လီဗာပူးအသင်းဟာ ဘိုင်ယန်ကွင်းလယ်လူ သီယေဂိုကို ခေါ်ယူဖို့အတွက်ကို တရားဝင် ချိတ်ဆက်မှုကို စတင်ခဲ့ပြီဖြစ်ကြောင်း The Athletic မှ လီဗာပူးသတင်းထောက် ဂျိမ်းပီရက်စ်က အတည်ပြုလိုက်ပါတယ်။ တစ်ချိန်တည်းမှာပဲ ဒီသတင်းကို အခြားသော လီဗာပူးအသင်းထောက်တွေကပါ အတည်ပြုခဲ့ပါပြီ။

တနင်္လာနေ့ကတည်းက စတင်ကာ ချိတ်ဆက်မှု စတင်ခဲ့ခြင်းလို့ သိရပြီး အပြောင်းအရွှေ့ ကိစ္စကိုတော့ ဘွန်ဒက်လီဂါ အဖွင့်ပွဲအဖြစ် ဘိုင်ယန်က ရှော်ကေးကို လက်ခံကစားမယ့် ပွဲမတိုင်ခင်မှာ ပြီးပြတ်ဖို့ ဂျာမာန်ကလပ်က မျှော်လင့်နေပါတယ်။ ဒါကြောင့် အပြောင်းအရွှေ့ ကိစ္စ သဘောတူညီမှုဟာ ၂၄ နာရီ ကနေ အများဆုံး ၄၈ နာရီအတွင်း အတည်ဖြစ်ပါလိမ့်မယ်။

လီဗာပူးဘက်က သီယေဂိုအတွက် ဘိုင်ယန်တောင်းတဲ့ ပြောင်းရွှေ့ကြေးကို ပေးမယ်လို့ သိရတာကြောင့် ယူရို သန်း ၃၀ လောက်ထိ ရောက်မယ့် သဘောတူညီချက် ဖြစ်လာပါမယ်။ ကစားသမားနဲ့တော့ အပြီးသတ် ညိနိင်းမှုတွေကို ဆက်လုပ်နေဆဲဖြစ်ကာ အားလုံးက ဖြောင့်ဖြောင့်တန်းတန်း ဆက်သွားနေတဲ့ အခြေအနေ ဖြစ်နေပါတယ်။

သီယေဂိုဟာ ဘိုင်ယန်ကနေ ထွက်ခွာလိုပြီး သက်တမ်းတိုးမှုလည်း မလုပ်တော့ပါဘူး။ သူ့ကို ခေါ်ယူဖို့ ပီအက်စ်ဂျီ၊ ယူနိုက်တက်တို့ကလည်း စိတ်ဝင်စားပေမယ့် အလေးအနက် ချိတ်ဆက်တဲ့ ကလပ်က လီဗာပူးအသင်း ဖြစ်လာခဲ့ပါတယ်။

မန်နေဂျာယာဂင်ကလော့ပ်က သီယေဂိုကို အတော်လေး အထင်ကြီးတယ်။ သူ့ကို ခေါ်ယူခြင်းက ကလပ်ရဲ့ ချန်ပီယံ ကာကွယ်မှုအတွက် ကြီးမားတဲ့ အထောက်အပံ့ဖြစ်မယ် ယုံကြည်ထားတယ်။ လီဗာပူးတာဝန်ရှိသူတွေက ကွင်းလယ်လူတွေဖြစ်တဲ့ ဂရုဂျစ်၊ ဝဲလ်ဆန်တို့ကို ရောင်းထုတ်ဖို့ ကိစ္စတွေကြောင့် ဈေးကွက် နောက်ပိုင်းမှာ ဝင်ရောက်လာခဲ့ခြင်း ဖြစ်တယ်လို့ သိရတယ်။

အပြောင်းအရွှေ့ အပြီးသတ် ကိစ္စတွေကိုတော့ ပြောခဲ့သလိုပဲ ဆက်ညိနေပြီး ခေါ်ယူနိုင်ဖို့ကတော့ သေချာသလေက် ရှိနေပြီဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ ဘိုင္ယန္ကြင္းလယ္လူ သီေယဂိုကို ေခၚယူဖို႔အတြက္ကို တရားဝင္ ခ်ိတ္ဆက္မႈကို စတင္ခဲ့ျပီျဖစ္ေၾကာင္း The Athletic မွ လီဗာပူးသတင္းေထာက္ ဂ်ိမ္းပီရက္စ္က အတည္ျပဳလိုက္ပါတယ္။ တစ္ခ်ိန္တည္းမွာပဲ ဒီသတင္းကို အျခားေသာ လီဗာပူးအသင္းေထာက္ေတြကပါ အတည္ျပဳခဲ့ပါျပီ။

တနလၤာေန႔ကတည္းက စတင္ကာ ခ်ိတ္ဆက္မႈ စတင္ခ့ဲျခင္းလို႔ သိရျပီး အေျပာင္းအေရႊ႔ ကိစၥကိုေတာ့ ဘြန္ဒက္လီဂါ အဖြင့္ပြဲအျဖစ္ ဘိုင္ယန္က ေရွာ္ေကးကို လက္ခံကစားမယ့္ ပြဲမတိုင္ခင္မွာ ျပီးျပတ္ဖို႔ ဂ်ာမာန္ကလပ္က ေမွ်ာ္လင့္ေနပါတယ္။ ဒါေၾကာင့္ အေျပာင္းအေရႊ႔ ကိစၥ သေဘာတူညီမႈဟာ ၂၄ နာရီ ကေန အမ်ားဆံုး ၄၈ နာရီအတြင္း အတည္ျဖစ္ပါလိမ့္မယ္။

လီဗာပူးဘက္က သီေယဂိုအတြက္ ဘိုင္ယန္ေတာင္းတဲ့ ေျပာင္းေရႊ႔ေၾကးကို ေပးမယ္လို႔ သိရတာေၾကာင့္ ယူရို သန္း ၃၀ ေလာက္ထိ ေရာက္မယ့္ သေဘာတူညီခ်က္ ျဖစ္လာပါမယ္။ ကစားသမားနဲ႔ေတာ့ အျပီးသတ္ ညိႏိင္းမႈေတြကို ဆက္လုပ္ေနဆဲျဖစ္ကာ အားလံုးက ေျဖာင့္ေျဖာင့္တန္းတန္း ဆက္သြားေနတဲ့ အေျခအေန ျဖစ္ေနပါတယ္။

သီေယဂိုဟာ ဘိုင္ယန္ကေန ထြက္ခြာလိုျပီး သက္တမ္းတိုးမႈလည္း မလုပ္ေတာ့ပါဘူး။ သူ႔ကို ေခၚယူဖို႔ ပီအက္စ္ဂ်ီ၊ ယူနုိက္တက္တို႔ကလည္း စိတ္ဝင္စားေပမယ့္ အေလးအနက္ ခ်ိတ္ဆက္တဲ့ ကလပ္က လီဗာပူးအသင္း ျဖစ္လာခဲ့ပါတယ္။

မန္ေနဂ်ာယာဂင္ကေလာ့ပ္က သီေယဂုိုကို အေတာ္ေလး အထင္ၾကီးတယ္။ သူ႔ကို ေခၚယူျခင္းက ကလပ္ရဲ႕ ခ်န္ပီယံ ကာကြယ္မႈအတြက္ ၾကီးမားတဲ့ အေထာက္အပံ့ျဖစ္မယ္ ယံုၾကည္ထားတယ္။ လီဗာပူးတာဝန္ရွိသူေတြက ကြင္းလယ္လူေတြျဖစ္တဲ့ ဂရုဂ်စ္၊ ဝဲလ္ဆန္တို႔ကို ေရာင္းထုတ္ဖို႔ ကိစၥေတြေၾကာင့္ ေစ်းကြက္ ေနာက္ပိုင္းမွာ ဝင္ေရာက္လာခဲ့ျခင္း ျဖစ္တယ္လို႔ သိရတယ္။

အေျပာင္းအေရႊ႔ အျပီးသတ္ ကိစၥေတြကိုေတာ့ ေျပာခဲ့သလိုပဲ ဆက္ညိေနျပီး ေခၚယူႏုိင္ဖို႔ကေတာ့ ေသခ်ာသေလက္ ရွိေနျပီျဖစ္ပါတယ္။