လီဗာပူး ဘယ်အစွန်လူ ရော်ဘတ်ဆန်က စကိုင်းစပေါ့နဲ့လုပ်တဲ့ အင်တာဗျူးမှာ သီယေဂိုအကြောင်း ဖြေပေးဖို့ ငြင်းဆန်ပါတယ်။

လီဗာပူးအသင်းသားတွေဟာ ပြင်ပက အသံတွေကို နားမထောင်ဘဲ ကိုယ်အလုပ် ကိုယ်လုပ်ဖို့ အဓိက ဦးတည်ချက်ရှိကြသူတွေပါ။ အဲ့လို ကိစ္စထဲမှာတော့ ဝေဖန်သံတွေတင် မဟုတ်ဘဲ အပြောင်းအရွှေ့လို ကိစ္စတွေလည်း ပါဝင်ပုံရပါတယ်။

ရော်ဘတ်ဆန်က “ လီဗာပူးလို ကလပ်အသင်းကြီးက ကစားသမားကောင်းတွေနဲ့ တချိန်လုံး သတင်းထွက်လေ့ရှိပါတယ်။ ငါတို့အတွက်ကတော့ ကိုယ်ရဲ့ လူစာရင်းအပေါ်မှာပဲ အဓိက အာရုံစိုက်ပါတယ်။ မဲဝုဒ်က အသင်းဖော်တွေက သီယေဂိုနဲ့ အခြားသော ကစားသမားတွေကို လက်မှတ်ထိုးမယ့် ကိစ္စတွေကို အာရုံစိုက်နေတာ မဟုတ်ပါဘူး။

အပြောင်းအရွှေ့လို ကိစ္စတွေမှာလည်း ငါတို့က အပြီးသတ် လက်မှတ်ထိုးပြီးတဲ့ ကိစ္စတွေကိုပဲ စိတ်ဝင်စားတယ်။ အခြားသော သတင်းတွေကို နားမထောင်ပါဘူး ” လို့ ရှင်းပြခဲ့တယ်။

ဒါပေမယ့်လို့ ရိုဘိုက သီယေဂိုကို ခေါ်ယူနိုင်မှာကို ပရိသတ်တွေ စိတ်လှုပ်ရှားနေတယ်ဆိုတာ သိထားတယ်။ ပရိသတ်တွေ အခုလို စိတ်လှုပ်ရှားနေကတည်းက ဒီခေါ်ယူမှုက မှန်ကန်တဲ့ ခေါ်ယူမှု ဖြစ်လာမယ်ဆိုတာလည်း သူ ယုံကြည်နေပါတယ်။

ရိုဘိုက “ ငါတို့ရဲ့ ရည်မှန်းချက်က ပရိသတ်တွေကို စိတ်လှုပ်ရှားစေဖို့ပါ။ မနှစ်တုန်းက ပရိသတ်တွေကို စိတ်လှုပ်ရှားစေခဲ့ပြီး ခရစ္စမတ် မတိုင်ခင် အမှတ်ပေးဖလားကို အနိုင်ရနိုင်တယ်လို့ သူတို့ ထင်ခဲ့ပေမယ့် ငါတို့ မလုပ်နိုင်ခဲ့ဘူး။

ဒီတော့ ပရိသတ်တွေကို စိတ်လှုပ်ရှားတာတွေ မပေးနိုင်ရင် ငါတို့က မှန်တာတွေ လုပ်နေတယ်လို့ မဆိုနိုင်ဘူး။ ဒီတော့ ပရိသတ်တွေက ကလပ်ရဲ့ လက်မှတ်ထိုးမှုကို ရင်ခုန်နေမယ်၊ စိတ်လှုပ်ရှားနေမယ်ဆိုရင် ဒါက အသင်းက မှန်ကန်တဲ့ ကိစ္စ လုပ်နေတာလို့ ငါယုံတယ်။

သီယေဂိုကို ငါကြည့်ခဲ့တယ်။ သိပ်ကောင်းတဲ့ ကစားသမား၊ အရည်အချင်းက အပြည့်ပဲ။ ကမ္ဘာပေါ်က ကလပ်တိုင်းမှာ ကစားနိုင်တဲ့ အရည်အချင်းမျိုး ရှိသူလည်းဖြစ်တယ်။ ဒီတော့ သူ့ကို ခေါ်ယူနိုင်ခဲ့ရင် ကောင်းပါမယ်။ ဒါပေမယ့် အတည်ပြုတဲ့ အချိန်ထိ စောင့်သွားမှာပါ။ အဲ့အချိန်ကျရင်တော့ ဒီမှာထိုင်ပြီး သီယေဂိုက ဘယ်လောက်တောင် ကောင်းလဲဆိုတာကို ပြောပြပါမယ် ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူး ဘယ္အစြန္လူ ေရာ္ဘတ္ဆန္က စကိုင္းစေပါ့နဲ႔လုပ္တဲ့ အင္တာဗ်ဴးမွာ သီေယဂိုအေၾကာင္း ေျဖေပးဖို႔ ျငင္းဆန္ပါတယ္။

လီဗာပူးအသင္းသားေတြဟာ ျပင္ပက အသံေတြကို နားမေထာင္ဘဲ ကိုယ္အလုပ္ ကိုယ္လုပ္ဖို႔ အဓိက ဦးတည္ခ်က္ရွိၾကသူေတြပါ။ အဲ့လို ကိစၥထဲမွာေတာ့ ေဝဖန္သံေတြတင္ မဟုတ္ဘဲ အေျပာင္းအေရႊ႔လို ကိစၥေတြလည္း ပါဝင္ပံုရပါတယ္။

ေရာ္ဘတ္ဆန္က “ လီဗာပူးလို ကလပ္အသင္းၾကီးက ကစားသမားေကာင္းေတြနဲ႔ တခ်ိန္လံုး သတင္းထြက္ေလ့ရွိပါတယ္။ ငါတို႔အတြက္ကေတာ့ ကိုယ္ရဲ႕ လူစာရင္းအေပၚမွာပဲ အဓိက အာရံုစိုက္ပါတယ္။ မဲဝုဒ္က အသင္းေဖာ္ေတြက သီေယဂိုနဲ႔ အျခားေသာ ကစားသမားေတြကို လက္မွတ္ထိုးမယ့္ ကိစၥေတြကို အာရံုစိုက္ေနတာ မဟုတ္ပါဘူး။

အေျပာင္းအေရႊ႔လို ကိစၥေတြမွာလည္း ငါတို႔က အျပီးသတ္ လက္မွတ္ထိုးျပီးတဲ့ ကိစၥေတြကိုပဲ စိတ္ဝင္စားတယ္။ အျခားေသာ သတင္းေတြကို နားမေထာင္ပါဘူး ” လို႔ ရွင္းျပခဲ့တယ္။

ဒါေပမယ့္လို႔ ရိုဘိုက သီေယဂိုကို ေခၚယူႏုိင္မွာကို ပရိသတ္ေတြ စိတ္လႈပ္ရွားေနတယ္ဆိုတာ သိထားတယ္။ ပရိသတ္ေတြ အခုလို စိတ္လႈပ္ရွားေနကတည္းက ဒီေခၚယူမႈက မွန္ကန္တဲ့ ေခၚယူမႈ ျဖစ္လာမယ္ဆိုတာလည္း သူ ယံုၾကည္ေနပါတယ္။

ရိုဘိုက “ ငါတို႔ရဲ႕ ရည္မွန္းခ်က္က ပရိသတ္ေတြကို စိတ္လႈပ္ရွားေစဖို႔ပါ။ မႏွစ္တုန္းက ပရိသတ္ေတြကို စိတ္လႈပ္ရွားေစခဲ့ျပီး ခရစၥမတ္ မတိုင္ခင္ အမွတ္ေပးဖလားကို အႏုိင္ရႏုိင္တယ္လို႔ သူတို႔ ထင္ခဲ့ေပမယ့္ ငါတို႔ မလုပ္ႏုိင္ခဲ့ဘူး။

ဒီေတာ့ ပရိသတ္ေတြကို စိတ္လႈပ္ရွားတာေတြ မေပးႏုိင္ရင္ ငါတို႔က မွန္တာေတြ လုပ္ေနတယ္လို႔ မဆိုႏုိင္ဘူး။ ဒီေတာ့ ပရိသတ္ေတြက ကလပ္ရဲ႔ လက္မွတ္ထိုးမႈကို ရင္ခုန္ေနမယ္၊ စိတ္လႈပ္ရွားေနမယ္ဆိုရင္ ဒါက အသင္းက မွန္ကန္တဲ့ ကိစၥ လုပ္ေနတာလို႔ ငါယံုတယ္။

သီေယဂိုကို ငါၾကည့္ခဲ့တယ္။ သိပ္ေကာင္းတဲ့ ကစားသမား၊ အရည္အခ်င္းက အျပည့္ပဲ။ ကမၻာေပၚက ကလပ္တိုင္းမွာ ကစားႏုိင္တဲ့ အရည္အခ်င္းမ်ိဳး ရွိသူလည္းျဖစ္တယ္။ ဒီေတာ့ သူ႔ကို ေခၚယူႏုိင္ခဲ့ရင္ ေကာင္းပါမယ္။ ဒါေပမယ့္ အတည္ျပဳတဲ့ အခ်ိန္ထိ ေစာင့္သြားမွာပါ။ အဲ့အခ်ိန္က်ရင္ေတာ့ ဒီမွာထိုင္ျပီး သီေယဂိုက ဘယ္ေလာက္ေတာင္ ေကာင္းလဲဆိုတာကို ေျပာျပပါမယ္ ” လို႔ ဆိုခဲ့တာ ျဖစ္ပါတယ္။