ဒီအပတ်မှာတော့ ပွဲကြီးပွဲကောင်းအဖြစ် လီဗာပူးအသင်းဟာ အဝေးကွင်းမှာ ချယ်ဆီးအသင်းကို သွားရောက် ယှဉ်ပြိုင်မှာဖြစ်ပါတယ်။

လက်ရှိချန်ပီယံတွေဟာ ဒီရာသီမှာ ကိုစတက် တစ်ဦးတည်းကိုပဲ ခေါ်ယူထားခဲ့ပြီး ဒီကနေ့မှာတော့ သီယေဂိုကို အပြီးသတ် ခေါ်ယူကြောင်း ကြေညာနိုင်ဖွယ်ရှိတယ်။ ထပ်ပြီး တိုက်စစ်သမား တစ်ဦးကို ခေါ်ယူဖို့လည်း ဦးတည်နေပါတယ်။ တစ်ဘက်မှာတော့ ချယ်ဆီးက ရာသီမစခင်မှာတင် ကစားသမားသစ် အများအပြား ခေါ်ယူထားခဲ့ပြီဖြစ်ပါတယ်။

ဒီပွဲကတော့ ချန်ပီယံလူစာရင်းနဲ့ အရည်အချင်းရှိ လူသစ်အများကြီး အင်အားဖြည့်ထားတဲ့ ချယ်ဆီးလူစာရင်းတို့ အားပြိုင်ခြင်းဖြစ်တာကြောင့် စောင့်ကြည့်ခံရမှုတွေ များပါလိမ့်မယ်။

လော်ရိုးက ” ချယ်ဆီးက ရာသီအစကို ဘရိုက်တန်ကို အနိုင်ယူခြင်းဖြင့် ကောင်းမွန်တဲ့ စတင်ခြင်းကို လုပ်ထားခဲ့တယ်။ လီဗာပူးအသင်းကလည်း လိဒ်ယူနိုက်တက်နဲ့ပွဲမှာ ဟာကွက်တွေ ရှိပေမယ့်လည်း အနိုင်ရလဒ်ကိုတေ့ာ ရယူခဲ့ပါသေးတယ်။

လိဒ်နဲ့ပွဲမှာ လီဗာပူးကို ညံ့တယ်တော့ ပြောမရပါဘူး။ သူတို့ တိုက်စစ်က သွင်းဂိုး ၄ ဂိုးရခဲ့တယ်။ ဒါပေမယ့် ကာလတစ်ခုအတွင်း ပထမဆုံးအကြိမ်အဖြစ် ခံစစ်က တိုက်စစ်လို မကောင်းခဲ့ပါဘူး။ ခံစစ်က နေရာအနှံ့ ပျံ့ကျဲနေခဲ့ပြီး တိုက်စစ်သမား သုံးယောက်ကတော့ ထူးချွန်ခဲ့ပါတယ်။

ပွဲတစ်ပွဲတည်း ရလဒ်နဲ့တော့ တုန့်လှုပ်နေစရာ မရှိပါဘူး။ ကွင်းလယ်ကို အင်အားဖြည့်ဖို့ ဘိုင်ယန်က သီယေဂို အယ်ကန်တာရာကလည်း လာရောက် ပူးပေါင်းသွားမှာဖြစ်ပါတယ်။ သူက ကွင်းလယ်မှာ ဝိုက်နယ်ဒမ်နေရာ အဆင့်မြင့်တင်ခြင်း ဖြစ်လာမှာပါ ” လို့ သုံးသပ်ခဲ့တယ်။

ချယ်ဆီးနဲ့ လီဗာပူးပွဲအတွက် လော်ရိုးရဲ့ ခန့်မှန်းရလဒ်ကတော့ ၁-၁ ဖြစ်ပါတယ်။

ZAWGYI

ဒီအပတ္မွာေတာ့ ပြဲၾကီးပြဲေကာင္းအျဖစ္ လီဗာပူးအသင္းဟာ အေဝးကြင္းမွာ ခ်ယ္ဆီးအသင္းကို သြားေရာက္ ယွဥ္ျပိဳင္မွာျဖစ္ပါတယ္။

လက္ရွိခ်န္ပီယံေတြဟာ ဒီရာသီမွာ ကိုစတက္ တစ္ဦးတည္းကိုပဲ ေခၚယူထားခဲ့ျပီး ဒီကေန႔မွာေတာ့ သီေယဂိုကို အျပီးသတ္ ေခၚယူေၾကာင္း ေၾကညာႏုိင္ဖြယ္ရွိတယ္။ ထပ္ျပီး တိုက္စစ္သမား တစ္ဦးကို ေခၚယူဖို႔လည္း ဦးတည္ေနပါတယ္။ တစ္ဘက္မွာေတာ့ ခ်ယ္ဆီးက ရာသီမစခင္မွာတင္ ကစားသမားသစ္ အမ်ားအျပား ေခၚယူထားခဲ့ျပီျဖစ္ပါတယ္။

ဒီပြဲကေတာ့ ခ်န္ပီယံလူစာရင္းနဲ႔ အရည္အခ်င္းရွိ လူသစ္အမ်ားၾကီး အင္အားျဖည့္ထားတဲ့ ခ်ယ္ဆီးလူစာရင္းတို႔ အားျပိဳင္ျခင္းျဖစ္တာေၾကာင့္ ေစာင့္ၾကည့္ခံရမႈေတြ မ်ားပါလိမ့္မယ္။

ေလာ္ရိုးက ” ခ်ယ္ဆီးက ရာသီအစကို ဘရိုက္တန္ကို အႏုိင္ယူျခင္းျဖင့္ ေကာင္းမြန္တဲ့ စတင္ျခင္းကို လုပ္ထားခဲ့တယ္။ လီဗာပူးအသင္းကလည္း လိဒ္ယူႏုိက္တက္နဲ႔ပြဲမွာ ဟာကြက္ေတြ ရွိေပမယ့္လည္း အႏုိင္ရလဒ္ကိုေတ့ာ ရယူခဲ့ပါေသးတယ္။

လိဒ္နဲ႔ပြဲမွာ လီဗာပူးကို ညံ့တယ္ေတာ့ ေျပာမရပါဘူး။ သူတို႔ တိုက္စစ္က သြင္းဂိုး ၄ ဂိုးရခဲ့တယ္။ ဒါေပမယ့္ ကာလတစ္ခုအတြင္း ပထမဆံုးအၾကိမ္အျဖစ္ ခံစစ္က တိုက္စစ္လို မေကာင္းခဲ့ပါဘူး။ ခံစစ္က ေနရာအႏွံ႔ ပ်ံ႔က်ဲေနခဲ့ျပီး တိုက္စစ္သမား သံုးေယာက္ကေတာ့ ထူးခၽြန္ခဲ့ပါတယ္။

ပြဲတစ္ပြဲတည္း ရလဒ္နဲ႔ေတာ့ တုန္႔လႈပ္ေနစရာ မရွိပါဘူး။ ကြင္းလယ္ကို အင္အားျဖည့္ဖို႔ ဘိုင္ယန္က သီေယဂို အယ္ကန္တာရာကလည္း လာေရာက္ ပူးေပါင္းသြားမွာျဖစ္ပါတယ္။ သူက ကြင္းလယ္မွာ ဝိုက္နယ္ဒမ္ေနရာ အဆင့္ျမင့္တင္ျခင္း ျဖစ္လာမွာပါ ” လို႔ သံုးသပ္ခဲ့တယ္။

ခ်ယ္ဆီးနဲ႔ လီဗာပူးပြဲအတြက္ ေလာ္ရိုးရဲ႕ ခန္႔မွန္းရလဒ္ကေတာ့ ၁-၁ ျဖစ္ပါတယ္။