လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်က ချယ်ဆီးနဲ့ပွဲကြိုမှာတော့ သတင်းစာတွေက ခေတ်သစ် ပြိုင်ဘက်အတွဲအဖြစ် လီဗာပူးနဲ့ ချယ်ဆီးကို တွဲပေးနေတာကို ရပ်တန့်ဖို့ သတိပေးလိုက်ပါတယ်။
ဒီရက်ပိုင်းမှာ သတင်းသမားတွေက မန်နေဂျာကလော့ပ်နဲ့ ချယ်ဆီးမန်နေဂျာ ကလော့ပ်ကို ရန်တိုက်ပေးတဲ့ သတင်းတွေကို ဖန်တီးနေကြတယ်။ အထူးသဖြင့် ကလော့ပ်က ချယ်ဆီးမန်နေဂျာ လမ်းပတ်ရဲ့ အပြောင်းအရွှေ့မှာ ငွေသုံးစွဲမှုကြီး လုပ်နေတာကို မကျေနပ်ဖြစ်နေတယ်ဆိုတဲ့ စွပ်စွဲတဲ့ ဇာတ်လမ်းကို ဖန်တီးနေခဲ့ကြတာဖြစ်ပါတယ်။
ကလော့ပ်က ” ဘာပြိုင်ဆိုင်မှုမှ မရှိပါဘူး။ သတင်းစာတွေက ရန်ဘက်လုပ်နေတာကို ဖတ်တာတွေ ရပ်လိုက်သင့်ပါပြီ။ ငါဘယ်တုန်းကမှ အဲ့လို မဟုတ်ဘူး။ မင်းတို့မေးတယ်၊ ငါဖြေပေးတယ်။ လူတိုင်းက သူတို့ ရေးလိုတဲ့အပိုင်းကို လမ်းကြောင်းထွင်လိုက်ကြတယ်။ မင်းတို့က ဇာတ်လမ်းတွေ လုပ်လိုက်ကြပါတယ်။
ချယ်ဆီးရဲ့ ကစားသမား ခေါ်ယူမှုကို ငါ ဝေဖန်တယ်ဆိုပြီး မင်းတို့ ဇာတ်လမ်းလုပ်ကြတယ်။ ချယ်ဆီး၊ လမ်းပတ်နဲ့ ငါ့ကြားမှာ ရန်ဘက်တွေ လုပ်လိုက်ကြတယ်။ ဘာလို့ ဒီလိုတွေ လုပ်နေရလဲ ?” လို့ သတင်းသမားတွေကို မျက်နှာခြင်းဆိုင် မေးခွန်းထုတ်ခဲ့တာဖြစ်တယ်။
ဆက်ပြီးလည်း ကလော့ပ်က ” မနှစ်တုန်းက ချယ်ဆီးနဲ့ အကြိမ်ကြိမ် ရင်ဆိုင်ကစားခဲ့သလို ထိပ်တိုက်တွေ့တိုင်း ခက်ခဲခဲ့တာချည်းပါပဲ။ ဒီအခြေအနေမှာ ချယ်ဆီးနဲ့ ပက်သက်ပြီး အများကြီး သိထားရခြင်း မရှိဘူး။ ရာသီစ အစောပိုင်းပဲ ရှိသေးတာဖြစ်ပါတယ်။ ချယ်ဆီးနဲ့ပွဲက မနှစ်ကနဲ့ ခြားနားမှာဖြစ်ပြီး စစ်မှန်တဲ့ တိုက်ခိုက်မှုကို လုပ်ရမှာပါ။ ကျနေ်ာတို့ အဆင်သင့် ဖြစ်နေရပါမယ်။ ယှဉ်ပြိုင်လိုက်ရအောင်ပါ။
ဘွန်ဒက်လီဂါက ခက်ခဲတဲ့ လိဂ်ဖြစ်ပြီး ဂျာမနီဘောလုံးကလည်း ကောင်းမွန်ပါတယ်။ သူတို့ အရည်အချင်းရှိတဲ့ ကစားသမားတွေကို ရှာဖွေပြီး ကောင်းမွန် မှန်ကန်စွာ ပျိုးထောင်မှုတွေ လုပ်လာနိုင်တယ်။ ဒါက တိုးတက်မှုရဲ့ အစိတ်အပိုင်းပါပဲ။ အဲ့တာက အကူအညီဖြစ်ပါလိမ့်မယ်။ မနက်ဖြန်မှာပဲ ချက်ခြင်းဆိုပြီး အကျိုးအမြတ်ရမှာမျိုး မဟုတ်ပါဘူး။ ” လို့ ဆိုခဲ့ပါတယ်။
ZAWGYI