လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်က ချယ်ဆီးပွဲကြို မီဒီယာတွေဆုံမှုကို စလုပ်ပေးနေပြီဖြစ်ပါတယ်။ အားလုံးထင်တဲ့အတိုင်းပဲ လူတိုင်းက သီယေဂိုကိစ္စပဲ မေးနေကြပါတယ်။

သီယေဂိုကိုယ်တိုင်ကတော့ ဘိုင်ယန်ကို နုတ်ဆက်လိုက်ပါပြီ။ သူက မနက်ပိုင်းမှာ မန်ချက်စတာကို ရောက်လာခဲ့ကာ အဲ့ကနေ လီဗာပူးအသင်းကို ရောက်လာပြီး ဆေးစစ်မှုတွေ လုပ်နေတယ်လို့ သိထားရတယ်။ ဒီနေ့မကူးခင်မှာ အတည်ပြု ကြေညာနိုင်ပါတယ်။

သီယေဂိုအကြောင်း ဖြေပေးနေချိန်မှာ ကလော့ပ်က အတော်လေး ပျော်ရွှင်နေတယ်။ ကလပ်က အတည်မပြုပေးတာကြောင့် ကလော့ပ်က သီယေဂို ရောက်ပြီလို့ မပြောပေမယ့် သူ့အမူအယာအရ ဆေးစစ်မှုတွေလည်း အောင်မြင်ဟန်ရှိတယ်။ ကလော့ပ်က ဒီကိစ္စအတွက် အသင်းသား တစ်ဦးဦး ထွက်ခွာရမှာလည်း မဟုတ်ဘူးလို့ ပြောပါတယ်။

ကလော့ပ်က ” ဟန်ဆီဖီလစ်က အောင်မြင်တဲ့ မန်နေဂျာတစ်ဦးပါ။ သိပ်ကောင်းတဲ့သူပါ။ ဒါပေမယ့် ပြောစရာမရှိပါဘူး။ သီယေဂိုအကြောင်း ပြောစရာတော့ မရှိပါဘူး။ တရားဝင် မကြေညာသေးသ၍ တရားဝင် မဟုတ်သေးပါဘူး။ ကျနော်က အစီအစဉ် တင်ဆက်သူမဟုတ်တော့ ဘယ်လို ကြေညာပေးရမယ် မသိဘူးဗျာ။ အလားအလာကောင်းတဲ့ ကိစ္စတစ်ခုပေါ့ဗျာ (အားရပါရ ရယ်လျက်)။

ဒီကနေ့မှာ LFC channels ကို စောင့်ကြည့်နေတဲ့ ပရိသတ်တွေအတွက်ကတော့ တကယ်ကို အသုံးဝင်ပါလိမ့်မယ်။ ကိစ္စက ပြီးမြောက်ခဲ့ပြီဆိုရင်လည်း အသင်းသား တစ်ဦးဦးရဲ့ အနာဂတ်ကို မကောင်းမြင်စရာ သက်ရောက်မှု ဖြစ်လာမှာ မဟုတ်ပါဘူး။ တစ်ယောက်ယောက် ထွက်ရမလားဆိုရင်တော့ နိုးပါပဲ။ အဲ့လို သက်ရောက်မှု ရှိမှာ မဟုတ်ပါဘူး ” လို့ ဆိုသွားပါတယ်။

ZAWGYI

လီဗာပူးမန္ေနဂ်ာ ယာဂင္ကေလာ့ပ္က ခ်ယ္ဆီးပြဲၾကိဳ မီဒီယာေတြဆံုမႈကို စလုပ္ေပးေနျပီျဖစ္ပါတယ္။ အားလံုးထင္တဲ့အတိုင္းပဲ လူတိုင္းက သီေယဂိုကိစၥပဲ ေမးေနၾကပါတယ္။

သီေယဂိုကိုယ္တုိင္ကေတာ့ ဘိုင္ယန္ကို ႏုတ္ဆက္လိုက္ပါျပီ။ သူက မနက္ပိုင္းမွာ မန္ခ်က္စတာကို ေရာက္လာခဲ့ကာ အဲ့ကေန လီဗာပူးအသင္းကို ေရာက္လာျပီး ေဆးစစ္မႈေတြ လုပ္ေနတယ္လို႔ သိထားရတယ္။ ဒီေန႔မကူးခင္မွာ အတည္ျပဳ ေၾကညာႏုိင္ပါတယ္။

သီေယဂိုအေၾကာင္း ေျဖေပးေနခ်ိန္မွာ ကေလာ့ပ္က အေတာ္ေလး ေပ်ာ္ရႊင္ေနတယ္။ ကလပ္က အတည္မျပဳေပးတာေၾကာင့္ ကေလာ့ပ္က သီေယဂို ေရာက္ျပီလို႔ မေျပာေပမယ့္ သူ႔အမူအယာအရ ေဆးစစ္မႈေတြလည္း ေအာင္ျမင္ဟန္ရွိတယ္။ ကေလာ့ပ္က ဒီကိစၥအတြက္ အသင္းသား တစ္ဦးဦး ထြက္ခြာရမွာလည္း မဟုတ္ဘူးလို႔ ေျပာပါတယ္။

ကေလာ့ပ္က ” ဟန္ဆီဖီလစ္က ေအာင္ျမင္တဲ့ မန္ေနဂ်ာတစ္ဦးပါ။ သိပ္ေကာင္းတဲ့သူပါ။ ဒါေပမယ့္ ေျပာစရာမရွိပါဘူး။ သီေယဂိုအေၾကာင္း ေျပာစရာေတာ့ မရွိပါဘူး။ တရားဝင္ မေၾကညာေသးသ၍ တရားဝင္ မဟုတ္ေသးပါဘူး။ က်ေနာ္က အစီအစဥ္ တင္ဆက္သူမဟုတ္ေတာ့ ဘယ္လို ေၾကညာေပးရမယ္ မသိဘူးဗ်ာ။ အလားအလာေကာင္းတဲ့ ကိစၥတစ္ခုေပါ့ဗ်ာ (အားရပါရ ရယ္လ်က္)။

ဒီကေန႔မွာ LFC channels ကို ေစာင့္ၾကည့္ေနတဲ့ ပရိသတ္ေတြအတြက္ကေတာ့ တကယ္ကို အသံုးဝင္ပါလိမ့္မယ္။ ကိစၥက ျပီးေျမာက္ခဲ့ျပီဆိုရင္လည္း အသင္းသား တစ္ဦးဦးရဲ႕ အနာဂတ္ကို မေကာင္းျမင္စရာ သက္ေရာက္မႈ ျဖစ္လာမွာ မဟုတ္ပါဘူး။ တစ္ေယာက္ေယာက္ ထြက္ရမလားဆိုရင္ေတာ့ ႏိုးပါပဲ။ အဲ့လို သက္ေရာက္မႈ ရွိမွာ မဟုတ္ပါဘူး ” လို႔ ဆိုသြားပါတယ္။