လီဗာပူးအသင်းဟာ ဝုဗ်အသင်းမှ တိုက်စစ်သမား ဂျိုတာကို ပေါင် ၄၅ သန်းဖြင့် ခေါ်ယူဖို့ သဘောတူညီမှု ရခဲ့ပြီဖြစ်ကြောင်း Tha Athletic မှ လီဗာပူးသတင်းထောက် ဂျိမ်းပီရက်စ်က ထုတ်ပြောခဲ့ပါတယ်။

အသက် ၂၃ နှစ်အရွယ် ပေါ်တူဂီ လက်ရွေးစင်ဟာ လီဗာပူးအသင်းနဲ့ ၅ နှစ်စာချုပ် ချုပ်ဆိုမှာပါ။ ကစားသမားအတွက် ကနဦး ပြောင်းရွှေ့ကြေး ပေါင် ၄၁ သန်းဟာ ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်တွေမှာ အောင်မြင်မှုအရ ပေါင် ၄၅ သန်းထိ ရောက်ရှိသွားနိုင်ပါတယ်။

နယ်သာလန် ခံစစ်သမား ဟိုဗာကတော့ ဝုဗ်အသင်းကို ပြောင်းသွားမှာဖြစ်ပြီး ပေါင် ၉ သန်းကို အစောပိုင်း ပြောင်းရွှေ့ကြေးဖြင့် ရမှာဖြစ်ကာ ပေါင် ၄.၅ သန်းကိုတော့ ထပ်တိုး ပြောင်းရွှေ့ကြေးဖြင့် ရမှာဖြစ်တယ်။ ဟိုဗာအတွက် ပေါင် ၁၃.၅ သန်းတန် စာချုပ်မှာတော့ ဝုဗ်က ပြန်ရောင်းထုတ်ရင် လီဗာပူးကို ၁၅% ခံစားခွင့်ပေးဖို့အချက် ပါဝင်ပါတယ်။

ဂျိုတာကို ကိုယ်စားပြုတဲ့ အေးဂျင့် အဖွဲ့နဲ့ ဖာဘင်ညိုကို ကိုယ်စားပြုတဲ့ အေးဂျင့်အဖွဲ့က တူညီပြီး လီဗာပူးက ပေါ်တူဂီသားကို ကုန်ခဲ့တဲ့ ၂ ရာသီဆက် ကင်းထောက်ခဲ့ပါတယ်။ သူ့ရဲ့ ဂိုးတွေကို ရှာဖွေနိုင်စွမ်း၊ တိုက်စစ်သုံးယောက်တန်းမှာ ကစားနိုင်စွမ်း၊ လှုပ်အားနှုန်း၊ လိုက်လျောညီထွေရှိမှုတွေက ကလော့ပ် နှစ်သက်ရခြင်း အကြောင်းရင်းတွေဖြစ်တယ်။ အထူးသဖြင့် ဘောလုံးပိုင်ဆိုင်ချိန်နဲ့ ပိုင်ဆိုင်မှု မရှိချိန်တွေမှာ နည်းစနစ်ပိုင်း လုပ်ဆောင်မှု ကောင်းမွန်သူဖြစ်ပါတယ်။

ဆာကို လီဗာပူးက ကမ်းလှမ်းလိုခဲ့ပေမယ့် ဝတ်ဖိုဒ့်က အခြေခံ ပြောင်းရွှေ့ကြေး ပေါင် သန်း ၄၀ နဲ့ စုစုပေါင်း ပေါင် သန်း ၅၀ တောင်းဆိုတယ်။ ဒါ့အပြင် လီဗာပူးတောင်းဆိုတဲ့ ငွေပေးချေမှု ပုံစံကိုလည်း လက်မခံခဲ့ပါဘူး။

ဟိုဗာကို အပြီးသတ် ရောင်းပြီးတဲ့နောက် လီဗာပူးက ဝဲလ်ဆန်နဲ့ ဂရုဂျစ်တို့ကိုပါ သေချာပေါက် ရောင်းထုတ်မှာပါ။ ဂရုဂျစ်ကို ဂလာဘတ်က စိတ်ဝင်စားနေတယ်။ နက် ဖီလစ်ကို ချန်ပီယံရှစ်ကလပ်တွေက စိတ်ဝင်စားနေပြီး ကားရီးယက်စ်နဲ့ လာရိုစီတို့ကိုလည်း လီဗာပူးက ရောင်းထုတ်မှာဖြစ်တယ်။

ဘရူးစတားရဲ့ ကိစ္စကိုတော့ ဆွေးနွေးနေဆဲဖြစ်ပြီး ပဲလေစ့်နဲ့ ရှက်ဖီးတို့က ပါဝင် ညိနှိုင်းနေပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ ဝုဗ္အသင္းမွ တိုက္စစ္သမား ဂ်ိဳတာကို ေပါင္ ၄၅ သန္းျဖင့္ ေခၚယူဖို႔ သေဘာတူညီမႈ ရခဲ့ျပီျဖစ္ေၾကာင္း Tha Athletic မွ လီဗာပူးသတင္းေထာက္ ဂ်ိမ္းပီရက္စ္က ထုတ္ေျပာခဲ့ပါတယ္။

အသက္ ၂၃ ႏွစ္အရြယ္ ေပၚတူဂီ လက္ေရြးစင္ဟာ လီဗာပူးအသင္းနဲ႔ ၅ ႏွစ္စာခ်ဳပ္ ခ်ဳပ္ဆိုမွာပါ။ ကစားသမားအတြက္ ကနဦး ေျပာင္းေရႊ႔ေၾကး ေပါင္ ၄၁ သန္းဟာ ပရီးမီးယားလိဂ္၊ ခ်န္ပီယံလိဂ္ေတြမွာ ေအာင္ျမင္မႈအရ ေပါင္ ၄၅ သန္းထိ ေရာက္ရွိသြားႏုိင္ပါတယ္။

နယ္သာလန္ ခံစစ္သမား ဟိုဗာကေတာ့ ဝုဗ္အသင္းကို ေျပာင္းသြားမွာျဖစ္ျပီး ေပါင္ ၉ သန္းကို အေစာပိုင္း ေျပာင္းေရႊ႔ေၾကးျဖင့္ ရမွာျဖစ္ကာ ေပါင္ ၄.၅ သန္းကိုေတာ့ ထပ္တိုး ေျပာင္းေရႊ႔ေၾကးျဖင့္ ရမွာျဖစ္တယ္။ ဟိုဗာအတြက္ ေပါင္ ၁၃.၅ သန္းတန္ စာခ်ဳပ္မွာေတာ့ ဝုဗ္က ျပန္ေရာင္းထုတ္ရင္ လီဗာပူးကို ၁၅% ခံစားခြင့္ေပးဖို႔အခ်က္ ပါဝင္ပါတယ္။

ဂ်ိဳတာကို ကိုယ္စားျပဳတဲ့ ေအးဂ်င့္ အဖြဲ႔နဲ႔ ဖာဘင္ညိဳကို ကိုုယ္စားျပဳတဲ့ ေအးဂ်င့္အဖြဲ႔က တူညီျပီး လီဗာပူးက ေပၚတူဂီသားကို ကုန္ခဲ့တဲ့ ၂ ရာသီဆက္ ကင္းေထာက္ခဲ့ပါတယ္။ သူ႔ရဲ႕ ဂိုးေတြကို ရွာေဖြႏုိင္စြမ္း၊ တိုက္စစ္သံုးေယာက္တန္းမွာ ကစားႏုိင္စြမ္း၊ လႈပ္အားႏႈန္း၊ လိုက္ေလ်ာညီေထြရွိမႈေတြက ကေလာ့ပ္ ႏွစ္သက္ရျခင္း အေၾကာင္းရင္းေတြျဖစ္တယ္။ အထူးသျဖင့္ ေဘာလံုးပိုင္ဆုိင္ခ်ိန္နဲ႔ ပိုင္ဆိုင္မႈ မရွိခ်ိန္ေတြမွာ နည္းစနစ္ပိုင္း လုပ္ေဆာင္မႈ ေကာင္းမြန္သူျဖစ္ပါတယ္။

ဆာကို လီဗာပူးက ကမ္းလွမ္းလိုခဲ့ေပမယ့္ ဝတ္ဖိုဒ့္က အေျခခံ ေျပာင္းေရႊ႔ေၾကး ေပါင္ သန္း ၄၀ နဲ႔ စုစုေပါင္း ေပါင္ သန္း ၅၀ ေတာင္းဆိုတယ္။ ဒါ့အျပင္ လီဗာပူးေတာင္းဆိုတဲ့ ေငြေပးေခ်မႈ ပံုစံကိုလည္း လက္မခံခဲ့ပါဘူး။

ဟိုဗာကို အျပီးသတ္ ေရာင္းျပီးတဲ့ေနာက္ လီဗာပူးက ဝဲလ္ဆန္နဲ႔ ဂရုဂ်စ္တို႔ကိုပါ ေသခ်ာေပါက္ ေရာင္းထုတ္မွာပါ။ ဂရုဂ်စ္ကို ဂလာဘတ္က စိတ္ဝင္စားေနတယ္။ နက္ ဖီလစ္ကို ခ်န္ပီယံရွစ္ကလပ္ေတြက စိတ္ဝင္စားေနျပီး ကားရီးယက္စ္နဲ႔ လာရိုစီတို႔ကိုလည္း လီဗာပူးက ေရာင္းထုတ္မွာျဖစ္တယ္။

ဘရူးစတားရဲ႕ ကိစၥကိုေတာ့ ေဆြးေႏြးေနဆဲျဖစ္ျပီး ပဲေလစ့္နဲ႔ ရွက္ဖီးတို႔က ပါဝင္ ညိႏိႈင္းေနပါတယ္။