လီဗာပူးအသင်းဟာ ဘိုင်ယန်ကနေ ကွင်းလယ်လူ သီယေဂိုကို ယူရို သန်း ၃၀ ပေးဖို့နဲ့ မြင့်မားတဲ့ လုပ်ခပေးပြီး ခေါ်ယူဖို့ သဘောတူညီထားပြီဖြစ်ကာ အပြီးသတ် ညိနှိုင်းမှုတွေ လုပ်နေပါပြီ။

လီဗာပူးအသင်းဟာ အသင်းရဲ့ ပေါ်လစီကို ချိုးဖောက်ပြီး သီယေဂိုကို ခေါ်ယူခြင်းဖြစ်တယ်။ ဒါဟာ ကလော့ပ်လက်ထက် အသက် ၃၀ နားနီးနေတဲ့ ကစားသမားတစ်ဦးကို မြင့်မားတဲ့ ကြေးပေးပြီး ခေါ်ယူတဲ့ ပထမဆုံး ခေါ်ယူမှုဖြစ်သလို သီယေဂိုဟာ လီဗာပူးအသင်းမှာတော့ ဒုတိယမြောက် လုပ်ခအမြင့်ဆုံး ရမယ့် ကစားသမား ဖြစ်လာဖို့ ရှိနေပါတယ်။

ယာဂင်ကလော့ပ်က သီယေဂိုကို အရမ်း အထင်ကြီးပြီး သူနဲ့ နာဘီကိတ်တာတို့ဟာ ဘွန်ဒက်လီဂါရဲ့ အကောင်းဆုံး ကစားသမားတွေအထိ မြင်ထားခြင်းကြောင့် လီဗာပူးမှာ တွဲဘက်ပေးလိုခြင်းလို့ သိရတယ်။ ကလပ်ဟာ လူငယ်ခေါ်ယူမှုတွေကို အသားပေးပေမယ့် အသင်းသမိုင်း ပထမဆုံးအကြိမ် ပရီးမီးယားလိဂ်ဖလား ကာကွယ်မှုမှာ သီယေဂိုလို နည်းစနစ်ကော အတွေ့အကြုံပါကောင်းတဲ့ ကစားသမားကို ခေါ်ယူဖို့ကို ဆုံးဖြတ်ခဲ့ခြင်းဖြစ်တယ်။

တယ်လီဂရပ်က လီဗာပူးသတင်းထောက် Chris Bascombe က တော့ သီယေဂိုကို ခေါ်ယူခြင်းက ဗဟိုခံစစ်မှူးနေရာအတွက် တိုက်ရိုက် ဖြေရှင်းချက်လည်း ဖြစ်မယ်လို့ ဆိုပါတယ်။ ယာဂင်ကလော့ပ်က ကွင်းလယ်ခံစစ်သမား ဖာဘင်ညိုကို ဗဟိုခံစစ်မှူးနေရာ တွဲသုံးဖို့ကိုပါ ဆုံးဖြတ်ခဲ့ပြီဖြစ်ပါတယ်။

လီဗာပူးအတွက်ကတော့ နံပါတ် ၆ နေရာအတွက် ဟန်ဒါဆန်၊ ဖာဘင်ညိုု၊ သီယေဂိုတို့ သုံးဦးကို ပိုင်ဆိုင်ခဲ့ပြီဖြစ်ပါတယ်။ လိုအပ်လာရင် ဖာဘင်ညိုဟာ လီဗာပူးအသင်းရဲ့ စတုတ္ထခံစစ်မှူးနေရာပါ တွဲယူသွားမယ်လို့ သိရတယ်။

သီယေဂိုကို အပြီးသတ် ခေါ်ယူမှု နီးစပ်နေပေမယ့် ကွင်းလယ်လူ ဝိုက်နယ်ဒမ်ကို ရောင်းထုတ်ဖို့ အလျင်စလို လုပ်မှာ မဟုတ်ဘဲ သီးသန့်ခေါ်ယူမှုအဖြစ် တရားဝင် ညိနှိုင်းနေခြင်း ဖြစ်ပါတယ်။ ဘာစီလိုနာက ချိတ်ဆက်နေပေမယ့် ဝိုက်နယ်ဒမ်က လီဗာပူးမှာပဲ ဆက်နေလိုပြီး ရာသီကုန်ထိ ဆက်ရှိမယ့် အနေအထားမှာပဲ ရှိနေဆဲပါ။

လက်ကျန် ဈေးကွက်မှာတော့ လီဗာပူးအသင်းက လူငယ်ကစားသမားတွေကို ရောင်းထုတ်ဖို့ကိုပဲ ဦးတည်မှာဖြစ်ကာ ထပ်ပြီး ခေါ်ယူခဲ့ရင်တော့ တိုက်စစ်သမားပဲ ဖြစ်လာပါတော့မယ်။

ZAWGYI

လီဗာပူးအသင္းဟာ ဘိုင္ယန္ကေန ကြင္းလယ္လူ သီေယဂိုကို ယူရို သန္း ၃၀ ေပးဖို႔နဲ႔ ျမင့္မားတဲ့ လုပ္ခေပးျပီး ေခၚယူဖို႔ သေဘာတူညီထားျပီျဖစ္ကာ အျပီးသတ္ ညိႏိႈင္းမႈေတြ လုပ္ေနပါျပီ။

လီဗာပူးအသင္းဟာ အသင္းရဲ႕ ေပၚလစီကို ခ်ိဳးေဖာက္ျပီး သီေယဂိုကို ေခၚယူျခင္းျဖစ္တယ္။ ဒါဟာ ကေလာ့ပ္လက္ထက္ အသက္ ၃၀ နားနီးေနတဲ့ ကစားသမားတစ္ဦးကို ျမင့္မားတဲ့ ေၾကးေပးျပီး ေခၚယူတဲ့ ပထမဆံုး ေခၚယူမႈျဖစ္သလို သီေယဂိုဟာ လီဗာပူးအသင္းမွာေတာ့ ဒုတိယေျမာက္ လုပ္ခအျမင့္ဆံုး ရမယ့္ ကစားသမား ျဖစ္လာဖို႔ ရွိေနပါတယ္။

ယာဂင္ကေလာ့ပ္က သီေယဂိုကို အရမ္း အထင္ၾကီးျပီး သူနဲ႔ နာဘီကိတ္တာတို႔ဟာ ဘြန္ဒက္လီဂါရဲ႕ အေကာင္းဆံုး ကစားသမားေတြအထိ ျမင္ထားျခင္းေၾကာင့္ လီဗာပူးမွာ တြဲဘက္ေပးလိုျခင္းလို႔ သိရတယ္။ ကလပ္ဟာ လူငယ္ေခၚယူမႈေတြကို အသားေပးေပမယ့္ အသင္းသမုိင္း ပထမဆံုးအၾကိမ္ ပရီးမီးယားလိဂ္ဖလား ကာကြယ္မႈမွာ သီေယဂိုလို နည္းစနစ္ေကာ အေတြ႔အၾကံဳပါေကာင္းတဲ့ ကစားသမားကို ေခၚယူဖို႔ကို ဆံုးျဖတ္ခဲ့ျခင္းျဖစ္တယ္။

တယ္လီဂရပ္က လီဗာပူးသတင္းေထာက္ Chris Bascombe က ေတာ့ သီေယဂိုကို ေခၚယူျခင္းက ဗဟိုခံစစ္မွဴးေနရာအတြက္ တိုက္ရိုက္ ေျဖရွင္းခ်က္လည္း ျဖစ္မယ္လို႔ ဆိုပါတယ္။ ယာဂင္ကေလာ့ပ္က ကြင္းလယ္ခံစစ္သမား ဖာဘင္ညိဳကို ဗဟိုခံစစ္မွဴးေနရာ တြဲသံုးဖို႔ကိုပါ ဆံုးျဖတ္ခဲ့ျပီျဖစ္ပါတယ္။

လီဗာပူးအတြက္ကေတာ့ နံပါတ္ ၆ ေနရာအတြက္ ဟန္ဒါဆန္၊ ဖာဘင္ညိဳဳ၊ သီေယဂိုတို႔ သံုးဦးကို ပိုင္ဆိုင္ခဲ့ျပီျဖစ္ပါတယ္။ လိုအပ္လာရင္ ဖာဘင္ညိဳဟာ လီဗာပူးအသင္းရဲ႕ စတုတၳခံစစ္မွဴးေနရာပါ တြဲယူသြားမယ္လို႔ သိရတယ္။

သီေယဂိုကို အျပီးသတ္ ေခၚယူမႈ နီးစပ္ေနေပမယ့္ ကြင္းလယ္လူ ဝိုက္နယ္ဒမ္ကို ေရာင္းထုတ္ဖို႔ အလ်င္စလို လုပ္မွာ မဟုတ္ဘဲ သီးသန္႔ေခၚယူမႈအျဖစ္ တရားဝင္ ညိႏိႈင္းေနျခင္း ျဖစ္ပါတယ္။ ဘာစီလိုနာက ခ်ိတ္ဆက္ေနေပမယ့္ ဝိုက္နယ္ဒမ္က လီဗာပူးမွာပဲ ဆက္ေနလိုျပီး ရာသီကုန္ထိ ဆက္ရွိမယ့္ အေနအထားမွာပဲ ရွိေနဆဲပါ။

လက္က်န္ ေစ်းကြက္မွာေတာ့ လီဗာပူးအသင္းက လူငယ္ကစားသမားေတြကို ေရာင္းထုတ္ဖို႔ကိုပဲ ဦးတည္မွာျဖစ္ကာ ထပ္ျပီး ေခၚယူခဲ့ရင္ေတာ့ တိုက္စစ္သမားပဲ ျဖစ္လာပါေတာ့မယ္။