ဒီအပတ်မှာ ယှဉ်ပြိုင်ရမယ့် ပရီးမီးယားလိဂ် ပွဲစဉ် ၂ ရဲ့ အကောင်းဆုံးပွဲဖြစ်တဲ့ ချယ်ဆီး နဲ့ လီဗာပူးပွဲကို မိုင်ကယ်အိုဝင်က ခန့်မှန်းလိုက်ပါတယ်။

စတမ်းဖိုဒ်ဘရစ်မှာ ယှဉ်ပြိုင်ရမယ့် အဆိုပါပွဲမှာ လီဗာပူးရဲ့ အဓိက ကစားသမားတွေ အားလုံး ဒဏ်ရာ ကင်းစင်နေပြီး ဒီပွဲအတွက် အရန်စာရင်းမှာတော့ ကစားသမားသစ် ကိုစတက် ပါဝင်လာနိုင်တယ်။ လီဗာပူးက ပထမအပတ် လူစာရင်းကို အပြောင်းအလဲ လုပ်မှာ မဟုတ်ဘဲ ကွင်းလယ်နေရာ လူချိန်းတာ တစ်ခုလောက်ပဲ ပြောင်းလဲမယ်လို့ ယူဆရပါတယ်။

မိုင်ကယ်အိုဝင်က ” ပရီးမီးယားလိဂ် ပွဲစဉ် ၂ အတွက် ဒီပွဲက အကောင်းဆုံးပွဲ ဖြစ်လာမှာပါ။ ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ ပြိုင်ဘက်နှစ်သင်းရဲ့ ထိပ်တိုက်တွေ့တဲ့ပွဲကို ကြည့်ရဖို့ ကျနော်ကတော့ မစောင့်နိုင်အောင်ပါပဲ။

ပွဲစဉ် ၁ မှာ ချယ်ဆီးအသင်းက အဝေးကွင်းကို သွားကစားပြီး ၃-၁ နဲ့ အနိုင်ရခြင်းနဲ့ စတင်ခဲ့တယ်။ လမ်းပတ်က သူလက်မှတ်ထိုးထားတဲ့ ကစားသမားသစ်တွေ အခြေကျလာတာကို မြင်ရတာအတွက် ကျေနပ်နေမယ်လို့ ထင်ပါတယ်။ ဘရိုက်တန်နဲ့ပွဲမှာ တိုက်စစ်သမား တီမိုဝါနာက ခြိမ်းခြောက်မှုကြီးတွေ လုပ်နိုင်ခဲ့တယ်။ သူက ပရီးမီးယားလိဂ်မှာ ခပ်မြန်မြန်ပဲ အထိုင်ကျသွားမယ့် အနေအထားကိုလည်း မြင်နေရတယ်။

အဖွင့်သီတင်းပတ်မှာ လီဗာပူးက လိဒ်ယူနိုက်တက်ကို ၄-၃ နဲ့ အနိုင်ယူခဲ့ပါတယ်။ တိုက်စစ်သမားတွေ ခြေစွမ်းပြနိုင်ခဲ့တာအတွက် မန်နေဂျာကလော့ပ်က သဘောကျနေမှာပါ။ လိဒ်ယူနိုက်တက်က သူ့ရဲ့ ခံစစ်ကို အကြိမ် အတော်များများ စိုးရိမ်စေတာအတွက်တော့ ကလော့ပ်က ပူပန်မှုတွေ ရှိနေနိုင်ပါတယ်။

ဒီပွဲကတော့ သေချာပေါင် သွင်းဂိုးတွေ မြင်ရမယ့် ပွဲပဲ ဖြစ်ပါတယ်။ ဒီပွဲက ဖျော်ဖြေမှုပေးနိုင်တဲ့ ပွဲကောင်းတစ်ပွဲ ဖြစ်လာမှာဖြစ်သလို အပြန်အလှန် သွင်းဂိုးတွေကြောင့် ပွဲပြီးချိန်မှာ ၂-၂ ရလဒ် ထွက်ပေါ်ပါလိမ့်မယ် ” လို့ ခန့်မှန်းသွားပါတယ်။

ZAWGYI

ဒီအပတ္မွာ ယွဥ္ျပိဳင္ရမယ့္ ပရီးမီးယားလိဂ္ ပြဲစဥ္ ၂ ရဲ႕ အေကာင္းဆံုးပြဲျဖစ္တဲ့ ခ်ယ္ဆီး နဲ႔ လီဗာပူးပြဲကို မိုင္ကယ္အိုဝင္က ခန္႔မွန္းလိုက္ပါတယ္။

စတမ္းဖိုဒ္ဘရစ္မွာ ယွဥ္ျပိဳင္ရမယ့္ အဆိုပါပြဲမွာ လီဗာပူးရဲ႕ အဓိက ကစားသမားေတြ အားလံုး ဒဏ္ရာ ကင္းစင္ေနျပီး ဒီပြဲအတြက္ အရန္စာရင္းမွာေတာ့ ကစားသမားသစ္ ကိုစတက္ ပါဝင္လာႏုိင္တယ္။ လီဗာပူးက ပထမအပတ္ လူစာရင္းကို အေျပာင္းအလဲ လုပ္မွာ မဟုတ္ဘဲ ကြင္းလယ္ေနရာ လူခ်ိန္းတာ တစ္ခုေလာက္ပဲ ေျပာင္းလဲမယ္လို႔ ယူဆရပါတယ္။

မိုင္ကယ္အိုဝင္က ” ပရီးမီးယားလိဂ္ ပြဲစဥ္ ၂ အတြက္ ဒီပြဲက အေကာင္းဆံုးပြဲ ျဖစ္လာမွာပါ။ ျပိဳင္ဆိုင္မႈ ျပင္းထန္တဲ့ ျပိဳင္ဘက္ႏွစ္သင္းရဲ႕ ထိပ္တိုက္ေတြ႔တဲ့ပြဲကို ၾကည့္ရဖို႔ က်ေနာ္ကေတာ့ မေစာင့္ႏုိင္ေအာင္ပါပဲ။

ပြဲစဥ္ ၁ မွာ ခ်ယ္ဆီးအသင္းက အေဝးကြင္းကို သြားကစားျပီး ၃-၁ နဲ႔ အႏုိင္ရျခင္းနဲ႔ စတင္ခဲ့တယ္။ လမ္းပတ္က သူလက္မွတ္ထိုးထားတဲ့ ကစားသမားသစ္ေတြ အေျခက်လာတာကို ျမင္ရတာအတြက္ ေက်နပ္ေနမယ္လို႔ ထင္ပါတယ္။ ဘရိုက္တန္နဲ႔ပြဲမွာ တိုက္စစ္သမား တီမိုဝါနာက ျခိမ္းေျခာက္မႈၾကီးေတြ လုပ္ႏုိင္ခဲ့တယ္။ သူက ပရီးမီးယားလိဂ္မွာ ခပ္ျမန္ျမန္ပဲ အထိုင္က်သြားမယ့္ အေနအထားကိုလည္း ျမင္ေနရတယ္။

အဖြင့္သီတင္းပတ္မွာ လီဗာပူးက လိဒ္ယူႏုိက္တက္ကို ၄-၃ နဲ႔ အႏုိင္ယူခဲ့ပါတယ္။ တိုက္စစ္သမားေတြ ေျခစြမ္းျပႏုိင္ခဲ့တာအတြက္ မန္ေနဂ်ာကေလာ့ပ္က သေဘာက်ေနမွာပါ။ လိဒ္ယူႏုိက္တက္က သူ႔ရဲ႕ ခံစစ္ကို အၾကိမ္ အေတာ္မ်ားမ်ား စိုးရိမ္ေစတာအတြက္ေတာ့ ကေလာ့ပ္က ပူပန္မႈေတြ ရွိေနႏုိင္ပါတယ္။

ဒီပြဲကေတာ့ ေသခ်ာေပါင္ သြင္းဂိုးေတြ ျမင္ရမယ့္ ပြဲပဲ ျဖစ္ပါတယ္။ ဒီပြဲက ေဖ်ာ္ေျဖမႈေပးႏုိင္တဲ့ ပြဲေကာင္းတစ္ပြဲ ျဖစ္လာမွာျဖစ္သလို အျပန္အလွန္ သြင္းဂိုးေတြေၾကာင့္ ပြဲျပီးခ်ိန္မွာ ၂-၂ ရလဒ္ ထြက္ေပၚပါလိမ့္မယ္ ” လို႔ ခန္႔မွန္းသြားပါတယ္။