမွားမ်ိဳးကို ဝုဗ္အသင္းဟာ ဝီလီဘိုလီက ၉ ၾကိမ္ထိ မွားခဲ့ျပီး ဂိုးမေပးခဲ့ရဘူး။ လက္စတာမွ ဂၽြန္နီ အီဗန္းကလည္း အမွား ၇ ၾကိမ္လုပ္ထားျပီး ဂိုးမေပးရပါဘူး။ စပါးမွ ဆန္းခ်က္ကလည္း အမွား ၇ ၾကိမ္လုပ္ခဲ့ကာ တစ္ဂိုးပဲ ခြင့္ျပဳခဲ့ရပါတယ္။

ဗန္ဒိုက္ဟာ ပြဲေပါင္း ၂၀ မွာ တစ္ၾကိမ္ႏႈန္း အမွားလုပ္ခဲ့မိတယ္။ တူညီတဲ့ ပြဲအရည္အတြက္မွာ ကစားသမားေပါင္း ၁၈၄ ဦးက ဗန္ဒိုက္ထက္ အမွားပိုမ်ားပါတယ္။ အဲ့ထဲမွာေတာ့ ယူႏုိက္တက္ အသင္းေခါင္းေဆာင္ မက္ဂြဲရားလည္း ပါဝင္ထားတယ္။ သို႔ေသာ္ ဗန္ဒိုက္ နည္းပါးစြာ လုပ္မိတဲ့ အမွား ၄ ၾကိမ္ထဲက ၃ ၾကိမ္ဟာ ေပးဂိုးေပးရတဲ့ထိ ျဖစ္ခဲ့ပါတယ္။

ကမၻာအေကာင္းဆံုး ခံစစ္သမားတစ္ဦးအေနနဲ႔ မမွားသင့္တဲ့ အမွားအခ်ိဳ႔ကို ဗန္ဒိုက္ လုပ္ခဲ့မိတာမ်ိဳး ရွိခဲ့ေပမယ့္ ၂၀၁၈ ခုႏွစ္ေနာက္ပိုင္း အမွားအမ်ားဆံုး ခံစစ္သမားဆိုတာက အထင္မွားေအာင္ လွည့္စားတဲ့ အခ်က္အလက္ျဖင့္ ဗန္ဒိုက္ကို ယိုးစြပ္ေဝဖန္ေနၾကျခင္း ျဖစ္ပါတယ္။

ဗန္ဒိုက္ရွိတဲ့ လီဗာပူးခံစစ္ရဲ႕ ဂိုးေပးရႏႈန္းဟာ မည္သည့္ ပရီးမီးယားလိဂ္ျပိဳင္ဘက္ အသင္းထက္မဆို ေကာင္းမြန္ျခင္းက ထြက္ေပၚေနတဲ့ အခ်က္အလက္ေတြက အထင္မွားေအာင္ လွည့္စားထားျခင္းဆိုတာကို သက္ေသထူေနပါလိမ့္မယ္။