လီဗာပူး ကစားသမားသစ် ကိုစတက်ကို ဗုဒ္ဓဟူးနေ့ အသင်းရဲ့ မနက်ခင်း လေ့ကျင့်ရေး အစီအစဉ်မှာ ပါဝင်လာကြောင်း မြင်တွေ့ထားရပါတယ်။

လွန်ခဲ့တဲ့ ၁၀ ရက်ပဲ ကိုစတက်ဟာ ကိုရိုနာဗိုင်းရပ် ကူးစက်ခံထားရတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီး လီဗာပူးလူစာရင်းကနေ ပျောက်ကွယ်နေခဲ့သူပါ။ သူဟာ နိုင်ငံတကာသီတင်းပတ်မှာ ဂရိအသင်းအတွက် ရွေးချယ်ခံရပေမယ့် ပါဝင်ကစားပေးနိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။ ကိုစတက်မှာ ပိုးတွေ့တယ်လို့ သတင်းထွက်မှုတွေ ရှိပေမယ့် အတည်ပြုနိုင်ခဲ့ခြင်း မရှိခဲ့ဘူး။

လီဗာပူးအသင်းနဲ့ မန်နေဂျာ ကလော့ပ်တို့က အဖျားရောဂါကြောင့် လက်ရွေးစင်အသင်းအတွက် မကစားပေးနိုင်တဲ့ ကိုစတက်နဲ့ ပက်သက်လို့ မည်သည့် သတင်းမှ ပေးထားခဲ့ခြင်း မရှိဘူး။ လိဒ်ယူနိုက်တက်နဲ့ပွဲမှာ ကိုစတက်ကို အရန်စာရင်းမှာ မတွေ့ခဲ့ရဘဲ ဒီကနေ့မှာမှ မဲဝုဒ်က လေ့ကျင့်ရေးမှာ ပြန်ပါလာခဲ့တာဖြစ်ပါတယ်။

လီဗာပူးရဲ့ ပွဲစဉ်တွေအရ ကိုစတက်ဟာ ဒီအပတ် ချယ်ဆီးနဲ့ပွဲမှာ ပါဝင်နိုင်ဦးမှာ မဟုတ်ပါဘူး။ တနင်္ဂနွေနေ့ ပွဲအပြီးမှာနဲ့ ပွဲစဉ် ၃ ဖြစ်တဲ့ အာဆင်နယ်ပွဲကြားမှာ ကာရာဘောင်းပွဲ ကစားရမှာဖြစ်လို့ အသက် ၂၄ နှစ်အရွယ် ဘယ်အစွန်လူ ကိုစတက်ရဲ့ လီဗာပူးကစားသမားဘဝ ပွဲဦးထွက်ပွဲဟာ ကာရာဘောင်း တတိယအဆင့်ပွဲစဉ် ဖြစ်လာနိုင်ပါတယ်။

လီဗာပူးရဲ့ လေ့ကျင့်ရေးမှာတော့ ညာအစွန်လူ ဝီလီယမ် ပါဝင်သွားနိုင်ခဲ့တယ်။ အပြောင်းအရွှေ့ကိစ္စတွေ သတင်းထွက်နေတဲ့ ဟယ်ရီဝဲလ်ဆန်နဲ့ ဘရူးစတားတို့ ပါဝင်ကာ ဂရုဂျစ်ကိုတော့ မတွေ့ရပါဘူး။ ဒါ့အပြင် ဒဏ်ရာက သက်သာလာတဲ့ ရှာကွီရီ အပြင် ဘီလီ၊ ကီဂျာနာ၊ ဗန်ဒန်ဘယ်ရာ၊ အီးလီးယော့တို့လည်း ပါဝင်သွားပါတယ်။

ZAWGYI

လီဗာပူး ကစားသမားသစ္ ကိုစတက္ကို ဗုဒၶဟူးေန႔ အသင္းရဲ႕ မနက္ခင္း ေလ့က်င့္ေရး အစီအစဥ္မွာ ပါဝင္လာေၾကာင္း ျမင္ေတြ႔ထားရပါတယ္။

လြန္ခဲ့တဲ့ ၁၀ ရက္ပဲ ကိုစတက္ဟာ ကိုရိုနာဗိုင္းရပ္ ကူးစက္ခံထားရတယ္ဆိုတဲ့ သတင္းေတြ ထြက္ေပၚခဲ့ျပီး လီဗာပူးလူစာရင္းကေန ေပ်ာက္ကြယ္ေနခဲ့သူပါ။ သူဟာ ႏုိင္ငံတကာသီတင္းပတ္မွာ ဂရိအသင္းအတြက္ ေရြးခ်ယ္ခံရေပမယ့္ ပါဝင္ကစားေပးႏုိင္ခဲ့ျခင္း မရွိခဲ့ပါဘူး။ ကိုစတက္မွာ ပိုးေတြ႔တယ္လို႔ သတင္းထြက္မႈေတြ ရွိေပမယ့္ အတည္ျပဳႏုိင္ခဲ့ျခင္း မရွိခဲ့ဘူး။

လီဗာပူးအသင္းနဲ႔ မန္ေနဂ်ာ ကေလာ့ပ္တို႔က အဖ်ားေရာဂါေၾကာင့္ လက္ေရြးစင္အသင္းအတြက္ မကစားေပးႏုိင္တဲ့ ကိုစတက္နဲ႔ ပက္သက္လို႔ မည္သည့္ သတင္းမွ ေပးထားခဲ့ျခင္း မရွိဘူး။ လိဒ္ယူႏိုက္တက္နဲ႔ပြဲမွာ ကိုစတက္ကို အရန္စာရင္းမွာ မေတြ႔ခဲ့ရဘဲ ဒီကေန႔မွာမွ မဲဝုဒ္က ေလ့က်င့္ေရးမွာ ျပန္ပါလာခဲ့တာျဖစ္ပါတယ္။

လီဗာပူးရဲ႕ ပြဲစဥ္ေတြအရ ကိုစတက္ဟာ ဒီအပတ္ ခ်ယ္ဆီးနဲ႔ပြဲမွာ ပါဝင္ႏုိင္ဦးမွာ မဟုတ္ပါဘူး။ တနဂၤေႏြေန႔ ပြဲအျပီးမွာနဲ႔ ပြဲစဥ္ ၃ ျဖစ္တဲ့ အာဆင္နယ္ပြဲၾကားမွာ ကာရာေဘာင္းပြဲ ကစားရမွာျဖစ္လို႔ အသက္ ၂၄ ႏွစ္အရြယ္ ဘယ္အစြန္လူ ကိုစတက္ရဲ႕ လီဗာပူးကစားသမားဘဝ ပြဲဦးထြက္ပြဲဟာ ကာရာေဘာင္း တတိယအဆင့္ပြဲစဥ္ ျဖစ္လာႏုိင္ပါတယ္။

လီဗာပူးရဲ႕ ေလ့က်င့္ေရးမွာေတာ့ ညာအစြန္လူ ဝီလီယမ္ ပါဝင္သြားႏုိင္ခဲ့တယ္။ အေျပာင္းအေရႊ႔ကိစၥေတြ သတင္းထြက္ေနတဲ့ ဟယ္ရီဝဲလ္ဆန္နဲ႔ ဘရူးစတားတို႔ ပါဝင္ကာ ဂရုဂ်စ္ကိုေတာ့ မေတြ႔ရပါဘူး။ ဒါ့အျပင္ ဒဏ္ရာက သက္သာလာတဲ့ ရွာကီြရီ အျပင္ ဘီလီ၊ ကီဂ်ာနာ၊ ဗန္ဒန္ဘယ္ရာ၊ အီးလီးေယာ့တို႔လည္း ပါဝင္သြားပါတယ္။