လီဗာပူးအသင်းဟာ သီယေဂိုနဲ့ ဆေးစစ်မှုကို ဒီကနေ့မှာ ပြုလုပ်မှာဖြစ်တယ်လို့ သိရတယ်။ လီဗာပူးပရိသတ်တွေ ရှာတွေ့ထားတဲ့ အချက်အလက်မှာတော့ မြူနစ်ကနေ ထွက်လာမယ့် လေ့ယာဉ်က လီဗာပူးကို နေ့လည် ၁း၃၀ နာရီမှာ ရောက်မှာဖြစ်လို့ အတည်ပြုမှုက နေ့ခင်းပိုင်းထက် ညပိုင်းမှပဲ ဖြစ်နိုင်မယ်လို့ ယူဆရပါတယ်။

သီယေဂိုဟာ ဘိုင်ယန်မှာတော့ တစ်ပတ်ကို လုပ်ခ ပေါင် ၂၀၈၀၀၀ ထိ ရရှိနေသူပါ။ လီဗာပူးမှာတော့ လုပ်ခ လျော့ယူမှာဖြစ်ပြီး ပေါင် ၁၆၀၀၀၀-၁၈၀၀၀၀ ကြားရမှာဖြစ်ကာ ဆာလက်၊ ဗန်ဒိုက်တို့နောက် လီဗာပူးရဲ့ တတိယမြောက် လုပ်ခအများဆုံး ကစားသမားနေရာမှာ ရှိနေပါမယ်။

လီဗာပူးက ဆာကို အလေးအနက် စိတ်ဝင်စားကြောင်း ကိစ္စကို The Times သတင်းဌာနက လီဗာပူးသတင်းထောက် Paul Joyce ကပါ အတည်ပြုပါတယ်။ သို့သော် တရားဝင် ချိတ်ဆက်မှု၊ ကမ်းလှမ်းမှု လုံးဝ မစတင်ထားသေးပါဘူး။

ဝိုက်နယ်ဒမ်၊ ဘရူးစတားတို့နဲ့ ပက်သက်ပြီး ရောင်းကိုရောင်းမယ်လို့ လီဗာပူးက ဆုံးဖြတ်ထားခြင်း မရှိပါဘူး။ အားလုံးက ကစားသမားတွေရဲ့ ဆန္ဒတွေအတိုင်းဖြစ်ပြီး သူတို့ ထွက်ခွာလိုရင် ရောင်းထုတ်ပေးဖို့ကိုပဲ စီစဉ်မှာဖြစ်ကာ ဆက်နေမယ်ဆိုရင် တားမှ မဟုတ်ဘူးလို့ The Athletic မှ James Pearce က ပြောပါတယ်။

မနှစ်ကမှ စပို့တင်းကို ပြောင်းသွားတဲ့ ပေါ်တူဂီသား ကမာချိုဟာ မန်နေဂျာက သူ့ကို အငှားချလိုခြင်းကြောင့် စပို့တင်း စီနီယာအသင်းကနေ ထွက်ခွာထားပါတယ်။ လီဗာပူးက သူ့ကို အလိုရှိရင် ပြန်လည်ခေါ်ယူခွင့်ရှိပြီး စပို့တင်းက ရောင်းထုတ်ရင်လည်း ၂၀% ခံစားခွင့်ရှိမှာဖြစ်ပါတယ်။

လီဗာပူးက ကာရာဘောင်း ပြိုင်ဘက် Lincoln City နဲ့ပွဲမတိုင်ခင်မှာ ပြိုင်ဘက် အသင်းသားတွေနဲ့ ဝန်ထမ်းတွေရဲ့ ကိုဗစ် စစ်ဆေးမှု ကုန်ကျစရိတ်တွေကို အကုန်အကျခံပေးမှာ ဖြစ်ပါတယ်။

ကာရာဘောင်း တတိယအဆင့်အဖြစ် Lincoln City ကို အနိုင်ရခဲ့ရင် စတုတ္ထအဆင့်မှာတော့ လက်စတာနဲ့ အာဆင်နယ်အတွဲက အနိုင်ရလာတဲ့ အသင်းနဲ့ လီဗာပူးအသင်း ယှဉ်ပြိုင်ရပါမယ်။

ကလော့ပ်က သူဟာ လမ်းပတ်နဲ့ ပက်သက်လို့ ကစားသမားကောင်းတစ်ဦး ဖြစ်ခဲ့တာအတွက် လေးစားရင်းစွဲရှိကြောင်း ထုတ်ပြောလိုက်ပြီး သူနဲ့ လမ်းပတ်ကြား ရန်ဘက်တွေလို ပုံဖော်နေတာကိုတော့ မတတ်နိုင်ဘူးလို့ ထုတ်ပြောလိုက်ပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ သီေယဂိုနဲ႔ ေဆးစစ္မႈကို ဒီကေန႔မွာ ျပဳလုပ္မွာျဖစ္တယ္လို႔ သိရတယ္။ လီဗာပူးပရိသတ္ေတြ ရွာေတြ႔ထားတဲ့ အခ်က္အလက္မွာေတာ့ ျမဴနစ္ကေန ထြက္လာမယ့္ ေလ့ယာဥ္က လီဗာပူးကို ေန႔လည္ ၁း၃၀ နာရီမွာ ေရာက္မွာျဖစ္လို႔ အတည္ျပဳမႈက ေန႔ခင္းပိုင္းထက္ ညပိုင္းမွပဲ ျဖစ္ႏုိင္မယ္လို႔ ယူဆရပါတယ္။

သီေယဂိုဟာ ဘိုင္ယန္မွာေတာ့ တစ္ပတ္ကို လုပ္ခ ေပါင္ ၂၀၈၀၀၀ ထိ ရရွိေနသူပါ။ လီဗာပူးမွာေတာ့ လုပ္ခ ေလ်ာ့ယူမွာျဖစ္ျပီး ေပါင္ ၁၆၀၀၀၀-၁၈၀၀၀၀ ၾကားရမွာျဖစ္ကာ ဆာလက္၊ ဗန္ဒိုက္တို႔ေနာက္ လီဗာပူးရဲ႕ တတိယေျမာက္ လုပ္ခအမ်ားဆံုး ကစားသမားေနရာမွာ ရွိေနပါမယ္။

လီဗာပူးက ဆာကို အေလးအနက္ စိတ္ဝင္စားေၾကာင္း ကိစၥကို The Times သတင္းဌာနက လီဗာပူးသတင္းေထာက္ Paul Joyce ကပါ အတည္ျပဳပါတယ္။ သို႔ေသာ္ တရားဝင္ ခ်ိတ္ဆက္မႈ၊ ကမ္းလွမ္းမႈ လံုးဝ မစတင္ထားေသးပါဘူး။

ဝိုက္နယ္ဒမ္၊ ဘရူးစတားတို႔နဲ႔ ပက္သက္ျပီး ေရာင္းကိုေရာင္းမယ္လို႔ လီဗာပူးက ဆံုးျဖတ္ထားျခင္း မရွိပါဘူး။ အားလံုးက ကစားသမားေတြရဲ႕ ဆႏၵေတြအတိုင္းျဖစ္ျပီး သူတို႔ ထြက္ခြာလိုရင္ ေရာင္းထုတ္ေပးဖို႔ကိုပဲ စီစဥ္မွာျဖစ္ကာ ဆက္ေနမယ္ဆိုရင္ တားမွ မဟုတ္ဘူးလို႔ The Athletic မွ James Pearce က ေျပာပါတယ္။

မႏွစ္ကမွ စပို႔တင္းကို ေျပာင္းသြားတဲ့ ေပၚတူဂီသား ကမာခ်ိဳဟာ မန္ေနဂ်ာက သူ႔ကို အငွားခ်လိုျခင္းေၾကာင့္ စပို႔တင္း စီနီယာအသင္းကေန ထြက္ခြာထားပါတယ္။ လီဗာပူးက သူ႔ကို အလိုရွိရင္ ျပန္လည္ေခၚယူခြင့္ရွိျပီး စပို႔တင္းက ေရာင္းထုတ္ရင္လည္း ၂၀% ခံစားခြင့္ရွိမွာျဖစ္ပါတယ္။

လီဗာပူးက ကာရာေဘာင္း ျပိဳင္ဘက္ Lincoln City နဲ႔ပြဲမတိုင္ခင္မွာ ျပိဳင္ဘက္ အသင္းသားေတြနဲ႔ ဝန္ထမ္းေတြရဲ႕ ကိုဗစ္ စစ္ေဆးမႈ ကုန္က်စရိတ္ေတြကို အကုန္အက်ခံေပးမွာ ျဖစ္ပါတယ္။

ကာရာေဘာင္း တတိယအဆင့္အျဖစ္ Lincoln City ကို အႏုိင္ရခဲ့ရင္ စတုတၳအဆင့္မွာေတာ့ လက္စတာနဲ႔ အာဆင္နယ္အတြဲက အႏုိင္ရလာတဲ့ အသင္းနဲ႔ လီဗာပူးအသင္း ယွဥ္ျပိဳင္ရပါမယ္။

ကေလာ့ပ္က သူဟာ လမ္းပတ္နဲ႔ ပက္သက္လို႔ ကစားသမားေကာင္းတစ္ဦး ျဖစ္ခဲ့တာအတြက္ ေလးစားရင္းစြဲရွိေၾကာင္း ထုတ္ေျပာလိုက္ျပီး သူနဲ႔ လမ္းပတ္ၾကား ရန္ဘက္ေတြလို ပံုေဖာ္ေနတာကိုေတာ့ မတတ္ႏုိင္ဘူးလို႔ ထုတ္ေျပာလိုက္ပါတယ္။