လီဗာပူးအသင်း တာဝန်ရှိသူတွေကတော့ သီယေဂိုအတွက် တရားဝင် ချိတ်ဆက်မှုကို ဒီကနေ့မှာ လုပ်ဆောင်ခဲ့ပြီး ပြောင်းရွှေ့ကြေးကိုပါ သဘောတူညီခဲ့ပြီဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ သီယေဂိုအတွက် ပြောင်းရွှေ့ကြေး ပေါင် သန်း ၂၀ ပေးဖို့ အာမခံချက် ပေးမှာဖြစ်တယ်။ ဒါ့အပြင် ဆုကြေးတွေအရ နောက်ထပ် ပေါင် ၅ သန်း ထပ်ပေးဖို့ကိုလည်း သဘောတူညီလိုက်ပါတယ်။ ဒါဟာ ဘိုင်ယန်ဘက်က တောင်းတဲ့ ယူရို သန်း ၃၀ ကို တစ်လုံးတည်း မပေးတဲ့ ပုံစံဖြင့် သဘောတူခဲ့ခြင်းလည်း ဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ ၂၀၂၀-၂၀၂၁ ဘောလုံးရာသီမှာ သီယေဂိုအတွက် ပေါင် ၅ သန်းပဲ ပေးမှာဖြစ်ပြီး လက်ကျန် ပမာဏကို နှစ်စဉ် အရစ်ကျ ပမာဏတွေနဲ့ ဆက်ပေးမှာဖြစ်တယ်။

လီဗာပူးနဲ့ သီယေဂိုတို့ဟာ ၂၀၂၄ ခုနှစ်ထိ ရှိနေမယ့် စာချုပ်ကို ချုပ်ဆိုမှာဖြစ်ကာ သီယေဂိုအတွက် ကျောနံပါတ် ၆ ဝတ်ဆင်ခွင့်ကို ပေးဖို့ကိုလည်း သဘောတူညီခဲ့ပါတယ်။ လီဗာပူးအသင်းမှာ ကျောနံပါတ် ၆ ကို နောက်ဆုံး ဝတ်ဆင်ခဲ့သူက လိုဗရန်ဖြစ်ကာ အဆိုပါ နံပါတ်က အခုချိန်ထိ လစ်လပ်နေဆဲဖြစ်ပါတယ်။

ယာဂင်ကလော့ပ်နဲ့ သီယေဂိုတို့ သီးသန့်ဆွေးနွေးမှု လုပ်ပြီးခဲ့ကတည်းက သီယေဂိုဟာ လီဗာပူးအသင်းထ့ ပြောင်းဖို့ကိုပဲ စိတ်ပိုင်းဖြတ်ခဲ့ပြီးဖြစ်တာကြောင့် ညိနှိုင်းမှုကိစ္စတွေကို စာရွက်စာတမ်းနဲ့ အတည်ပြုဖို့ကကိုပဲ နာရီအတန်ကြာ ဆက်လက် လုပ်ဆောင်ကြမှာဖြစ်တယ်။ သီယေဂိုဟာ ဒီကနေ့မှာပဲ လီဗာပူးအသင်းနဲ့ ဆေးစစ်မှု ခံယူသွားတော့မှာ ဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ သီယေဂိုကို တရားဝင် ကမ်းလှမ်းမှုလုပ်ဖို့ ကြံ့ကြာခဲ့သော်လည်း အားလုံးသော ကိစ္စတွေကို ကြိုတင် ပြင်ဆင်ထားခဲ့ပြီဖြစ်တာကြောင်း ဘိုင်ယန်အသင်းကို တရားဝင် ချိတ်ဆက်မှု စတင်ပြီးနောက် ၂၄ နာရီ မပြည့်ခင်မှာပဲ အားလုံးသော သဘောတူညီမှုတွေကို စာရွက်စာတမ်းတွေအပေါ် ပြောင်းရွှေ့ဖို့ထိ ခပ်မြန်မြန် လုပ်ဆောင်နိုင်ခြင်း ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္း တာဝန္ရွိသူေတြကေတာ့ သီေယဂိုအတြက္ တရားဝင္ ခ်ိတ္ဆက္မႈကို ဒီကေန႔မွာ လုပ္ေဆာင္ခဲ့ျပီး ေျပာင္းေရႊ႔ေၾကးကိုပါ သေဘာတူညီခဲ့ျပီျဖစ္ပါတယ္။

လီဗာပူးအသင္းဟာ သီေယဂိုအတြက္ ေျပာင္းေရႊ႔ေၾကး ေပါင္ သန္း ၂၀ ေပးဖို႔ အာမခံခ်က္ ေပးမွာျဖစ္တယ္။ ဒါ့အျပင္ ဆုေၾကးေတြအရ ေနာက္ထပ္ ေပါင္ ၅ သန္း ထပ္ေပးဖို႔ကိုလည္း သေဘာတူညီလိုက္ပါတယ္။ ဒါဟာ ဘိုင္ယန္ဘက္က ေတာင္းတဲ့ ယူရို သန္း ၃၀ ကို တစ္လံုးတည္း မေပးတဲ့ ပံုစံျဖင့္ သေဘာတူခဲ့ျခင္းလည္း ျဖစ္ပါတယ္။

လီဗာပူးအသင္းဟာ ၂၀၂၀-၂၀၂၁ ေဘာလံုးရာသီမွာ သီေယဂိုအတြက္ ေပါင္ ၅ သန္းပဲ ေပးမွာျဖစ္ျပီး လက္က်န္ ပမာဏကို ႏွစ္စဥ္ အရစ္က် ပမာဏေတြနဲ႔ ဆက္ေပးမွာျဖစ္တယ္။

လီဗာပူးနဲ႔ သီေယဂိုတို႔ဟာ ၂၀၂၄ ခုႏွစ္ထိ ရွိေနမယ့္ စာခ်ဳပ္ကို ခ်ဳပ္ဆိုမွာျဖစ္ကာ သီေယဂိုအတြက္ ေက်ာနံပါတ္ ၆ ဝတ္ဆင္ခြင့္ကို ေပးဖို႔ကိုလည္း သေဘာတူညီခဲ့ပါတယ္။ လီဗာပူးအသင္းမွာ ေက်ာနံပါတ္ ၆ ကို ေနာက္ဆံုး ဝတ္ဆင္ခဲ့သူက လိုဗရန္ျဖစ္ကာ အဆိုပါ နံပါတ္က အခုခ်ိန္ထိ လစ္လပ္ေနဆဲျဖစ္ပါတယ္။

ယာဂင္ကေလာ့ပ္နဲ႔ သီေယဂိုတို႔ သီးသန္႔ေဆြးေႏြးမႈ လုပ္ျပီးခဲ့ကတည္းက သီေယဂိုဟာ လီဗာပူးအသင္းထ့ ေျပာင္းဖို႔ကိုပဲ စိတ္ပိုင္းျဖတ္ခဲ့ျပီးျဖစ္တာေၾကာင့္ ညိႏိႈင္းမႈကိစၥေတြကို စာရြက္စာတမ္းနဲ႔ အတည္ျပဳဖို႔ကကိုပဲ နာရီအတန္ၾကာ ဆက္လက္ လုပ္ေဆာင္ၾကမွာျဖစ္တယ္။ သီေယဂိုဟာ ဒီကေန႔မွာပဲ လီဗာပူးအသင္းနဲ႔ ေဆးစစ္မႈ ခံယူသြားေတာ့မွာ ျဖစ္ပါတယ္။

လီဗာပူးအသင္းဟာ သီေယဂိုကို တရားဝင္ ကမ္းလွမ္းမႈလုပ္ဖို႔ ၾကံ႕ၾကာခဲ့ေသာ္လည္း အားလံုးေသာ ကိစၥေတြကို ၾကိဳတင္ ျပင္ဆင္ထားခဲ့ျပီျဖစ္တာေၾကာင္း ဘိုင္ယန္အသင္းကို တရားဝင္ ခ်ိတ္ဆက္မႈ စတင္ျပီးေနာက္ ၂၄ နာရီ မျပည့္ခင္မွာပဲ အားလံုးေသာ သေဘာတူညီမႈေတြကို စာရြက္စာတမ္းေတြအေပၚ ေျပာင္းေရႊ႔ဖို႔ထိ ခပ္ျမန္ျမန္ လုပ္ေဆာင္ႏုိင္ျခင္း ျဖစ္ပါတယ္။