မန်နေဂျာယာဂင်ကလော့ပ်က ကလပ်ဟာ တိုးတက်လာဖို့ကို အမြဲတမ်း စဉ်းစားနေပြီး ဈေးကွက် မပိတ်သေးတာကြောင့် ဆန္ဒမစောဖို့ ပရိသတ်တွေကို အသိပေးလိုက်ပါတယ်။

ပရီးမီးယားလိဂ် ချန်ပီယံဘွဲ့ကို ကာကွယ်ရမယ့် လီဗာပူးက လူသစ်ခေါ်ယူမှု အားနည်းခြင်းအတွက် အဓိက ဝေဖန်ခံရတာပါ။ မနှစ်တုန်းကလည်း လူသစ် ခေါ်ယူခဲ့ခြင်း မရှိတာကြောင့် အသင်းအပေါ် ဝေဖန်မှုတွေ မြင့်တက်ခဲ့ပေမယ့် ကလော့ပ်ကတော့ အားလုံးက အဆက်မပြတ် အလုပ်လုပ်နေကြတာပါလို့ ပြောပါတယ်။

ကလော့ပ်က ” ငါတို့က တိုးတက်လာဖို့ကိုပဲ တသမတ်တည်း တွေးတောကြံဆနေတာပါ။ ဈေးကွက်က ပုံမှန်အတိုင်း သွားနေတာဖြစ်တယ်။ အောက်တိုဘာလ ၅ ရက်နေ့မှာ တူညီစွာပဲ ပိတ်မှာဖြစ်ပါတယ်။ တစ်ခုခုကို ငါတို့ လုပ်မယ်ဆိုပြီး ကတိမပေးနိုင်ပါဘူး။ ရာနှုန်းပြည့် ငါတို့ လူသစ်မခေါ်ဘူးလို့လည်း ငါမပြောဘူး။ အခြေအနေပေါ် မူတည်ပါတယ်။ ငါတို့က တိုးတက်လာအောင် လုပ်နေကြတာပါ။

တခါတလေမှာ ရောင်းရတာရှိတယ်၊ တခါတလေ ဝယ်ရတာရှိတယ်။ ဘောလုံးမှာ ကိုယ်ရသလောက်နဲ့ ကိုယ်ပြန်သုံးရပါတယ်။ ဒီနွေက အသင်းအတွက် တိုတောင်းတဲ့ နွေကာလလည်း ဖြစ်ခဲ့တယ်။ အဲ့တာက အဓိက အချက်ပါပဲ။ ငါတို့ကတော့ အလုပ်တွေ အဆက်မပြတ် လုပ်နေတာပါပဲ။ တခါတလေမှာ ငါတို့ရဲ့ လုပ်ဆောင်ချက်ကို လူတွေ သဘောကျပါတယ်။ တခါတလေမှာတော့ နောက်ပိုင်းမှ ငါတို့ လုပ်ဆောင်မှုတွေကို သဘောကျလာကြတာတွေ ရှိပါတယ် ” လို့ ဆိုခဲ့ပါတယ်။

လီဗာပူးအသင်းဟာ ဒီရာသီမှာ ဘယ်အစွန်နေရာအတွက် ကိုစတက်ကို ခေါ်ယူထားပြီး ဒီကနေ့ ညမှာတော့ သီယေဂိုကို အတည်ပြုဖွယ်ရှိတယ်။ နောက်ထပ် ခေါ်ယူမှုအဖြစ် တိုက်စစ်သမား တစ်ဦး ထပ်ခေါ်ယူဦးမယ်လို့ သတင်းထွက်နေပါသေးတယ်။

ZAWGYI

မန္ေနဂ်ာယာဂင္ကေလာ့ပ္က ကလပ္ဟာ တိုးတက္လာဖို႔ကို အျမဲတမ္း စဥ္းစားေနျပီး ေစ်းကြက္ မပိတ္ေသးတာေၾကာင့္ ဆႏၵမေစာဖို႔ ပရိသတ္ေတြကို အသိေပးလိုက္ပါတယ္။

ပရီးမီးယားလိဂ္ ခ်န္ပီယံဘြဲ႔ကို ကာကြယ္ရမယ့္ လီဗာပူးက လူသစ္ေခၚယူမႈ အားနည္းျခင္းအတြက္ အဓိက ေဝဖန္ခံရတာပါ။ မႏွစ္တုန္းကလည္း လူသစ္ ေခၚယူခဲ့ျခင္း မရွိတာေၾကာင့္ အသင္းအေပၚ ေဝဖန္မႈေတြ ျမင့္တက္ခဲ့ေပမယ့္ ကေလာ့ပ္ကေတာ့ အားလံုးက အဆက္မျပတ္ အလုပ္လုပ္ေနၾကတာပါလို႔ ေျပာပါတယ္။

ကေလာ့ပ္က ” ငါတို႔က တိုးတက္လာဖို႔ကိုပဲ တသမတ္တည္း ေတြးေတာၾကံဆေနတာပါ။ ေစ်းကြက္က ပံုမွန္အတိုင္း သြားေနတာျဖစ္တယ္။ ေအာက္တိုဘာလ ၅ ရက္ေန႔မွာ တူညီစြာပဲ ပိတ္မွာျဖစ္ပါတယ္။ တစ္ခုခုကို ငါတို႔ လုပ္မယ္ဆိုျပီး ကတိမေပးႏုိင္ပါဘူး။ ရာႏႈန္းျပည့္ ငါတို႔ လူသစ္မေခၚဘူးလို႔လည္း ငါမေျပာဘူး။ အေျခအေနေပၚ မူတည္ပါတယ္။ ငါတုိ႔က တိုးတက္လာေအာင္ လုပ္ေနၾကတာပါ။

တခါတေလမွာ ေရာင္းရတာရွိတယ္၊ တခါတေလ ဝယ္ရတာရွိတယ္။ ေဘာလံုးမွာ ကိုယ္ရသေလာက္နဲ႔ ကိုယ္ျပန္သံုးရပါတယ္။ ဒီေႏြက အသင္းအတြက္ တိုေတာင္းတဲ့ ေႏြကာလလည္း ျဖစ္ခဲ့တယ္။ အဲ့တာက အဓိက အခ်က္ပါပဲ။ ငါတို႔ကေတာ့ အလုပ္ေတြ အဆက္မျပတ္ လုပ္ေနတာပါပဲ။ တခါတေလမွာ ငါတုိ႔ရဲ႕ လုပ္ေဆာင္ခ်က္ကို လူေတြ သေဘာက်ပါတယ္။ တခါတေလမွာေတာ့ ေနာက္ပိုင္းမွ ငါတို႔ လုပ္ေဆာင္မႈေတြကို သေဘာက်လာၾကတာေတြ ရွိပါတယ္ ” လို႔ ဆိုခဲ့ပါတယ္။

လီဗာပူးအသင္းဟာ ဒီရာသီမွာ ဘယ္အစြန္ေနရာအတြက္ ကိုစတက္ကို ေခၚယူထားျပီး ဒီကေန႔ ညမွာေတာ့ သီေယဂိုကို အတည္ျပဳဖြယ္ရွိတယ္။ ေနာက္ထပ္ ေခၚယူမႈအျဖစ္ တိုက္စစ္သမား တစ္ဦး ထပ္ေခၚယူဦးမယ္လို႔ သတင္းထြက္ေနပါေသးတယ္။