စက်တင်ဘာလ ၂၃ ရက်နေ့မှာတော့ လီဗာပူးအသင်းဟာ လိဂ်ဝမ်းကလပ် Lincoln City နဲ့ ကာရာဘောင်းဖလားမှာ ထိပ်တိုက်တွေ့ကြမှာ ဖြစ်ပါတယ်။

ယူနိုက်တက်ကို အမာခံ အားပေးတဲ့ Lincoln City မန်နေဂျာ မိုင်ကယ် အပလီတန်က လီဗာပူးနဲ့ ရင်ဆိုင်ရမယ့်ပွဲအတွက် စိတ်လှုပ်ရှားနေတယ်။ သူကပဲ မန်နေဂျာယာဂင်ကလော့ပ်က ကမ္ဘာအကောင်းဆုံး မန်နေဂျာဖြစ်သလို သူ့အသင်းကလည်း အင်္ဂလန်ရဲ့ အကောင်းဆုံး အသင်းနဲ့ ရင်ဆိုင်ကစားရဖို့ စိတ်အားထက်သန်နေကြောင်း ပြောပါတယ်။

Lincoln City မန်နေဂျာ မိုင်ကယ် အပလီတန်က ” မန်ချက်စတာ ယူနိုက်တက်ကို အားပေးတဲ့ ပရိသတ်တစ်ယောက်အနေနဲ့ ဒီစကားကို ငါပြောတာပါ။ လီဗာပူးအတွက် ကလော့ပ် လုပ်ဆောင်ပြခဲ့တာတွေက သိပ်ကို ထူးချွန်လွန်းပါတယ် ” ဆိုပြီး ကာရာဘောင်း တတိယအဆင့်မှာ လီဗာပူးနဲ့ ယှဉ်ပြိုင်ရမယ့်အပေါ် မှတ်ချက်ပေးပါတယ်။

အပလီတန်က ” လူတွေက ပပ်၊ ဂွာဒီယိုလာနဲ့ မော်ရင်ညိုတို့ကို ကမ္ဘာအကောင်းဆုံး မန်နေဂျာတွေအဖြစ် စကားတွေ ပြောကြတယ်။ ငါ့မျက်လုံးထဲမှာတော့ ငါတို့က ကမ္ဘာပေါ်မှာ အကောင်းဆုံး မန်နေဂျာတစ်ဦးနဲ့ မကြာခင်မှာ ရင်ဆိုင်ရတော့မယ်လို့ မြင်ထားပါတယ်။

ဒီပြိုင်ပွဲက စမ်းစပ်မှု ဖြစ်လာမှာပါ။ ဒါပေမယ့် ငါ လိုချင်တဲ့ စမ်းသပ်မှုပဲ ဖြစ်ပါတယ်။ ကစားသမားတွေအတွက် သူတို့ကိုယ်တိုင် အင်္ဂလန်ရဲ့ အကောင်းဆုံး အသင်းကို ရင်ဆိုင်ခွင့်ရတော့မယ့် အခွင့်အရေးလည်း ဖြစ်ပါတယ် ” လို့ ဆက်ပြီး ပြောဆိုခဲ့ပါတယ်။

လီဗာပူးအသင်းဟာ ချယ်ဆီးနဲ့ အာဆင်နယ်တို့ကို ဆက်တိုက် ယှဉ်ပြိုင်ရမယ့် ပွဲတွေကြားမှာ ကာရာဘောင်းပွဲ ကစားရမှာဖြစ်လို့ လူငယ်တွေကို အသားပေး ထုတ်သုံးမယ်လို့ သိထားရပါတယ်။

ZAWGYI

စက္တင္ဘာလ ၂၃ ရက္ေန႔မွာေတာ့ လီဗာပူးအသင္းဟာ လိဂ္ဝမ္းကလပ္ Lincoln City နဲ႔ ကာရာေဘာင္းဖလားမွာ ထိပ္တိုက္ေတြ႔ၾကမွာ ျဖစ္ပါတယ္။

ယူႏုိက္တက္ကို အမာခံ အားေပးတဲ့ Lincoln City မန္ေနဂ်ာ မိုင္ကယ္ အပလီတန္က လီဗာပူးနဲ႔ ရင္ဆိုင္ရမယ့္ပြဲအတြက္ စိတ္လႈပ္ရွားေနတယ္။ သူကပဲ မန္ေနဂ်ာယာဂင္ကေလာ့ပ္က ကမၻာအေကာင္းဆံုး မန္ေနဂ်ာျဖစ္သလို သူ႔အသင္းကလည္း အဂၤလန္ရဲ႕ အေကာင္းဆံုး အသင္းနဲ႔ ရင္ဆိုင္ကစားရဖို႔ စိတ္အားထက္သန္ေနေၾကာင္း ေျပာပါတယ္။

Lincoln City မန္ေနဂ်ာ မိုင္ကယ္ အပလီတန္က ” မန္ခ်က္စတာ ယူႏုိက္တက္ကို အားေပးတဲ့ ပရိသတ္တစ္ေယာက္အေနနဲ႔ ဒီစကားကို ငါေျပာတာပါ။ လီဗာပူးအတြက္ ကေလာ့ပ္ လုပ္ေဆာင္ျပခဲ့တာေတြက သိပ္ကို ထူးခၽြန္လြန္းပါတယ္ ” ဆိုျပီး ကာရာေဘာင္း တတိယအဆင့္မွာ လီဗာပူးနဲ႔ ယွဥ္ျပိဳင္ရမယ့္အေပၚ မွတ္ခ်က္ေပးပါတယ္။

အပလီတန္က ” လူေတြက ပပ္၊ ဂြာဒီယိုလာနဲ႔ ေမာ္ရင္ညိဳတို႔ကို ကမၻာအေကာင္းဆံုး မန္ေနဂ်ာေတြအျဖစ္ စကားေတြ ေျပာၾကတယ္။ ငါ့မ်က္လံုးထဲမွာေတာ့ ငါတို႔က ကမၻာေပၚမွာ အေကာင္းဆံုး မန္ေနဂ်ာတစ္ဦးနဲ႔ မၾကာခင္မွာ ရင္ဆိုင္ရေတာ့မယ္လို႔ ျမင္ထားပါတယ္။

ဒီျပိဳင္ပြဲက စမ္းစပ္မႈ ျဖစ္လာမွာပါ။ ဒါေပမယ့္ ငါ လိုခ်င္တဲ့ စမ္းသပ္မႈပဲ ျဖစ္ပါတယ္။ ကစားသမားေတြအတြက္ သူတို႔ကိုယ္တိုင္ အဂၤလန္ရဲ႕ အေကာင္းဆံုး အသင္းကို ရင္ဆိုင္ခြင့္ရေတာ့မယ့္ အခြင့္အေရးလည္း ျဖစ္ပါတယ္ ” လို႔ ဆက္ျပီး ေျပာဆိုခဲ့ပါတယ္။

လီဗာပူးအသင္းဟာ ခ်ယ္ဆီးနဲ႔ အာဆင္နယ္တို႔ကို ဆက္တိုက္ ယွဥ္ျပိဳင္ရမယ့္ ပြဲေတြၾကားမွာ ကာရာေဘာင္းပြဲ ကစားရမွာျဖစ္လို႔ လူငယ္ေတြကို အသားေပး ထုတ္သံုးမယ္လို႔ သိထားရပါတယ္။