လီဗာပူးကစားသမားသစ် ဖြစ်လာတဲ့ သီယေဂိုက ပထမဆုံး အင်တာဗျူးကို လုပ်ဆောင်ပေးသွားပါပြီ။

သူက လီဗာပူးကို ပြောင်းလာရတာ အရမ်း ခမ်းနားတယ်လို့ ခံစားရကြောင်းနဲ့ အသင်းပရိသတ်တွေက သူ့ထက်တောင် စိတ်လှုပ်ရှားနေကြတယ်လို့ ဖွင့်ဟသွားပါတယ်။

သီယေဂိုက ပြောရာမှာ “ အရမ်း ခမ်းနားတယ်လို့ ခံစားရတယ်။ ဒီအခိုက်အတန့်ကို အချိန်အကြာကြီး ကျနော် စောင့်မျှော်နေခဲ့ရတာပါ။ လီဗာပူးကို ရောက်လာရတာ အရမ်း အရမ်း ပျော်ပါတယ်။

ကုန်ခဲ့တဲ့ နှစ်တွေမှာ ကိုယ် တတ်နိုင်သလောက် အောင်မြင်မှုတွေရဖို့ ကြိုးစားခဲ့ပြီး အောင်မြင်မှုတွေ ရခဲ့တယ်။ ကိုယ်က အောင်မြင်လေ ပိုပြီး အောင်မြင်လာချင်လေပါပဲ။ လီဗာပူးအသင်းက ကျနော် ဘာဆိုတာကို ဖော်ပြနေပါတယ်။ အားလုံးရဲ့ ဦးတည်ချက်တွေအတိုင်းပဲ ဖြစ်နိုင်သလောက် ဆုဖလားတွေ အများကြီးကို ကျနော် အနိုင်ရလိုတယ်။

ဒီလို ခံစားချက်ရှိနေတဲ့ အသင်းထံလည်း ကျနော် ပူးပေါင်းလိုတယ်။ ကျနေ်ာတို့ဟာ အရမ်း ရင်းနှီးတဲ့ ဆက်ဆံရေးတွေရှိကြပြီး ဒါကို ကျနော် ခံစားမိတယ်။ ဒီကလပ်မှာရှိတဲ့ ခံစားချက်တွေကို ကျနော် ခံစားမိနေတယ် ” လို့ ဖွင့်ဟခဲ့တာ ဖြစ်ပါတယ်။

အသက် ၂၉ နှစ်အရွယ် ကစားသမားဟာ အမှတ်ပေစးဖလား ၉ ကြိမ်နဲ့ ချန်ပီယံလိဂ်ဖလား ၂ ကြိမ် အနိုင်ရထားသူဖြစ်တယ်။ သူဟာ ဖီဖာ ကလပ်များ ကမ္ဘာဖလား နှစ်ကြိမ်ကိုလည်း အနိုင်ယူထားပြီး လီဗာပူးအတွက်တော့ အရမ်းကောင်းတဲ့ အတွေ့အကြုံတွေကို အားဖြည့်ပေးမယ့်သူ ဖြစ်ပါတယ်။

သီယေဂိုက “ အသင်းမှာ ဖြစ်နိုင်သလောက် ခပ်မြန်မြန် အထိုင်ကျအောင် ကျနေ်ာ ကြိုးစားမှာဖြစ်ပါတယ်။ မကြာခင်မှာ စတင်တော့မှာပါ။ ဒါပေမယ့် အားလုံးက ဘောလုံးပါပဲ။ ကိစ္စကြီးတွေ အားလုံးနဲ့ ကောင်းမွန်တဲ့ ကိစ္စတွေ အားလုံးကို ကောင်းမွန်စွာ လုပ်ဆောင်ကြမှာဖြစ်ပါတယ်။ တိုက်စစ်ကကော ခံစစ်မှာပါ အသင်းကို ကူညီဖို့ ကြိုးစားမှာပါ။ စိတ်ဓါတ်ပိုင်းမှာကောပေါ့။

ပရိသတ်တွေက ကျနော်ထက်တောင် စိတ်လှုပ်ရှားနေသေးတယ်။ စကားတွေနဲ့ အများကြီး ပြောစရာ မရှိပါဘူး။ အလုပ်တွေနဲ့ သက်သေပြရမှာပါ။ ကွင်းထဲမှာ အသင်းဖော်တွေအတွက်၊ ပရိသတ်တွေနဲ့ ကလပ်အတွက် ကျနော်ရဲ့ နှလုံးအိမ်ကို မြုပ်နှံ ပေးသွားမှာပါ။ ” လို့ ဆိုခဲ့ပါတယ်။

ZAWGYI

လီဗာပူးကစားသမားသစ္ ျဖစ္လာတဲ့ သီေယဂိုက ပထမဆံုး အင္တာဗ်ဴးကို လုပ္ေဆာင္ေပးသြားပါျပီ။

သူက လီဗာပူးကို ေျပာင္းလာရတာ အရမ္း ခမ္းနားတယ္လို႔ ခံစားရေၾကာင္းနဲ႔ အသင္းပရိသတ္ေတြက သူ႔ထက္ေတာင္ စိတ္လႈပ္ရွားေနၾကတယ္လို႔ ဖြင့္ဟသြားပါတယ္။

သီေယဂိုက ေျပာရာမွာ “ အရမ္း ခမ္းနားတယ္လို႔ ခံစားရတယ္။ ဒီအခုိက္အတန္႔ကို အခ်ိန္အၾကာၾကီး က်ေနာ္ ေစာင့္ေမွ်ာ္ေနခဲ့ရတာပါ။ လီဗာပူးကို ေရာက္လာရတာ အရမ္း အရမ္း ေပ်ာ္ပါတယ္။

ကုန္ခဲ့တဲ့ ႏွစ္ေတြမွာ ကိုယ္ တတ္ႏုိင္သေလာက္ ေအာင္ျမင္မႈေတြရဖို႔ ၾကိဳးစားခဲ့ျပီး ေအာင္ျမင္မႈေတြ ရခဲ့တယ္။ ကိုယ္က ေအာင္ျမင္ေလ ပိုျပီး ေအာင္ျမင္လာခ်င္ေလပါပဲ။ လီဗာပူးအသင္းက က်ေနာ္ ဘာဆိုတာကို ေဖာ္ျပေနပါတယ္။ အားလံုးရဲ႕ ဦးတည္ခ်က္ေတြအတိုင္းပဲ ျဖစ္ႏုိင္သေလာက္ ဆုဖလားေတြ အမ်ားၾကီးကို က်ေနာ္ အႏုိင္ရလိုတယ္။

ဒီလို ခံစားခ်က္ရွိေနတဲ့ အသင္းထံလည္း က်ေနာ္ ပူးေပါင္းလိုတယ္။ က်ေန္ာတို႔ဟာ အရမ္း ရင္းႏွီးတဲ့ ဆက္ဆံေရးေတြရွိၾကျပီး ဒါကို က်ေနာ္ ခံစားမိတယ္။ ဒီကလပ္မွာရွိတဲ့ ခံစားခ်က္ေတြကို က်ေနာ္ ခံစားမိေနတယ္ ” လို႔ ဖြင့္ဟခဲ့တာ ျဖစ္ပါတယ္။

အသက္ ၂၉ ႏွစ္အရြယ္ ကစားသမားဟာ အမွတ္ေပစးဖလား ၉ ၾကိမ္နဲ႔ ခ်န္ပီယံလိဂ္ဖလား ၂ ၾကိမ္ အႏုိင္ရထားသူျဖစ္တယ္။ သူဟာ ဖီဖာ ကလပ္မ်ား ကမၻာဖလား ႏွစ္ၾကိမ္ကိုလည္း အႏုိင္ယူထားျပီး လီဗာပူးအတြက္ေတာ့ အရမ္းေကာင္းတဲ့ အေတြ႔အၾကံဳေတြကို အားျဖည့္ေပးမယ့္သူ ျဖစ္ပါတယ္။

သီေယဂိုက “ အသင္းမွာ ျဖစ္ႏုိင္သေလာက္ ခပ္ျမန္ျမန္ အထုိင္က်ေအာင္ က်ေန္ာ ၾကိဳးစားမွာျဖစ္ပါတယ္။ မၾကာခင္မွာ စတင္ေတာ့မွာပါ။ ဒါေပမယ့္ အားလံုးက ေဘာလံုးပါပဲ။ ကိစၥၾကီးေတြ အားလံုးနဲ႔ ေကာင္းမြန္တဲ့ ကိစၥေတြ အားလံုးကို ေကာင္းမြန္စြာ လုပ္ေဆာင္ၾကမွာျဖစ္ပါတယ္။ တိုက္စစ္ကေကာ ခံစစ္မွာပါ အသင္းကို ကူညီဖို႔ ၾကိဳးစားမွာပါ။ စိတ္ဓါတ္ပိုင္းမွာေကာေပါ့။

ပရိသတ္ေတြက က်ေနာ္ထက္ေတာင္ စိတ္လႈပ္ရွားေနေသးတယ္။ စကားေတြနဲ႔ အမ်ားၾကီး ေျပာစရာ မရွိပါဘူး။ အလုပ္ေတြနဲ႔ သက္ေသျပရမွာပါ။ ကြင္းထဲမွာ အသင္းေဖာ္ေတြအတြက္၊ ပရိသတ္ေတြနဲ႔ ကလပ္အတြက္ က်ေနာ္ရဲ႕ ႏွလံုးအိမ္ကို ျမဳပ္ႏွံ ေပးသြားမွာပါ။ ” လို႔ ဆိုခဲ့ပါတယ္။