The Athletic မှ လီဗာပူးသတင်းထောက် ဂျိမ်းပီရက်စ်က စပိန်လက်ရွေးစင် အယ်ကန်တာရာကို လီဗာပူးနဲ့ ယူနိုက်တက်တို့ အပြိုင်လိုက်နေတဲ့ ကိစ္စရဲ့ နောက်ဆုံးရသတင်း ဖော်ပြမှုတစ်ခု ပြုလုပ်သွားပါတယ်။

လီဗာပူးအသင်းက သီယေဂိုကို ခေါ်ယူဖို့ ကစားသမားရောင်းချမှု အရင်ဆုံး လုပ်ရမှာလား (သို့) အပြောင်းအရွှေ့ နောက်ဆုံးအချိန်မှ ဝင်ရောက်မှာလား (သို့) သီယေဂိုကို ခေါ်ယူဖို့ ကွင်းလယ်လူတစ်ဦး ထွက်ခွာသွားမှ အခြေအနေပေးမလား ဆိုတာက လီဗာပူးပရိသတ်တွေကြား မေးခွန်းထုတ်နေရတဲ့ ကိစ္စဖြစ်တယ်။

ဂျိမ်းပီရက်စ်က ” ဒီအခြေအနေမှာ လီဗာပူးနဲ့ ဘိုင်ယန်မြူးနစ်ကြား သီယေဂို အပြောင်းအရွှေ့ ကိစ္စအတွက် ဈေးစကားပြောခြင်း မရှိပါဘူး။ ဒါကို ကလပ်နှစ်သင်းလုံးရဲ့ အတွင်းလူတွေက အတည်ပြုထားပါတယ်။ တစ်ခုတည်းသော ချိတ်ဆက်မှုက စပိန်လက်ရွေးစင်ရဲ့ အေးဂျင့်နဲ့ ဆက်သွယ်ခြင်းပဲ ဖြစ်ပါတယ်။ ဘာလို့လည်းဆိုတော့ လီဗာပူးက လက်ရှိ ကွင်းလယ်လူတွေထဲက တစ်ဦးကို လက်လွတ်ရမှ သီယေဂိုကို ခေါ်ယူဖို့ကို ကြိုးစားမှာဖြစ်ပါတယ်။

ဘဏ္ဍာရေးကလည်း ထည့်တွက်စရာဖြစ်ပါတယ်။ မြင်နေရတာကတော့ ပေါင် သန်း ၃၀ ဆိုတာ မများတဲ့ ပမာဏဖြစ်ပါတယ်။ ဒါပေမယ့် ဇန်နဝါရီမှာ အကြိုသဘောတူညီမှု ရယူနိုင်မှာဖြစ်တဲ့အပြင် လာမယ့် သုံး လေးနှစ်အတွင်း တစ်ပတ်ကို လုပ်ခ ပေါင် ၂ သိန်း လောက်ပေးရမယ့် တောင်းဆိုမှုများတဲ့ ကစားသမားကို ခေါ်ယူရေးကိစ္စဖြစ်ပါတယ်။ ဒီရာသီမှာတင် သီယေဂိုက အသက် ၃၀ ကို ရောက်နေမှာကလည်း အတော်လေး စဉ်းစားရတဲ့ ကိစ္စ ဖြစ်ပါတယ်။

ဝိုက်နယ်ဒမ်ရဲ့ အခြေအနေနဲ့ လာမယ့် အပတ်တွေမှာ လီဗာပူးက ကစားသမား ရောင်းချမှုကနေ ငွေဘယ်လောက်ရမလဲ အပေါ်မှာ မူတည်နေပါတယ်။ သီယေဂိုကတော့ ဘိုင်ယန်ကနေ ထွက်ခွာမယ်လို့ ရှင်းရှင်းလင်းလင်း ဆုံးဖြတ်ထားပြီဖြစ်ကာ သူ့ရဲ့ နေအိမ်ကို မြူနစ်မှာ အရောင်းစာရင်း တင်ထားပါတယ်။ ဒါပေမယ့်လို့ အနာဂတ်က မရှင်းလင်းသေးပါဘူး။

သီယေဂို လီဗာပူးကို ရောက်လာတာ မြင်ရမယ်ဆိုရင် ကျနော် နှစ်သက်မှာပါ။ သို့ပေမယ့် လူစာရင်း ဟန်ချက်ညီဖို့အတွက်ဆိုရင် ကျနော်ကတော့ ဗဟိုခံစစ်မှူးနဲ့ တောင်ပံ တိုက်စစ်သမား တစ်ဦး ခေါ်ယူရေးကပဲ ပိုမို ဦးစားပေးရမယ့် ကိစ္စကြီးတွေအဖြစ် မြင်ထားပါတယ် ” လို့ ဆိုသွားတာ ဖြစ်ပါတယ်။

ZAWGYI

The Athletic မွ လီဗာပူးသတင္းေထာက္ ဂ်ိမ္းပီရက္စ္က စပိန္လက္ေရြးစင္ အယ္ကန္တာရာကို လီဗာပူးနဲ႔ ယူႏုိက္တက္တို႔ အျပိဳင္လိုက္ေနတဲ့ ကိစၥရဲ႕ ေနာက္ဆံုးရသတင္း ေဖာ္ျပမႈတစ္ခု ျပဳလုပ္သြားပါတယ္။

လီဗာပူးအသင္းက သီေယဂိုကို ေခၚယူဖို႔ ကစားသမားေရာင္းခ်မႈ အရင္ဆံုး လုပ္ရမွာလား (သို႔) အေျပာင္းအေရႊ႔ ေနာက္ဆံုးအခ်ိန္မွ ဝင္ေရာက္မွာလား (သို႔) သီေယဂိုကို ေခၚယူဖို႔ ကြင္းလယ္လူတစ္ဦး ထြက္ခြာသြားမွ အေျခအေနေပးမလား ဆိုတာက လီဗာပူးပရိသတ္ေတြၾကား ေမးခြန္းထုတ္ေနရတဲ့ ကိစၥျဖစ္တယ္။

ဂ်ိမ္းပီရက္စ္က ” ဒီအေျခအေနမွာ လီဗာပူးနဲ႔ ဘိုင္ယန္ျမဴးနစ္ၾကား သီေယဂို အေျပာင္းအေရႊ႔ ကိစၥအတြက္ ေစ်းစကားေျပာျခင္း မရွိပါဘူး။ ဒါကို ကလပ္ႏွစ္သင္းလံုးရဲ႕ အတြင္းလူေတြက အတည္ျပဳထားပါတယ္။ တစ္ခုတည္းေသာ ခ်ိတ္ဆက္မႈက စပိန္လက္ေရြးစင္ရဲ႕ ေအးဂ်င့္နဲ႔ ဆက္သြယ္ျခင္းပဲ ျဖစ္ပါတယ္။ ဘာလို႔လည္းဆိုေတာ့ လီဗာပူးက လက္ရွိ ကြင္းလယ္လူေတြထဲက တစ္ဦးကို လက္လြတ္ရမွ သီေယဂိုကို ေခၚယူဖို႔ကို ၾကိဳးစားမွာျဖစ္ပါတယ္။

ဘ႑ာေရးကလည္း ထည့္တြက္စရာျဖစ္ပါတယ္။ ျမင္ေနရတာကေတာ့ ေပါင္ သန္း ၃၀ ဆိုတာ မမ်ားတဲ့ ပမာဏျဖစ္ပါတယ္။ ဒါေပမယ့္ ဇန္နဝါရီမွာ အၾကိဳသေဘာတူညီမႈ ရယူႏုိင္မွာျဖစ္တဲ့အျပင္ လာမယ့္ သံုး ေလးႏွစ္အတြင္း တစ္ပတ္ကို လုပ္ခ ေပါင္ ၂ သိန္း ေလာက္ေပးရမယ့္ ေတာင္းဆိုမႈမ်ားတဲ့ ကစားသမားကို ေခၚယူေရးကိစၥျဖစ္ပါတယ္။ ဒီရာသီမွာတင္ သီေယဂိုက အသက္ ၃၀ ကို ေရာက္ေနမွာကလည္း အေတာ္ေလး စဥ္းစားရတဲ့ ကိစၥ ျဖစ္ပါတယ္။

ဝိုက္နယ္ဒမ္ရဲ႕ အေျခအေနနဲ႔ လာမယ့္ အပတ္ေတြမွာ လီဗာပူးက ကစားသမား ေရာင္းခ်မႈကေန ေငြဘယ္ေလာက္ရမလဲ အေပၚမွာ မူတည္ေနပါတယ္။ သီေယဂိုကေတာ့ ဘိုင္ယန္ကေန ထြက္ခြာမယ္လို႔ ရွင္းရွင္းလင္းလင္း ဆံုးျဖတ္ထားျပီျဖစ္ကာ သူ႔ရဲ႕ ေနအိမ္ကို ျမဴနစ္မွာ အေရာင္းစာရင္း တင္ထားပါတယ္။ ဒါေပမယ့္လို႔ အနာဂတ္က မရွင္းလင္းေသးပါဘူး။

သီေယဂို လီဗာပူးကို ေရာက္လာတာ ျမင္ရမယ္ဆိုရင္ က်ေနာ္ ႏွစ္သက္မွာပါ။ သို႔ေပမယ့္ လူစာရင္း ဟန္ခ်က္ညီဖို႔အတြက္ဆိုရင္ က်ေနာ္ကေတာ့ ဗဟိုခံစစ္မွဴးနဲ႔ ေတာင္ပံ တိုက္စစ္သမား တစ္ဦး ေခၚယူေရးကပဲ ပိုမို ဦးစားေပးရမယ့္ ကိစၥၾကီးေတြအျဖစ္ ျမင္ထားပါတယ္ ” လို႔ ဆိုသြားတာ ျဖစ္ပါတယ္။