လီဗာပူးနဲ့ပွဲကြို ချယ်ဆီအသင်းဘက်က လုပ်သွားတဲ့ ပွဲကြို မီဒီယာတွေ့ဆုံမှုမှာ ၎င်းတို့အသင်း မန်နေဂျာလမ်းပတ်က တနင်္ဂနွေနေ့နေ့ပွဲမှာ မပါနိုင်မယ့် ကစားသမားတွေအကြောင်း အတည်ပြုပါတယ်။

လမ်းပတ်က ” ချီဝဲလ်က အဆင်သင့် မဖြစ်သေးပါဘူး။ ပူလီဆစ်ကောပါပဲ။ ဒီအပတ်မှာ သူတို့ လေ့ကျင့်ရေး ဝင်နိုင်ဖို့တော့ မျှော်လင့်နေပါတယ်။ ဇီယက်ကလည်း လီဗာပူးနဲ့ပွဲအတွက် အဆင်သင့် မဖြစ်သေးပါဘူး။ ဝါနာကတော့ ကြံ့ခိုင်မှု ကောင်းနေပါတယ်။

ကုန်ခဲ့တဲ့ သုံးရက်၊ လေးရက်လောက်မှာ သီယေဂိုက ကျနေ်ာတို့နဲ့ လေ့ကျင့်ရေး ဆင်းထားပါတယ်။ ဒါပေမယ့် လီဗာပူးနဲ့ပွဲမှာ ပါဝင်ဖို့ကတော့ သူ့အတွက် အရမ်း စောလွန်းနေပါသေးတယ် ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ဝါနာဟာ ဘရိုက်တန်နဲ့ပွဲမှာ ကြွက်တက်ခဲ့တယ်လို့ သိရပြီး ဒီအပတ်မှာ ပြန်ကစားဖို့တော့ အချိန်မှီ ကြံ့ခိုင်နေပါမယ်။ ဒါပေမယ့် ဒီရာသီမှာ အသစ်ခေါ်ယူထားတဲ့ ဇီယက်၊ ချီဝဲလ်၊ သီယေဂိုနဲ့ အဓိက တိုက်စစ်သမား ပူလီဆစ်တို့ကတော့ ကစားနိုင်မှာ မဟုတ်ပါဘူး။

လီဗာပူးအသင်းမှာတော့ ကွင်းလယ်လူ ချိန်ဘာလိန်ကလွဲလို့ ဒဏ်ရာရ ကစားသမားတွေ ကင်းစင်နေပါတယ်။ ဒီကနေ့ညမှာ သီယေဂို အယ်ကန်တာရာကို လက်မှတ်ထိုးနိုင်ကြောင်း ကြေညာမှာဖြစ်ပေမယ့် ချယ်ဆီးနဲ့ပွဲမှာတော့ ထည့်သုံးဦးမှာ မဟုတ်ဘဲ အစောဆုံးအားဖြင့် ကာရာဘောင်းပွဲမှာ ပါဝင်ကစားတာကို မျှော်လင့်နိုင်မှာဖြစ်တယ်။

လေ့ကျင့်ရေးကွင်းမှာ အသေးစား ထိခိုက်မှုတွေ ရှိပေမယ့်လည်း ပုံမှန်ပဲဖြစ်ပြီး ချယ်ဆီးနဲ့ပွဲအတွက် ထူးထူးခြားခြား ဒဏ်ရာရ ကစားသမားစာရင်း မရှိပါဘူးလို့ ကလော့ပ်ကလည်း ပွဲကြိုမှာ ထုတ်ပြောထားပါတယ်။

ZAWGYI

လီဗာပူးနဲ႔ပြဲၾကိဳ ခ်ယ္ဆီအသင္းဘက္က လုပ္သြားတဲ့ ပြဲၾကိဳ မီဒီယာေတြ႔ဆံုမႈမွာ ၄င္းတို႔အသင္း မန္ေနဂ်ာလမ္းပတ္က တနဂၤေႏြေန႔ေန႔ပြဲမွာ မပါႏုိင္မယ့္ ကစားသမားေတြအေၾကာင္း အတည္ျပဳပါတယ္။

လမ္းပတ္က ” ခ်ီဝဲလ္က အဆင္သင့္ မျဖစ္ေသးပါဘူး။ ပူလီဆစ္ေကာပါပဲ။ ဒီအပတ္မွာ သူတို႔ ေလ့က်င့္ေရး ဝင္ႏုိင္ဖို႔ေတာ့ ေမွ်ာ္လင့္ေနပါတယ္။ ဇီယက္ကလည္း လီဗာပူးနဲ႔ပြဲအတြက္ အဆင္သင့္ မျဖစ္ေသးပါဘူး။ ဝါနာကေတာ့ ၾကံ႕ခိုင္မႈ ေကာင္းေနပါတယ္။

ကုန္ခဲ့တဲ့ သံုးရက္၊ ေလးရက္ေလာက္မွာ သီေယဂိုက က်ေန္ာတို႔နဲ႔ ေလ့က်င့္ေရး ဆင္းထားပါတယ္။ ဒါေပမယ့္ လီဗာပူးနဲ႔ပြဲမွာ ပါဝင္ဖို႔ကေတာ့ သူ႔အတြက္ အရမ္း ေစာလြန္းေနပါေသးတယ္ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။

ဝါနာဟာ ဘရိုက္တန္နဲ႔ပြဲမွာ ၾကြက္တက္ခဲ့တယ္လို႔ သိရျပီး ဒီအပတ္မွာ ျပန္ကစားဖို႔ေတာ့ အခ်ိန္မွီ ၾကံ႕ခိုင္ေနပါမယ္။ ဒါေပမယ့္ ဒီရာသီမွာ အသစ္ေခၚယူထားတဲ့ ဇီယက္၊ ခ်ီဝဲလ္၊ သီေယဂိုနဲ႔ အဓိက တိုက္စစ္သမား ပူလီဆစ္တို႔ကေတာ့ ကစားႏုိင္မွာ မဟုတ္ပါဘူး။

လီဗာပူးအသင္းမွာေတာ့ ကြင္းလယ္လူ ခ်ိန္ဘာလိန္ကလြဲလို႔ ဒဏ္ရာရ ကစားသမားေတြ ကင္းစင္ေနပါတယ္။ ဒီကေန႔ညမွာ သီေယဂို အယ္ကန္တာရာကို လက္မွတ္ထိုးႏုိင္ေၾကာင္း ေၾကညာမွာျဖစ္ေပမယ့္ ခ်ယ္ဆီးနဲ႔ပြဲမွာေတာ့ ထည့္သံုးဦးမွာ မဟုတ္ဘဲ အေစာဆံုးအားျဖင့္ ကာရာေဘာင္းပြဲမွာ ပါဝင္ကစားတာကို ေမွ်ာ္လင့္ႏုိင္မွာျဖစ္တယ္။

ေလ့က်င့္ေရးကြင္းမွာ အေသးစား ထိခိုက္မႈေတြ ရွိေပမယ့္လည္း ပံုမွန္ပဲျဖစ္ျပီး ခ်ယ္ဆီးနဲ႔ပြဲအတြက္ ထူးထူးျခားျခား ဒဏ္ရာရ ကစားသမားစာရင္း မရွိပါဘူးလို႔ ကေလာ့ပ္ကလည္း ပြဲၾကိဳမွာ ထုတ္ေျပာထားပါတယ္။