လီဗာပူးအသင်းနဲ့ ဝုဗ်အသင်းတို့ဟာ နယ်သာလန်သား ဆယ်ကျော်သက် ခံစစ်သမား ဟိုဗာကို အပြီးသတ် ရောင်းထုတ်ပေးဖို့အတွက် ပြောင်းရွှေ့ကြေးကို သဘောတူညီမှု ရရှိသွားပြီဖြစ်ကြောင်း လီဗာပူးသတင်းထောက် ဂျိမ်းပီရက်စ်က အတည်ပြုပါတယ်။

၂၀၁၈ ခုနှစ်မှာ လီဗာပူးအသင်းကို ပြောင်းလာခဲ့တဲ့ ဟိုဗာဟာ မနှစ်ကမှ ကာလရှည် စာချုပ်ချုပ်ဆိုထားသူဖြစ်ကာ ဒီနွေမှာ အငှားထွက်ကစားမယ်လို့ သတင်းကြီးထားသူပါ။ ဒါပေမယ့်လို့ ဝုဗ်ဘက်က ကောင်းမွန်တဲ့ စာချုပ်ကို ပေးခဲ့တာကြောင့် လီဗာပူးဘက်က အပြီးသတ် ရောင်းထုတ်ပေးဖို့ သဘောတူညီပေးခဲ့ခြင်း ဖြစ်ပါတယ်။

လီဗာပူးအတွက် စီနီယာပွဲ ၄ ပွဲ ကစားပေးထားတဲ့ အသက် ၁၈ နှစ်အရွယ် ခံစစ်သမားအတွက် ဝုဗ်ဘက်က ပြောင်းရွှေ့ကြေး ပေါင် ၁၀ သန်း ပေးရမှာဖြစ်ကာ ဒီကနေ့မှာပဲ နယ်သာလန်သားလေးဟာ ဝုဗ်ကို ပြောင်းဖို့ကို စတင် လုပ်ဆောင်နေပြီဖြစ်ပါတယ်။

ဟိုဗာဟာ လီဗာပူးအသင်းရဲ့ အက်ဖ်အေဖလား ပြိုင်ဆိုင်မှု သမိုင်းမှာ အသက်အငယ်ဆုံး ကစားသမားအဖြစ် ၂၀၁၉ ခုနှစ်တုန်းက ဝုဗ်နဲ့ပွဲမှာ ပွဲထွက်ခဲ့ပြီး ထိုစဉ်တုန်းက သူ့အသက်ဟာ ၁၆ နှစ်ပဲ ရှိခဲ့ပါတယ်။ ဗဟိုခံစစ်မှူးနေရာနဲ့ ညာအစွန်နေရာတွေမှာ ကစားနိုင်သူဖြစ်ကာ ရာသီကြိုမှာ ညာအစွန်နေရာကို ကစားပေးခဲ့တယ်။

ဟိုဗာဟာ လိုဗရန်ပြီးနောက် ဒီနွေမှာ လီဗာပူးအသင်းက ဒုတိယမြောက် ရောင်းထုတ်တဲ့ ခံစစ်သမားဖြစ်ပြီး ဈေးကွက်မပိတ်ခင် ထပ်ပြီးလည်း ကစားသမား ရောင်းထုတ်မှုတွေ ရှိလာဦးမှာဖြစ်သလို ကစားသမား အဝင်တွေလည်း ရှိလာမယ် ခန့်မှန်းရပါတယ်။

ZAWGYI

လီဗာပူးအသင္းနဲ႔ ဝုဗ္အသင္းတို႔ဟာ နယ္သာလန္သား ဆယ္ေက်ာ္သက္ ခံစစ္သမား ဟိုဗာကို အျပီးသတ္ ေရာင္းထုတ္ေပးဖို႔အတြက္ ေျပာင္းေရႊ႔ေၾကးကို သေဘာတူညီမႈ ရရွိသြားျပီျဖစ္ေၾကာင္း လီဗာပူးသတင္းေထာက္ ဂ်ိမ္းပီရက္စ္က အတည္ျပဳပါတယ္။

၂၀၁၈ ခုႏွစ္မွာ လီဗာပူးအသင္းကို ေျပာင္းလာခဲ့တဲ့ ဟိုဗာဟာ မႏွစ္ကမွ ကာလရွည္ စာခ်ဳပ္ခ်ဳပ္ဆိုထားသူျဖစ္ကာ ဒီေႏြမွာ အငွားထြက္ကစားမယ္လို႔ သတင္းၾကီးထားသူပါ။ ဒါေပမယ့္လို႔ ဝုဗ္ဘက္က ေကာင္းမြန္တဲ့ စာခ်ဳပ္ကို ေပးခဲ့တာေၾကာင့္ လီဗာပူးဘက္က အျပီးသတ္ ေရာင္းထုတ္ေပးဖို႔ သေဘာတူညီေပးခဲ့ျခင္း ျဖစ္ပါတယ္။

လီဗာပူးအတြက္ စီနီယာပြဲ ၄ ပြဲ ကစားေပးထားတဲ့ အသက္ ၁၈ ႏွစ္အရြယ္ ခံစစ္သမားအတြက္ ဝုဗ္ဘက္က ေျပာင္းေရႊ႔ေၾကး ေပါင္ ၁၀ သန္း ေပးရမွာျဖစ္ကာ ဒီကေန႔မွာပဲ နယ္သာလန္သားေလးဟာ ဝုဗ္ကို ေျပာင္းဖို႔ကို စတင္ လုပ္ေဆာင္ေနျပီျဖစ္ပါတယ္။

ဟိုဗာဟာ လီဗာပူးအသင္းရဲ႕ အက္ဖ္ေအဖလား ျပိဳင္ဆိုင္မႈ သမုိင္းမွာ အသက္အငယ္ဆံုး ကစားသမားအျဖစ္ ၂၀၁၉ ခုႏွစ္တုန္းက ဝုဗ္နဲ႔ပြဲမွာ ပြဲထြက္ခဲ့ျပီး ထိုစဥ္တုန္းက သူ႔အသက္ဟာ ၁၆ ႏွစ္ပဲ ရွိခဲ့ပါတယ္။ ဗဟိုခံစစ္မွဴးေနရာနဲ႔ ညာအစြန္ေနရာေတြမွာ ကစားႏုိင္သူျဖစ္ကာ ရာသီၾကိဳမွာ ညာအစြန္ေနရာကို ကစားေပးခဲ့တယ္။

ဟိုဗာဟာ လိုဗရန္ျပီးေနာက္ ဒီေႏြမွာ လီဗာပူးအသင္းက ဒုတိယေျမာက္ ေရာင္းထုတ္တဲ့ ခံစစ္သမားျဖစ္ျပီး ေစ်းကြက္မပိတ္ခင္ ထပ္ျပီးလည္း ကစားသမား ေရာင္းထုတ္မႈေတြ ရွိလာဦးမွာျဖစ္သလို ကစားသမား အဝင္ေတြလည္း ရွိလာမယ္ ခန္႔မွန္းရပါတယ္။