လီဗာပူးအသင်းဟာ တိုက်စစ်ပိုင်းအတွက် ကစားသမား ခေါ်ယူဖို့ရာ လှုပ်ရှားမှုတွေ ရှိနေပြီး ဘာစီလိုနာ တောင်ပံသမား ဒမ်ဘီလီကို ချဉ်ကပ်မှုတွေ ရှိနေတယ်လို့ သတင်းထွက်လာပါတယ်။

လီဗာပူးက တောင်ပံတိုက်စစ်နေရာကို အဓိက အားဖြည့်လိုနေတာဖြစ်ပြီး ပစ်မှတ်တွေထဲမှာတော့ ဝုဗ်မှ ထရာအိုရေး၊ ဝတ်ဖိုဒ့်မှ ဆာနဲ့ ဘာစီလိုနာမှ ဒမ်ဘီလီတို့ ပါဝင်နေတာဖြစ်တယ်။ လီဗာပူးသတင်းထောက်တွေရဲ့ ဖော်ပြမှုအရ ဆာကို အပြီးသတ် ခေါ်ယူဖို့က အလေးအနက် စဉ်စားလာနေတဲ့ ကိစ္စ ဖြစ်သော်လည်း အခြားသော တိုက်စစ်သမားတွေနဲ့ ချိန်ထိုးကြည့်မှုတွေ လုပ်ဦးမယ်လို့ သိထားရပါတယ်။

စပိန်သတင်းတွေဘက်ကတော့ လီဗာပူးက ဒမ်ဘီလီကို တစ်ရာသီ အငှားဖြင့် ခေါ်ယူဖို့ ချဉ်းကပ်နေတယ်လို့ ဖော်ပြလာကြတယ်။ လီဗာပူးဘက်က ဒမ်ဘီလီအတွက် ငှားရမ်းခ ပေးဖို့နဲ့ လုပ်ခ ပေးချေဖို့ အပိုင်းတွေကို စုံစမ်းနေတဲ့ သဘောလို့ ယူဆရဖွယ် ရှိပါတယ်။ ဒါပေမယ့် ဒမ်ဘီလီကို ခေါ်ယူဖို့ ကြိုးစားရင် အပြီးသတ် မဟုတ်ဘဲ အငှားစာချုပ်ပဲ ဖြစ်ပါမယ်။

၂၀၁၇ ခုနှစ်မှာ ယူရို ၁၀၅ သန်းဖြင့် ခေါ်ယူထားတဲ့ ပြင်သစ်သားအတွက် ဘာစီလိုနာက အပြီးသတ် စာချုပ်တွေကိုပဲ အလိုရှိကာ လီဗာပူးဘက်ကတော့ အပြီးသတ်မျိုး မခေါ်လိုသေးဘူးလို့ သိရတယ်။ ပြင်သစ်သားဟာ ဘာစီလိုနာကို ကူးပြောင်းပြီး ကတည်းက ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်နေခဲ့ရသူ ဖြစ်တယ်။

ဒေါ့မွန်အသင်းမှာ ရှိစဉ်ကတည်းက မန်နေဂျာကလော့ပ်က လီဗာပူးအတွက် သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ပေမယ့် ကြိုးစားမှု မအောင်မြင်ခဲ့ပါဘူး။ လက်ရှိမှာ တရားဝင် ညိနှိုင်းမှုတွေ မရှိသေးပေမယ့် မန်နေဂျာကိုးမန်းလက်ထက်မှာ အပြောင်းအလဲတွေ လုပ်လိုနေတဲ့ ဘာစီလိုနာက ဒမ်ဘီလီကို အပြီးသတ်ပဲ ရောင်းထုတ်လိုကာ အငှားချမှာ မဟုတ်ပါဘူး။

ZAWGYI

လီဗာပူးအသင္းဟာ တိုက္စစ္ပိုင္းအတြက္ ကစားသမား ေခၚယူဖို႔ရာ လႈပ္ရွားမႈေတြ ရွိေနျပီး ဘာစီလိုနာ ေတာင္ပံသမား ဒမ္ဘီလီကို ခ်ဥ္ကပ္မႈေတြ ရွိေနတယ္လို႔ သတင္းထြက္လာပါတယ္။

လီဗာပူးက ေတာင္ပံတိုက္စစ္ေနရာကို အဓိက အားျဖည့္လိုေနတာျဖစ္ျပီး ပစ္မွတ္ေတြထဲမွာေတာ့ ဝုဗ္မွ ထရာအိုေရး၊ ဝတ္ဖိုဒ့္မွ ဆာနဲ႔ ဘာစီလိုနာမွ ဒမ္ဘီလီတို႔ ပါဝင္ေနတာျဖစ္တယ္။ လီဗာပူးသတင္းေထာက္ေတြရဲ႕ ေဖာ္ျပမႈအရ ဆာကို အျပီးသတ္ ေခၚယူဖို႔က အေလးအနက္ စဥ္စားလာေနတဲ့ ကိစၥ ျဖစ္ေသာ္လည္း အျခားေသာ တိုက္စစ္သမားေတြနဲ႔ ခ်ိန္ထိုးၾကည့္မႈေတြ လုပ္ဦးမယ္လို႔ သိထားရပါတယ္။

စပိန္သတင္းေတြဘက္ကေတာ့ လီဗာပူးက ဒမ္ဘီလီကို တစ္ရာသီ အငွားျဖင့္ ေခၚယူဖို႔ ခ်ဥ္းကပ္ေနတယ္လို႔ ေဖာ္ျပလာၾကတယ္။ လီဗာပူးဘက္က ဒမ္ဘီလီအတြက္ ငွားရမ္းခ ေပးဖို႔နဲ႔ လုပ္ခ ေပးေခ်ဖို႔ အပိုင္းေတြကို စံုစမ္းေနတဲ့ သေဘာလို႔ ယူဆရဖြယ္ ရွိပါတယ္။ ဒါေပမယ့္ ဒမ္ဘီလီကို ေခၚယူဖို႔ ၾကိဳးစားရင္ အျပီးသတ္ မဟုတ္ဘဲ အငွားစာခ်ဳပ္ပဲ ျဖစ္ပါမယ္။

၂၀၁၇ ခုႏွစ္မွာ ယူရို ၁၀၅ သန္းျဖင့္ ေခၚယူထားတဲ့ ျပင္သစ္သားအတြက္ ဘာစီလိုနာက အျပီးသတ္ စာခ်ဳပ္ေတြကိုပဲ အလုိရွိကာ လီဗာပူးဘက္ကေတာ့ အျပီးသတ္မ်ိဳး မေခၚလိုေသးဘူးလို႔ သိရတယ္။ ျပင္သစ္သားဟာ ဘာစီလိုနာကို ကူးေျပာင္းျပီး ကတည္းက ဒဏ္ရာျပႆနာေတြနဲ႔ ရုန္းကန္ေနခဲ့ရသူ ျဖစ္တယ္။

ေဒါ့မြန္အသင္းမွာ ရွိစဥ္ကတည္းက မန္ေနဂ်ာကေလာ့ပ္က လီဗာပူးအတြက္ သူ႔ကို ေခၚယူဖို႔ စိတ္ဝင္စားခဲ့ေပမယ့္ ၾကိဳးစားမႈ မေအာင္ျမင္ခဲ့ပါဘူး။ လက္ရွိမွာ တရားဝင္ ညိႏိႈင္းမႈေတြ မရွိေသးေပမယ့္ မန္ေနဂ်ာကိုးမန္းလက္ထက္မွာ အေျပာင္းအလဲေတြ လုပ္လိုေနတဲ့ ဘာစီလိုနာက ဒမ္ဘီလီကို အျပီးသတ္ပဲ ေရာင္းထုတ္လိုကာ အငွားခ်မွာ မဟုတ္ပါဘူး။