လီဗာပူးအသင်းဟာ တိုက်စစ်ပိုင်းအတွက် ရွေးချယ်စရာ အသစ်ကို ထပ်မံ အားဖြည့်လိုနေခြင်းကြောင့် ဝတ်ဖိုဒ့်နဲ့ တိုက်စစ်သမား ဆာ အပြောင်းအရွှေ့ကိစ္စ ညိနှိုင်းလိုနေကြောင်း လီဗာပူးသတင်းထောက် Dominic King က ဖော်ပြပါတယ်။

တရားဝင် ချိတ်ဆက်မှု တစုံတရာ မရှိသေးသော်လည်း အဓိက တိုက်စစ်သမား သုံးဦးနောက် အရန်အဖြစ် ထားဖို့အတွက် လီဗာပူးက ဆာကို အလေးအနက် စဉ်းစားလာခြင်းလို့ King က ဆိုတယ်။ ဝတ်ဖိုဒ့်ဘက်ကတော့ ဆာအတွက် အနည်းဆုံး ပေါင် ၃၆ သန်းထက် ပိုမို တောင်းခံသွားဖို့ ရှိနေပါတယ်။

လီဗာပူးက တိုက်စစ်အတွက် ဆာကို ဦးတည်မှုကို အလေးအနက် သဘော ပြသလာခြင်းကလွဲလို့ တရားဝင်ကိစ္စ လုံးဝ မရှိသေးပါဘူး။ ဘိုင်ယန်ကနေ သီယေဂိုကို ခေါ်ယူဖို့အား ညိနှိုင်းနိုင်ခဲ့တဲ့ လီဗာပူးဟာ ကပ်ဘေးကြောင့် ဒီရာသီမှာ ပေါင် ၅ သန်းပဲ ပေးမှာဖြစ်ကာ ကျန် ပြောင်းရွှေ့ကြေးကို နှစ်အလိုက် ပေးချေဖို့ သဘောတူညီခဲ့တယ်။

အားကစားဒါရိုက်တာ မိုင်ကယ်အတ်ဝဒ် ဦးဆောင်တဲ့ အဖွဲ့က သီယေဂိုကို ခေါ်ယူခဲ့ရာမှာ ကစားသမား ရောင်းထုတ်မှုက ရမယ့် ငွေကြေးကို အားကိုးစရာ မလိုအောင် စီမံနိုင်ခဲ့တယ်။ သို့ပေမယ့် ဆာကို ခေါ်ယူလိုရင်တော့ ကစားသမား ရောင်းထုတ်ရမှုတွေ လုပ်ဖို့ လိုအပ်မှာဖြစ်ပါတယ်။

ဝတ်ဖိုဒ့်ဘက်ကလည်း လာမယ့်ရာသီ ပရီးမီးယားလိဂ်ကို ပြန်တက်လာဖို့အတွက် အဓိက ကစားသမားတွေကို စုစည်းထားလိုဆဲပါ။ သို့သော် ကပ်ဘေးအတွင်း ဘဏ္ဍာရေး ဟန်ချက်ညီဖို့ ၎င်းတို့ဟာ ဒိုကိုရီကို အဲဗာတန်ထံ ရောင်းထုတ်ထားရပြီး မှန်ကန်တဲ့ ဈေးဖြင့် ဆာကိုလည်း ရောင်းထုတ်တာတွေ လုပ်နိုင်ဆဲဖြစ်တယ်။

လီဗာပူးနဲ့ ဆာ သတင်းတွေက အကြိုအဆင့်မှာပဲ ရှိနေသေးကာ သီယေဂို အပြောင်းအရွှေ့အပြီး ကစားသမား ရောင်းထုတ်မှုတွေ ဆက်လုပ်နိုင်ခဲ့ရင်တော့ ခပ်သွက်သွက်ဖြစ်လာမယ့် သဘောတွေ မြင်လာရပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ တိုက္စစ္ပိုင္းအတြက္ ေရြးခ်ယ္စရာ အသစ္ကို ထပ္မံ အားျဖည့္လိုေနျခင္းေၾကာင့္ ဝတ္ဖိုဒ့္နဲ႔ တိုက္စစ္သမား ဆာ အေျပာင္းအေရႊ႔ကိစၥ ညိႏိႈင္းလိုေနေၾကာင္း လီဗာပူးသတင္းေထာက္ Dominic King က ေဖာ္ျပပါတယ္။

တရားဝင္ ခ်ိတ္ဆက္မႈ တစံုတရာ မရွိေသးေသာ္လည္း အဓိက တိုက္စစ္သမား သံုးဦးေနာက္ အရန္အျဖစ္ ထားဖို႔အတြက္ လီဗာပူးက ဆာကို အေလးအနက္ စဥ္းစားလာျခင္းလို႔ King က ဆိုတယ္။ ဝတ္ဖိုဒ့္ဘက္ကေတာ့ ဆာအတြက္ အနည္းဆံုး ေပါင္ ၃၆ သန္းထက္ ပိုမို ေတာင္းခံသြားဖို႔ ရွိေနပါတယ္။

လီဗာပူးက တိုက္စစ္အတြက္ ဆာကို ဦးတည္မႈကို အေလးအနက္ သေဘာ ျပသလာျခင္းကလြဲလို႔ တရားဝင္ကိစၥ လံုးဝ မရွိေသးပါဘူး။ ဘိုင္ယန္ကေန သီေယဂိုကို ေခၚယူဖို႔အား ညိႏိႈင္းႏုိင္ခဲ့တဲ့ လီဗာပူးဟာ ကပ္ေဘးေၾကာင့္ ဒီရာသီမွာ ေပါင္ ၅ သန္းပဲ ေပးမွာျဖစ္ကာ က်န္ ေျပာင္းေရႊ႔ေၾကးကို ႏွစ္အလိုက္ ေပးေခ်ဖို႔ သေဘာတူညီခဲ့တယ္။

အားကစားဒါရိုက္တာ မိုင္ကယ္အတ္ဝဒ္ ဦးေဆာင္တဲ့ အဖြဲ႔က သီေယဂိုကို ေခၚယူခဲ့ရာမွာ ကစားသမား ေရာင္းထုတ္မႈက ရမယ့္ ေငြေၾကးကို အားကိုးစရာ မလိုေအာင္ စီမံႏုိင္ခဲ့တယ္။ သို႔ေပမယ့္ ဆာကို ေခၚယူလိုရင္ေတာ့ ကစားသမား ေရာင္းထုတ္ရမႈေတြ လုပ္ဖို႔ လိုအပ္မွာျဖစ္ပါတယ္။

ဝတ္ဖိုဒ့္ဘက္ကလည္း လာမယ့္ရာသီ ပရီးမီးယားလိဂ္ကို ျပန္တက္လာဖို႔အတြက္ အဓိက ကစားသမားေတြကို စုစည္းထားလိုဆဲပါ။ သို႔ေသာ္ ကပ္ေဘးအတြင္း ဘ႑ာေရး ဟန္ခ်က္ညီဖို႔ ၄င္းတို႔ဟာ ဒိုကိုရီကို အဲဗာတန္ထံ ေရာင္းထုတ္ထားရျပီး မွန္ကန္တဲ့ ေစ်းျဖင့္ ဆာကိုလည္း ေရာင္းထုတ္တာေတြ လုပ္ႏုိင္ဆဲျဖစ္တယ္။

လီဗာပူးနဲ႔ ဆာ သတင္းေတြက အၾကိဳအဆင့္မွာပဲ ရွိေနေသးကာ သီေယဂို အေျပာင္းအေရႊ႔အျပီး ကစားသမား ေရာင္းထုတ္မႈေတြ ဆက္လုပ္ႏုိင္ခဲ့ရင္ေတာ့ ခပ္သြက္သြက္ျဖစ္လာမယ့္ သေဘာေတြ ျမင္လာရပါတယ္။