လီဗာပူးအသင်းဟာ ဘိုင်ယန်မြူးနစ်က စပိန်သား ကွင်းလယ်လူ သီယေဂိုကို ခေါ်ယူဖို့ သဘောတူညီမှု ရခဲ့ပြီဖြစ်ကာ ဆေးစစ်ဖို့ မာဆေးဆိုဒ်ကို လာနေပြီလို့ သိထားရတယ်။

သီယေဂိုကို ခေါ်ယူဖို့ ပရီးမီးယားလိဂ်ကလပ် လီဗာပူးနဲ့ ယူနိုက်တက်တို့က စိတ်ဝင်စားခဲ့ကြပြီး ကစားသမား ကိုယ်တိုင်က မန်နေဂျာယာဂင်ကလော့ပ်နဲ့ စကားပြောအပြီးမှာ လီဗာပူးကိုပဲ ပြောင်းဖို့ စိတ်အားထက်သန်ခဲ့တယ်။ ယူနိုက်တက်ကတော့ သီယေဂိုအတွက် ပေးရမယ့် လုပ်ခလစာကို သဘောမတွေ့ခြင်းကြောင့် ကမ်းလှမ်းမှု နှောင့်နှေးနေစဉ်မှာ လီဗာပူးက သဘောတူညီမှု ရခဲ့ပါတယ်။

The Athletic သတင်းဌာနကပဲ သီယေဂိုကို ခေါ်ယူဖို့ လီဗာပူးကော ယူနိုက်တက်ပါ စိတ်ဝင်စားခဲ့တယ်လို့ ဖော်ပြတယ်။ လီဗာပူးအတွက်တော့ သီယေဂိုက ကောင်းမွန်တဲ့ လက်မှတ်ထိုးမှု ဖြစ်လာမယ်ဆိုတယ်။

The Athletic က ဆက်လက် ဖော်ပြရာမှာ ယူနိုက်တက်က သီယေဂိုကို ခေါ်ယူဖို့ ကြိုးစားလိုတာ ဒီတစ်ကြိမ်မှ မဟုတ်ပါဘူး။ ၂၀၁၃ တုန်းကလည်း ဆာအဲလက်စ်က သူ့နေရာဆက်ခံမယ့် ဒေးဗစ်မိုယက်စ်ကို နောက်ဆုံး လက်ဆောင်အဖြစ်ပေးဖို့ သီယေဂိုကို ခေါ်ယူရေး ကင်းထောက်ခဲ့ကာ အလုံးစုံ သဘောတူညီမှု ရခဲ့တယ်။ ဒါပေမယ့် မိုယက်စ်က အပြောင်းအရွှေ့ကို ဖျက်သိမ်းခဲ့တယ်လို့ ဆိုပါသေးတယ်။

သတင်းတွေ ထွက်ထားခဲ့ပေမယ့် တရားဝင် ချိတ်ဆက်မှု မရှိဘဲ ပြိုင်ဘက်အသင်းထံ သီယေဂို ရောက်သွားတာအတွက် ယူနိုက်တက် ပရိသတ်တွေက ပေါက်ကွဲနေကြပါတယ်။ ပြိုင်ဘက် အသင်းတွေအားလုံးက ခေါ်ယူမှုတွေကို တည်တည်ငြိမ်ငြိမ် လုပ်ဆောင်နေချိန်မှာ သတင်းတွေထွက်ပြီးပဲ အချိန်ကုန်နေသလို ဆန်ချို ကွန်ယက်က ရုန်းမထွက်နိုင်တဲ့ တာဝန်ရှိသူတွေကို ယူနိုက်တက် ပရိသတ်တွေက စိတ်ပျက်နေကြတယ်လို့ သိရတယ်။

ရီယိုဖာဒီနန်ကတော့ ” သီယေဂိုက ထိပ်တန်းအသင်းတွေ လက်မှတ်ထိုးလိုသူပါ။ ယူနိုက်တက်အတွက် ကျနော် ကစားပေးစဉ်တုန်းက ဆာအဲလစ်က ရာသီမစခင် ထိပ်တန်း ကစားသမားတွေကို လက်မှတ်ထိုး ခေါ်ယူပြီးမှ ဆုဖလားတွေအတွက် စတင်လေ့ရှိတယ်။ အခုချိန်မှာတော့ လီဗာပူးအတွက် ဆုဖလားတွေရအောင် သီယေဂိုက ကြိုးစားပေးပါတော့မယ် ” လို့ ညည်းညူသွားပါတယ်။

အားကစားဒါရိုက်တာ အတ်ဝဒ်က သီယေဂိုအား ကိုရိုနာ အပြောင်းအရွှေ့အဖြစ် ဒီရာသီမှာ ပေါင် ၅ သန်းပဲ ပေးဖို့ ညိနှိုင်းနိုင်ခဲ့တယ်။ ဒါကြောင့် လီဗာပူးအသင်းက သီယေဂိုကို ရဖို့ ကစားသမားတွေ ရောင်းချစရာလည်း မလိုအပ်တော့မှာ မဟုတ်ပါဘူး။

ZAWGYI

လီဗာပူးအသင္းဟာ ဘိုင္ယန္ျမဴးနစ္က စပိန္သား ကြင္းလယ္လူ သီေယဂိုကို ေခၚယူဖို႔ သေဘာတူညီမႈ ရခဲ့ျပီျဖစ္ကာ ေဆးစစ္ဖို႔ မာေဆးဆိုဒ္ကို လာေနျပီလို႔ သိထားရတယ္။

သီေယဂိုကို ေခၚယူဖို႔ ပရီးမီးယားလိဂ္ကလပ္ လီဗာပူးနဲ႔ ယူႏုိက္တက္တို႔က စိတ္ဝင္စားခဲ့ၾကျပီး ကစားသမား ကိုယ္တိုင္က မန္ေနဂ်ာယာဂင္ကေလာ့ပ္နဲ႔ စကားေျပာအျပီးမွာ လီဗာပူးကိုပဲ ေျပာင္းဖို႔ စိတ္အားထက္သန္ခဲ့တယ္။ ယူႏုိက္တက္ကေတာ့ သီေယဂိုအတြက္ ေပးရမယ့္ လုပ္ခလစာကို သေဘာမေတြ႔ျခင္းေၾကာင့္ ကမ္းလွမ္းမႈ ေႏွာင့္ေႏွးေနစဥ္မွာ လီဗာပူးက သေဘာတူညီမႈ ရခဲ့ပါတယ္။

The Athletic သတင္းဌာနကပဲ သီေယဂိုကို ေခၚယူဖို႔ လီဗာပူးေကာ ယူႏုိက္တက္ပါ စိတ္ဝင္စားခဲ့တယ္လို႔ ေဖာ္ျပတယ္။ လီဗာပူးအတြက္ေတာ့ သီေယဂိုက ေကာင္းမြန္တဲ့ လက္မွတ္ထိုးမႈ ျဖစ္လာမယ္ဆိုတယ္။

The Athletic က ဆက္လက္ ေဖာ္ျပရာမွာ ယူႏုိက္တက္က သီေယဂိုကို ေခၚယူဖို႔ ၾကိဳးစားလိုတာ ဒီတစ္ၾကိမ္မွ မဟုတ္ပါဘူး။ ၂၀၁၃ တုန္းကလည္း ဆာအဲလက္စ္က သူ႔ေနရာဆက္ခံမယ့္ ေဒးဗစ္မိုယက္စ္ကို ေနာက္ဆံုး လက္ေဆာင္အျဖစ္ေပးဖို႔ သီေယဂိုကို ေခၚယူေရး ကင္းေထာက္ခဲ့ကာ အလံုးစံု သေဘာတူညီမႈ ရခဲ့တယ္။ ဒါေပမယ့္ မိုယက္စ္က အေျပာင္းအေရႊ႔ကို ဖ်က္သိမ္းခဲ့တယ္လို႔ ဆိုပါေသးတယ္။

သတင္းေတြ ထြက္ထားခဲ့ေပမယ့္ တရားဝင္ ခ်ိတ္ဆက္မႈ မရွိဘဲ ျပိဳင္ဘက္အသင္းထံ သီေယဂို ေရာက္သြားတာအတြက္ ယူႏုိက္တက္ ပရိသတ္ေတြက ေပါက္ကြဲေနၾကပါတယ္။ ျပိဳင္ဘက္ အသင္းေတြအားလံုးက ေခၚယူမႈေတြကို တည္တည္ျငိမ္ျငိမ္ လုပ္ေဆာင္ေနခ်ိန္မွာ သတင္းေတြထြက္ျပီးပဲ အခ်ိန္ကုန္ေနသလို ဆန္ခ်ိဳ ကြန္ယက္က ရုန္းမထြက္ႏုိင္တဲ့ တာဝန္ရွိသူေတြကို ယူႏုိက္တက္ ပရိသတ္ေတြက စိတ္ပ်က္ေနၾကတယ္လို႔ သိရတယ္။

ရီယိုဖာဒီနန္ကေတာ့ ” သီေယဂိုက ထိပ္တန္းအသင္းေတြ လက္မွတ္ထိုးလိုသူပါ။ ယူႏုိက္တက္အတြက္ က်ေနာ္ ကစားေပးစဥ္တုန္းက ဆာအဲလစ္က ရာသီမစခင္ ထိပ္တန္း ကစားသမားေတြကို လက္မွတ္ထိုး ေခၚယူျပီးမွ ဆုဖလားေတြအတြက္ စတင္ေလ့ရွိတယ္။ အခုခ်ိန္မွာေတာ့ လီဗာပူးအတြက္ ဆုဖလားေတြရေအာင္ သီေယဂိုက ၾကိဳးစားေပးပါေတာ့မယ္ ” လို႔ ညည္းညဴသြားပါတယ္။

အားကစားဒါရိုက္တာ အတ္ဝဒ္က သီေယဂိုအား ကိုရိုနာ အေျပာင္းအေရႊ႔အျဖစ္ ဒီရာသီမွာ ေပါင္ ၅ သန္းပဲ ေပးဖို႔ ညိႏိႈင္းႏုိင္ခဲ့တယ္။ ဒါေၾကာင့္ လီဗာပူးအသင္းက သီေယဂိုကို ရဖို႔ ကစားသမားေတြ ေရာင္းခ်စရာလည္း မလိုအပ္ေတာ့မွာ မဟုတ္ပါဘူး။