ချယ်ဆီးက မန်စီးတီးကို အနိုင်ရတဲ့ ပွဲအပြီးမှာ ချယ်ဆီးဂျာစီနဲ့ အောင်ပွဲခံတဲ့ ပုံကို အသင်းရဲ့ WhatsApp group ထဲကို ဓါတ်ပုံ ရိုက်ပို့ခဲ့တယ်လို့ ရော်ဘတ်ဆန်က သူ့ရဲ့ ကိုယ်တိုင်ရေး စာအုပ်မှာ ထည့်သွင်းဖော်ပြခဲ့ပါတယ်။

ဗုဒ္ဓဟူးနေ့ အသင်းရဲ့ မနက်ခင်း လေ့ကျင့်ရေး အစီအစဉ်မှာ ဘယ်အစွန်လူ ကိုစတက် အပြင် ရှာကွီရီ၊ ဘရူးစတား၊ ဝဲလ်ဆန်တို့လည်း ပါဝင်သွားခဲ့ပြီး ကွင်းလယ်လူ ဂရုဂျစ် ပါဝင်သွားတာကိုတော့ မမြင်ရသေးပါဘူး။

လီဗာပူးသတင်းထောက် ဂျိမ်းပီရက်စ်က အသင်းဟာ ဘရူးစတားနဲ့ ပက်သက်ပြီး ဆက်ထားမလား၊ အငှားချမလား၊ အပြီးသတ် ရောင်းထုတ်မလားဆိုတဲ့ ရွေးချယ်စရာ သုံးခုထဲက တစ်ခုကို လုပ်ဆောင်ဖို့ နောက်ဆုံး ဆုံးဖြတ်ချက် မလုပ်သေးဘဲ ကမ်းလှမ်းလာမှုတွေကို လမ်းဖွင့် ညိနှိုင်းနေဆဲလို့ ဖော်ပြပါတယ်။

2020 Golden Boy award ဆုအတွက် နောက်ဆုံး လူငယ် ၄၀ စာရင်းထဲထိ ပါဝင်ခဲ့တဲ့ တစ်ဦးတည်းသော လီဗာပူးလူငယ်က ညာအစွန်လူ ဝီလီယမ်ဖြစ်ပါတယ်။ ဒီနှစ်မှာ ဟာလန်နဲ့ အဖွန်ဆို ဒေးဗစ် အနိုင်ရမယ် ရေပန်းစားနေတဲ့ အဆိုပါဆုမှာ ဝီလီယမ်က ဘယ်လောက်ထိ ခပ်မြင့်မြင့် ရောက်နိုင်မလဲက စောင့်ကြည့်ရဦးမှာပါ။

စက်တင်ဘာလ ၂၃ ရက်နေ့မှာ ယှဉ်ပြိုင်ရမယ့် ကာရာဘောင်းဖလား တတိယအဆင့်မှာတော့ လီဗာပူးဟာ Lincoln အသင်းနဲ့ ယှဉ်ပြိုင်ရမယ်လို့ အတည်ပြုနိုင်ခဲ့ပြီဖြစ်ပါတယ်။

လီဗာပူး ကွင်းလယ်လူ ချိန်ဘာလိန်က အသင်းဟာ ဆုဖလားတွေ ဆက်တိုက် အောင်မြင်ခဲ့ပေမယ့် ကျေနပ် ရောင့်ရဲမနေဘဲ နောက်ထပ်သော ဆုဖလားတွေကို စီးရီးတွဲလိုက် အောင်မြင်လိုကြတယ်လို့ ထုတ်ပြောလိုက်ပါတယ်။

စတမ်းဖိုဒ်ဘရစ်မှာ ယှဉ်ပြိုင်ကစားရမယ့် ပွဲအကြိုမှာ ချယ်ဆီးကစားသမားတွေဖြစ်တဲ့ ဟာဗက်နဲ့ ဝါနာတို့က လီဗာပူးကို အနိုင်ယူမယ်ဆိုတဲ့ စကားတွေကို ပြောဆိုခဲ့ပါတယ်။

ဒီရာသီမှာ ပရီးမီးယားလိဂ် ကလပ်တွေရဲ့ အင်္ဂလန်ပြည်တွင်း ဂျာစီရောင်းနှုန်းက အတော်လေး ထိုးကျခဲ့ပြီး လီဗာပူးရဲ့ ဂျာစီ ရောင်းအားကလည်း ကျဆင်းခဲ့ပါတယ်။ သို့ပေမယ့် ပြိုင်ဘက် အသင်းတွေနဲ့ နှိုင်းယှဉ်ရင် မဆိုးလှတဲ့ ရောင်းအားကိုတော့ ပိုင်ဆိုင်ထားသေးတယ်လို့ သိရပါတယ်။

ချယ်ဆီးခံစစ်မှူး ဇူးမားက “ လီဗာပူးမှာ သိပ်ကောင်းတဲ့ တိုက်စစ်သမား သုံးယောက် ရှိပါတယ်။ ဒါပေမယ့် ကျနေ်ာတို့မှာလည်း တိုက်စစ် လက်နက်ကောင်းတွေ ပိုင်ဆိုင်ထားပါတယ်။ လီဗာပူးကို နာကျင်အောင် ကျနေ်ာတို့ လုပ်နိုင်တယ်။ ကျနေ်ာတို့ ဘာလုပ်နိုင်လဲ အားလုံး မြင်စေရပါမယ် ” လို့ စိန်ခေါ်လိုက်ပါတယ်။

စကိုင်းစပေါ့မှ အားကစားသုံးသပ်သူ ပေါလ်မာဆန်က လီဗာပူးအသင်းဟာ ဒီပုံစံအတိုင်း ရာသီသစ်ကို စတင်မယ်ဆိုရင် အဆင့်လေးနေရာကို ကျဆင်းသွားလိမ့်မယ်လို့ မှတ်ချက်ပေးလိုက်ပါတယ်။

ZAWGYI

ခ်ယ္ဆီးက မန္စီးတီးကို အႏုိင္ရတဲ့ ပြဲအျပီးမွာ ခ်ယ္ဆီးဂ်ာစီနဲ႔ ေအာင္ပြဲခံတဲ့ ပံုကို အသင္းရဲ႕ WhatsApp group ထဲကို ဓါတ္ပုံ ရိုက္ပို႔ခဲ့တယ္လို႔ ေရာ္ဘတ္ဆန္က သူ႔ရဲ႕ ကိုယ္တိုင္ေရး စာအုပ္မွာ ထည့္သြင္းေဖာ္ျပခဲ့ပါတယ္။

ဗုဒၶဟူးေန႔ အသင္းရဲ႕ မနက္ခင္း ေလ့က်င့္ေရး အစီအစဥ္မွာ ဘယ္အစြန္လူ ကိုစတက္ အျပင္ ရွာကီြရီ၊ ဘရူးစတား၊ ဝဲလ္ဆန္တို႔လည္း ပါဝင္သြားခဲ့ျပီး ကြင္းလယ္လူ ဂရုဂ်စ္ ပါဝင္သြားတာကိုေတာ့ မျမင္ရေသးပါဘူး။

လီဗာပူးသတင္းေထာက္ ဂ်ိမ္းပီရက္စ္က အသင္းဟာ ဘရူးစတားနဲ႔ ပက္သက္ျပီး ဆက္ထားမလား၊ အငွားခ်မလား၊ အျပီးသတ္ ေရာင္းထုတ္မလားဆိုတဲ့ ေရြးခ်ယ္စရာ သံုးခုထဲက တစ္ခုကို လုပ္ေဆာင္ဖို႔ ေနာက္ဆံုး ဆံုးျဖတ္ခ်က္ မလုပ္ေသးဘဲ ကမ္းလွမ္းလာမႈေတြကို လမ္းဖြင့္ ညိႏိႈင္းေနဆဲလို႔ ေဖာ္ျပပါတယ္။

2020 Golden Boy award ဆုအတြက္ ေနာက္ဆံုး လူငယ္ ၄၀ စာရင္းထဲထိ ပါဝင္ခဲ့တဲ့ တစ္ဦးတည္းေသာ လီဗာပူးလူငယ္က ညာအစြန္လူ ဝီလီယမ္ျဖစ္ပါတယ္။ ဒီႏွစ္မွာ ဟာလန္နဲ႔ အဖြန္ဆို ေဒးဗစ္ အႏုိင္ရမယ္ ေရပန္းစားေနတဲ့ အဆိုပါဆုမွာ ဝီလီယမ္က ဘယ္ေလာက္ထိ ခပ္ျမင့္ျမင့္ ေရာက္ႏုိုင္မလဲက ေစာင့္ၾကည့္ရဦးမွာပါ။

စက္တင္ဘာလ ၂၃ ရက္ေန႔မွာ ယွဥ္ျပိဳင္ရမယ့္ ကာရာေဘာင္းဖလား တတိယအဆင့္မွာေတာ့ လီဗာပူးဟာ Lincoln အသင္းနဲ႔ ယွဥ္ျပိဳင္ရမယ္လို႔ အတည္ျပဳႏုိင္ခဲ့ျပီျဖစ္ပါတယ္။

လီဗာပူး ကြင္းလယ္လူ ခ်ိန္ဘာလိန္က အသင္းဟာ ဆုဖလားေတြ ဆက္တိုက္ ေအာင္ျမင္ခဲ့ေပမယ့္ ေက်နပ္ ေရာင့္ရဲမေနဘဲ ေနာက္ထပ္ေသာ ဆုဖလားေတြကို စီးရီးတြဲလိုက္ ေအာင္ျမင္လိုၾကတယ္လို႔ ထုတ္ေျပာလိုက္ပါတယ္။

စတမ္းဖိုဒ္ဘရစ္မွာ ယွဥ္ျပိဳင္ကစားရမယ့္ ပြဲအၾကိဳမွာ ခ်ယ္ဆီးကစားသမားေတြျဖစ္တဲ့ ဟာဗက္နဲ႔ ဝါနာတို႔က လီဗာပူးကို အႏုိင္ယူမယ္ဆိုတဲ့ စကားေတြကို ေျပာဆိုခဲ့ပါတယ္။

ဒီရာသီမွာ ပရီးမီးယားလိဂ္ ကလပ္ေတြရဲ႕ အဂၤလန္ျပည္တြင္း ဂ်ာစီေရာင္းႏႈန္းက အေတာ္ေလး ထိုးက်ခ့ဲျပီး လီဗာပူးရဲ႕ ဂ်ာစီ ေရာင္းအားကလည္း က်ဆင္းခဲ့ပါတယ္။ သို႔ေပမယ့္ ျပိဳင္ဘက္ အသင္းေတြနဲ႔ ႏိႈင္းယွဥ္ရင္ မဆိုးလွတဲ့ ေရာင္းအားကိုေတာ့ ပိုင္ဆုိင္ထားေသးတယ္လို႔ သိရပါတယ္။

ခ်ယ္ဆီးခံစစ္မွဴး ဇူးမားက “ လီဗာပူးမွာ သိပ္ေကာင္းတဲ့ တိုက္စစ္သမား သံုးေယာက္ ရွိပါတယ္။ ဒါေပမယ့္ က်ေန္ာတို႔မွာလည္း တိုက္စစ္ လက္နက္ေကာင္းေတြ ပိုင္ဆိုင္ထားပါတယ္။ လီဗာပူးကို နာက်င္ေအာင္ က်ေန္ာတို႔ လုပ္ႏုိင္တယ္။ က်ေန္ာတို႔ ဘာလုပ္ႏုိင္လဲ အားလံုး ျမင္ေစရပါမယ္ ” လို႔ စိန္ေခၚလိုက္ပါတယ္။

စကိုင္းစေပါ့မွ အားကစားသံုးသပ္သူ ေပါလ္မာဆန္က လီဗာပူးအသင္းဟာ ဒီပံုစံအတိုင္း ရာသီသစ္ကို စတင္မယ္ဆိုရင္ အဆင့္ေလးေနရာကို က်ဆင္းသြားလိမ့္မယ္လို႔ မွတ္ခ်က္ေပးလိုက္ပါတယ္။