လီဗာပူးအသင်းဟာ ဘိုင်ယန်မြူးနစ်က စပိန်သား ကွင်းလယ်လူ သီယေဂိုကို ခေါ်ယူဖို့ သဘောတူညီမှု ရခဲ့ပြီဖြစ်ကာ ဆေးစစ်ဖို့ မာဆေးဆိုဒ်ကို လာနေပြီလို့ သိထားရတယ်။

သီယေဂိုဟာ လီဗာပူးအသင်းနဲ့ ၂၀၂၄ ခုနှစ်ထိရှိမယ့် စာချုပ်ကို ချုပ်ဆိုမှာဖြစ်ကာ ကျောနံပါတ် ၆ ကို ဝတ်ဆင်ကစားပါမယ်။ သူရမယ့် လုပ်ခနဲ့ ပက်သက်ပြီး အတည်ပြုနိုင်ခြင်း မရှိသေးပေမယ့် တစ်ပတ်ကို ပေါင် ၂ သိန်း ခံစားခွင့်ရမယ်လို့ သတင်းထွက်နေပါတယ်။

လီဗာပူးနဲ့ သီယေဂို အပြောင်းအရွှေ့ကိစ္စ သဘောတူညီမှု ရခဲ့ပြီဖြစ်ကြောင်းကို ဘိုင်ယန် စီးအီးအိုနဲ့ မန်နေဂျာတို့က အတည်ပြုလိုက်ပြီဖြစ်ပါတယ်။

ယူနိုက်တက် ကစားသမားဟောင်း ဖာဒီနန်က လီဗာပူးနဲ့ သီယေဂိုတို့ သဘောတူညီမှု ရလိုက်တာအတွက် စိတ်ပျက်ကြောင်း ဝန်ခံလိုက်ပါတယ်။ ယူနိုက်တက်ဟာ ၂၀၁၃ တုန်းက တစ်ကြိမ်၊ ယခု နွေမှာတစ်ကြိမ် သီယေဂိုကို ခေါ်ယူဖို့ အစီအစဉ်တွေ လုပ်ခဲ့ပေမယ့် နှစ်ကြိမ်လုံး မအောင်မြင်ခဲ့ပါဘူး။

မိုင်ကယ်အိုဝင်က ဒီအပတ် စတမ်းဖိုဒ့်ဘရစ်မှာ ယှဉ်ပြိုင်ကစားကြမယ့် ချယ်ဆီးနဲ့ လီဗာပူးပွဲက အပြန်အလှန် သွင်းဂိုးတွေနဲ့အတူ ၂-၂ ရလဒ် ထွက်ပေါ်မယ်လို့ ခန့်မှန်းသွားပါတယ်။

ရော်ဘတ်ဆန်က သီယေဂိုကို ခေါ်ယူလိုက်နိုင်တာက သိပ်ကောင်းတဲ့ အားဖြည့်မှုလို့ ဆိုလိုက်ပါတယ်။ ထိုနည်းတူပဲ ထရန့်နဲ့ ဗန်ဒိုက်တို့ကလည်း လီဗာပူးသတင်းထောက် ဂျိမ်းပီရက်စ် ကြေညာတဲ့ သီယေဂိုကို ခေါ်ယူဖို့ သဘောတူညီမှုရပြီဆိုတဲ့ သတင်းကို Like ပေးခဲ့ကြတယ်။

ချယ်ဆီးတိုက်စစ်သမား ဟာဗက်ကတော့ ဒီအပတ် ယှဉ်ပြိုင်ကစားရမယ့် ပွဲကြိုမှာ လီဗာပူးက တိုက်စစ်သမားတွေ ရှိပေမယ့် သူတို့အသင်းမှာလည်း အရည်အချင်းရှိ ကစားသမားတွေ အများကြီး ရှိပါကြောင်း ပြောဆိုလိုက်ပါတယ်။

ညာအစွန်လူ ကလိုင်းဟာ လီဗာပူးကနေ ထွက်ခွာသွားပြီးနောက် လက်ရှိမှာ ပဲလေစ့်အသင်းနဲ့ လေ့ကျင့်နေပါတယ်။ သူဟာ ပဲလေစ့်နဲ့ စာချုပ်ချုပ်ဖို့တော့ သဘောတူညီမှု ရယူခြင်း မရှိသေးပါဘူး။

လီဗာပူးဟာ ဖာဘင်ညိုကို ဗဟိုခံစစ်နေရာ သုံးဖို့လည်း အစီအစဉ်ရှိပေမယ့် ဈေးကွက်အတွင်း ဗဟိုခံစစ်မှူးသစ် ရှာဖွေမှုကို ရပ်တန့်သွားမှာ မဟုတ်ဘဲ ကစားသမားကောင်းနဲ့ မှန်ကန်တဲ့ ဈေးဖြစ်ရင် ကမ်းလှမ်းမှု လုပ်နိုင်သေးတယ်လို့ သိရတယ်။

Lincoln City မန်နေဂျာ မိုင်ကယ် အပလီတန်က ” မန်ချက်စတာ ယူနိုက်တက်ကို အားပေးတဲ့ ပရိသတ်တစ်ယောက်အနေနဲ့ ကလော့ပ်က ကမ္ဘာအကောင်းဆုံး မန်နေဂျာဆိုတာ ငါဝန်ခံပါတယ်။ လီဗာပူးအတွက် ကလော့ပ် လုပ်ဆောင်ပြခဲ့တာတွေက သိပ်ကို ထူးချွန်လွန်းပါတယ် ” ဆိုပြီး ထုတ်ပြောခဲ့ပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ ဘိုင္ယန္ျမဴးနစ္က စပိန္သား ကြင္းလယ္လူ သီေယဂိုကို ေခၚယူဖို႔ သေဘာတူညီမႈ ရခဲ့ျပီျဖစ္ကာ ေဆးစစ္ဖို႔ မာေဆးဆိုဒ္ကို လာေနျပီလို႔ သိထားရတယ္။

သီေယဂိုဟာ လီဗာပူးအသင္းနဲ႔ ၂၀၂၄ ခုႏွစ္ထိရွိမယ့္ စာခ်ဳပ္ကို ခ်ဳပ္ဆိုမွာျဖစ္ကာ ေက်ာနံပါတ္ ၆ ကို ဝတ္ဆင္ကစားပါမယ္။ သူရမယ့္ လုပ္ခနဲ႔ ပက္သက္ျပီး အတည္ျပဳႏုိင္ျခင္း မရွိေသးေပမယ့္ တစ္ပတ္ကို ေပါင္ ၂ သိန္း ခံစားခြင့္ရမယ္လို႔ သတင္းထြက္ေနပါတယ္။

လီဗာပူးနဲ႔ သီေယဂို အေျပာင္းအေရႊ႔ကိစၥ သေဘာတူညီမႈ ရခဲ့ျပီျဖစ္ေၾကာင္းကို ဘိုင္ယန္ စီးအီးအိုနဲ႔ မန္ေနဂ်ာတို႔က အတည္ျပဳလိုက္ျပီျဖစ္ပါတယ္။

ယူႏုိက္တက္ ကစားသမားေဟာင္း ဖာဒီနန္က လီဗာပူးနဲ႔ သီေယဂိုတို႔ သေဘာတူညီမႈ ရလိုက္တာအတြက္ စိတ္ပ်က္ေၾကာင္း ဝန္ခံလိုက္ပါတယ္။ ယူႏုိက္တက္ဟာ ၂၀၁၃ တုန္းက တစ္ၾကိမ္၊ ယခု ေႏြမွာတစ္ၾကိမ္ သီေယဂိုကို ေခၚယူဖို႔ အစီအစဥ္ေတြ လုပ္ခဲ့ေပမယ့္ ႏွစ္ၾကိမ္လံုး မေအာင္ျမင္ခဲ့ပါဘူး။

မိုင္ကယ္အိုဝင္က ဒီအပတ္ စတမ္းဖိုဒ့္ဘရစ္မွာ ယွဥ္ျပိဳင္ကစားၾကမယ့္ ခ်ယ္ဆီးနဲ႔ လီဗာပူးပြဲက အျပန္အလွန္ သြင္းဂိုးေတြနဲ႔အတူ ၂-၂ ရလဒ္ ထြက္ေပၚမယ္လို႔ ခန္႔မွန္းသြားပါတယ္။

ေရာ္ဘတ္ဆန္က သီေယဂိုကို ေခၚယူလိုက္ႏုိင္တာက သိပ္ေကာင္းတဲ့ အားျဖည့္မႈလို႔ ဆိုလိုက္ပါတယ္။ ထိုနည္းတူပဲ ထရန္႔နဲ႔ ဗန္ဒိုက္တို႔ကလည္း လီဗာပူးသတင္းေထာက္ ဂ်ိမ္းပီရက္စ္ ေၾကညာတဲ့ သီေယဂိုကို ေခၚယူဖို႔ သေဘာတူညီမႈရျပီဆိုတဲ့ သတင္းကို Like ေပးခဲ့ၾကတယ္။

ခ်ယ္ဆီးတိုက္စစ္သမား ဟာဗက္ကေတာ့ ဒီအပတ္ ယွဥ္ျပိဳင္ကစားရမယ့္ ပြဲၾကိဳမွာ လီဗာပူးက တိုက္စစ္သမားေတြ ရွိေပမယ့္ သူတို႔အသင္းမွာလည္း အရည္အခ်င္းရွိ ကစားသမားေတြ အမ်ားၾကီး ရွိပါေၾကာင္း ေျပာဆိုလိုက္ပါတယ္။

ညာအစြန္လူ ကလိုင္းဟာ လီဗာပူးကေန ထြက္ခြာသြားျပီးေနာက္ လက္ရွိမွာ ပဲေလစ့္အသင္းနဲ႔ ေလ့က်င့္ေနပါတယ္။ သူဟာ ပဲေလစ့္နဲ႔ စာခ်ဳပ္ခ်ဳပ္ဖို႔ေတာ့ သေဘာတူညီမႈ ရယူျခင္း မရွိေသးပါဘူး။

လီဗာပူးဟာ ဖာဘင္ညိဳကို ဗဟိုခံစစ္ေနရာ သံုးဖို႔လည္း အစီအစဥ္ရွိေပမယ့္ ေစ်းကြက္အတြင္း ဗဟိုခံစစ္မွဴးသစ္ ရွာေဖြမႈကို ရပ္တန္႔သြားမွာ မဟုတ္ဘဲ ကစားသမားေကာင္းနဲ႔ မွန္ကန္တဲ့ ေစ်းျဖစ္ရင္ ကမ္းလွမ္းမႈ လုပ္ႏုိင္ေသးတယ္လို႔ သိရတယ္။

Lincoln City မန္ေနဂ်ာ မိုင္ကယ္ အပလီတန္က ” မန္ခ်က္စတာ ယူႏုိက္တက္ကို အားေပးတဲ့ ပရိသတ္တစ္ေယာက္အေနနဲ႔ ကေလာ့ပ္က ကမၻာအေကာင္းဆံုး မန္ေနဂ်ာဆိုတာ ငါဝန္ခံပါတယ္။ လီဗာပူးအတြက္ ကေလာ့ပ္ လုပ္ေဆာင္ျပခဲ့တာေတြက သိပ္ကို ထူးခၽြန္လြန္းပါတယ္ ” ဆိုျပီး ထုတ္ေျပာခဲ့ပါတယ္။