လီဗာပူးအသင်းဟာ တိုက်စစ်ပိုင်းကို အင်အားဖြည့်ဖို့အတွက် ဝုဗ်မှ အသက် ၂၃ နှစ်အရွယ် တိုက်စစ်သမား ဂျိုတာကို ခေါ်ယူဖို့ စိတ်ဝင်စားလာပါတယ်။

The Times သတင်းထောက် Paul Joyce က ဒီသတင်းကို အတည်ပြုခဲ့ပြီး အခြားသော လီဗာပူးသတင်းထောက်တွေကလည်း လီဗာပူးက ဂျိုတာကို ခေါ်ယူလိုတဲ့ ကိစ္စကို အတည်ပြု ထုတ်ဖော်လိုက်ပြီ ဖြစ်ပါတယ်။

အသက်လက်တီကို မက်ဒရစ် ကစားသမားဟောင်းဖြစ်တဲ့ ဂျိုတာဟာ ၂၀၁၈ ခုနှစ်မှာ ဝုဗ်ကို ပြောင်းလာခဲ့သူဖြစ်ကာ ပရီးမီးယားလိဂ်ပွဲ ၈၅ ပွဲမှာ သွင်းဂိုး ၂၆ ဂိုးထိ သွင်းယူထားသူဖြစ်တယ်။ ပေါ်တူဂီသားဟာ ဘယ်တောင်ပံတင် မဟုတ်ဘဲ အထောင်တိုက်စစ်သမားနဲ့ နောက်တိုက်စစ်မှူး နေရာတွေမှာပါ ကစားနိုင်သူဖြစ်ပါတယ်။

လီဗာပူးအသင်းက ဟိုဗာကို ဝုဗ်အသင်းထံ ပေါင် ၁၀ သန်း ဖြင့် ရောင်းထုတ်ဖို့ သဘောတူညီခဲ့ကာ အခြားသော ထပ်တိုး ပြောင်းရွှေ့ကြေးတွေလည်း ပါဝင်သွားမယ်လို့ သိရတယ်။ ဂျိုတာကိုတော့ ဟိုဗာ ကမ်းလှမ်းမှု အပြီးမှာ စိတ်ဝင်စားနေကြောင်း သတင်းထွက်လာသော်လည်း အလဲအထပ် ပုံစံဖြင့် ခေါ်ယူမှု ဖြစ်မလားက စောင့်ကြည့်ရပါမယ်။

လီဗာပူးအသင်းဟာ ကွင်းလယ်လူ သီယေဂိုကို ခေါ်ယူမှုကို အဆုံးသတ်တော့မှာ ဖြစ်ကာ လက်ရှိ မဲဝုဒ်မှာ ဆေးစစ်မှုနဲ့ အပြီးသတ် ကိစ္စတွေ လုပ်နေပါပြီ။ နောက်ထပ်သော ခေါ်ယူမှုအဖြစ် ဝတ်ဖိုဒ့်မှ ဆာကို အလေးအနက် ထားနေသလို အခုချိန်မှာတော့ ဝုဗ်မှ ဂျိုတာကိုလည်း တရားဝင် ချိတ်ဆက်လိုတယ်လို့ သိလာရတာဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ တိုက္စစ္ပိုင္းကို အင္အားျဖည့္ဖို႔အတြက္ ဝုဗ္မွ အသက္ ၂၃ ႏွစ္အရြယ္ တိုက္စစ္သမား ဂ်ိဳတာကို ေခၚယူဖို႔ စိတ္ဝင္စားလာပါတယ္။

The Times သတင္းေထာက္ Paul Joyce က ဒီသတင္းကို အတည္ျပဳခဲ့ျပီး အျခားေသာ လီဗာပူးသတင္းေထာက္ေတြကလည္း လီဗာပူးက ဂ်ိဳတာကို ေခၚယူလိုတဲ့ ကိစၥကို အတည္ျပဳ ထုတ္ေဖာ္လိုက္ျပီ ျဖစ္ပါတယ္။

အသက္လက္တီကို မက္ဒရစ္ ကစားသမားေဟာင္းျဖစ္တဲ့ ဂ်ိဳတာဟာ ၂၀၁၈ ခုႏွစ္မွာ ဝုဗ္ကို ေျပာင္းလာခဲ့သူျဖစ္ကာ ပရီးမီးယားလိဂ္ပြဲ ၈၅ ပြဲမွာ သြင္းဂိုး ၂၆ ဂိုးထိ သြင္းယူထားသူျဖစ္တယ္။ ေပၚတူဂီသားဟာ ဘယ္ေတာင္ပံတင္ မဟုတ္ဘဲ အေထာင္တိုက္စစ္သမားနဲ႔ ေနာက္တိုက္စစ္မွဴး ေနရာေတြမွာပါ ကစားႏုိင္သူျဖစ္ပါတယ္။

လီဗာပူးအသင္းက ဟိုဗာကို ဝုဗ္အသင္းထံ ေပါင္ ၁၀ သန္း ျဖင့္ ေရာင္းထုတ္ဖို႔ သေဘာတူညီခဲ့ကာ အျခားေသာ ထပ္တိုး ေျပာင္းေရႊ႔ေၾကးေတြလည္း ပါဝင္သြားမယ္လို႔ သိရတယ္။ ဂ်ိဳတာကိုေတာ့ ဟိုဗာ ကမ္းလွမ္းမႈ အျပီးမွာ စိတ္ဝင္စားေနေၾကာင္း သတင္းထြက္လာေသာ္လည္း အလဲအထပ္ ပံုစံျဖင့္ ေခၚယူမႈ ျဖစ္မလားက ေစာင့္ၾကည့္ရပါမယ္။

လီဗာပူးအသင္းဟာ ကြင္းလယ္လူ သီေယဂိုကို ေခၚယူမႈကို အဆံုးသတ္ေတာ့မွာ ျဖစ္ကာ လက္ရွိ မဲဝုဒ္မွာ ေဆးစစ္မႈနဲ႔ အျပီးသတ္ ကိစၥေတြ လုပ္ေနပါျပီ။ ေနာက္ထပ္ေသာ ေခၚယူမႈအျဖစ္ ဝတ္ဖိုဒ့္မွ ဆာကို အေလးအနက္ ထားေနသလို အခုခ်ိန္မွာေတာ့ ဝုဗ္မွ ဂ်ိဳတာကိုလည္း တရားဝင္ ခ်ိတ္ဆက္လိုတယ္လို႔ သိလာရတာျဖစ္ပါတယ္။