လီဗာပူးသတင်းထောက် ဂျိမ်းပီရက်စ်ရဲ့ လီဗာပူးပရိသတ်တွေ သိလိုနေတဲ့ မေးခွန်းတွေနဲ့ ပက်သက်ပြီး The Athletic ကနေ ပြန်လည် ဖြေဆိုမှုထဲက အပြောင်းအရွှေ့အတွက် မေးခွန်းနှစ်ခုဖြစ်ပါတယ်။

Matt B – လီဗာပူးမန်နေဂျာကလော့ပ်က လက်ရှိ လူစာရင်းကို ပျော်ရွှင်နေသလား?

ဂျိမ်းပီရက်စ် – ယာဂင်က ဈေးကွက် မပိတ်ခင်မှာ ကစားသမားသစ် တစ်ဦး နှစ်ဦးလောက်ကို ခေါ်ယူလိုပါတယ်။ ဒါပေမယ့်လို့ လက်ရှိ ဘဏ္ဍာရေး အခြေအနေအပေါ်မှာလည်း သူက အပြည့်အဝ လက်ခံတယ်။ ကလပ်အတွက် မှန်ကန်တယ်ဆိုရင် ဖြစ်လာမယ့် အခြေအနေတွေကိုလည်း လက်ခံသွားမှာဖြစ်ပါတယ်။ မန်နေဂျာကလော့ပ်နဲ့ FSG ဥက္ကဌ မိုက်ဂေါ်ဒန် ကြားမှာ သိပ်ကောင်းတဲ့ ဆက်ဆံရေး ရှိပါတယ်။

အသင်းတွင်းမှာ အပြောင်းအရွှေ့နဲ့ ပက်သက်ပြီး သဘောထား ကွဲလွဲတာလည်း မရှိပါဘူး။ ကလော့ပ်က ဘယ်ကစားသမား ခေါ်ယူပေးပါဆိုပြီး တောင်းဆိုမယ့်သူလည်း မဟုတ်ဘူး။ သူရယ် ဂေါ်ဒန်ရယ်နဲ့ အတ်ဝဒ်တို့ဟာ နေ့စဉ် လုပ်ငန်းစဉ်တွေမှာ အတူ ပူးပေါင်းလုပ်ဆောင်ပြီး အသက်းအတွက် အကောင်းဆုံးဖြစ်မယ့် လုပ်ငန်းစဉ်တွေကို ချမှတ်နေပါတယ်။

Leo D – ဒီနွေမှာ လီဗာပူးက ခေါ်ယူမှုတွေ ထပ်မလုပ်ရကော အံ့သြသင့်စရာ ဖြစ်သွားမလား?

သိပ်ဟုတ်တာပေါ့။ အစဉ်အလာအရ ယာဂင်ကလော့ပ်က ကစားသမား ခေါ်ယူမှုတွေကို ခပ်စောစော ပြီးတာကိုပဲ နှစ်သက်သူပါ။ ဒါပေမယ့် လက်ရှိ ဘဏ္ဍာရေး အနေအထားအရ အဲ့လိုဖြစ်လာဖို့ ရိုးရှင်းတဲ့ အချိန် မဟုတ်ပါဘူး။ စေးျကွက် နောက်ပိုင်းမှ ဝင်ရောက်ခြင်းက ငွေကြေး ပိုသုံးနိုင်မယ်လို့ ယူဆစရာတွေလည်း ရှိပါတယ်။ အဓိက အားဖြင့်တော့ လီဗာပူးက ကစားသမား ရောင်းချမှုကနေ ငွေဘယ်လောက် ရမလဲအပေါ်မှာလည်း မူတည်ပါတယ်။

ZAWGYI

လီဗာပူးသတင္းေထာက္ ဂ်ိမ္းပီရက္စ္ရဲ႕ လီဗာပူးပရိသတ္ေတြ သိလိုေနတဲ့ ေမးခြန္းေတြနဲ႔ ပက္သက္ျပီး The Athletic ကေန ျပန္လည္ ေျဖဆိုမႈထဲက အေျပာင္းအေရႊ႔အတြက္ ေမးခြန္းႏွစ္ခုျဖစ္ပါတယ္။

Matt B – လီဗာပူးမန္ေနဂ်ာကေလာ့ပ္က လက္ရွိ လူစာရင္းကို ေပ်ာ္ရႊင္ေနသလား?

ဂ်ိမ္းပီရက္စ္ – ယာဂင္က ေစ်းကြက္ မပိတ္ခင္မွာ ကစားသမားသစ္ တစ္ဦး ႏွစ္ဦးေလာက္ကို ေခၚယူလိုပါတယ္။ ဒါေပမယ့္လို႔ လက္ရွိ ဘ႑ာေရး အေျခအေနအေပၚမွာလည္း သူက အျပည့္အဝ လက္ခံတယ္။ ကလပ္အတြက္ မွန္ကန္တယ္ဆိုရင္ ျဖစ္လာမယ့္ အေျခအေနေတြကိုလည္း လက္ခံသြားမွာျဖစ္ပါတယ္။ မန္ေနဂ်ာကေလာ့ပ္နဲ႔ FSG ဥကၠဌ မိုက္ေဂၚဒန္ ၾကားမွာ သိပ္ေကာင္းတဲ့ ဆက္ဆံေရး ရွိပါတယ္။

အသင္းတြင္းမွာ အေျပာင္းအေရႊ႔နဲ႔ ပက္သက္ျပီး သေဘာထား ကြဲလြဲတာလည္း မရွိပါဘူး။ ကေလာ့ပ္က ဘယ္ကစားသမား ေခၚယူေပးပါဆိုျပီး ေတာင္းဆိုမယ့္သူလည္း မဟုတ္ဘူး။ သူရယ္ ေဂၚဒန္ရယ္နဲ႔ အတ္ဝဒ္တို႔ဟာ ေန႔စဥ္ လုပ္ငန္းစဥ္ေတြမွာ အတူ ပူးေပါင္းလုပ္ေဆာင္ျပီး အသက္းအတြက္ အေကာင္းဆံုးျဖစ္မယ့္ လုပ္ငန္းစဥ္ေတြကို ခ်မွတ္ေနပါတယ္။

Leo D – ဒီေႏြမွာ လီဗာပူးက ေခၚယူမႈေတြ ထပ္မလုပ္ရေကာ အံ့ၾသသင့္စရာ ျဖစ္သြားမလား?

သိပ္ဟုတ္တာေပါ့။ အစဥ္အလာအရ ယာဂင္ကေလာ့ပ္က ကစားသမား ေခၚယူမႈေတြကို ခပ္ေစာေစာ ျပီးတာကိုပဲ ႏွစ္သက္သူပါ။ ဒါေပမယ့္ လက္ရွိ ဘ႑ာေရး အေနအထားအရ အဲ့လိုျဖစ္လာဖို႔ ရိုးရွင္းတဲ့ အခ်ိန္ မဟုတ္ပါဘူး။ ေစး်ကြက္ ေနာက္ပိုင္းမွ ဝင္ေရာက္ျခင္းက ေငြေၾကး ပိုသံုးႏုိင္မယ္လို႔ ယူဆစရာေတြလည္း ရွိပါတယ္။ အဓိက အားျဖင့္ေတာ့ လီဗာပူးက ကစားသမား ေရာင္းခ်မႈကေန ေငြဘယ္ေလာက္ ရမလဲအေပၚမွာလည္း မူတည္ပါတယ္။