လီဗာပူးအသင်းဟာ သီယေဂို အယ်ကန်တာရာကို ခေါ်ယူအပြီးမှာပဲ ပရီးမီးယားလိဂ် ကစားသမားအဖြစ် မှတ်ပုံတင်ခြင်းတွေကို ခပ်မြန်မြန်ပဲ အောင်မြင်အောင် လုပ်သွားခဲ့ပါတယ်။

စပိန်ကွင်းလယ်လူဟာ လီဗာပူးအသင်းကို ပေါင် ၂၅ သန်း ထိရှိမယ့် ပြောင်းရွှေ့ကြေးနဲ့ ရောက်လာခဲ့တာပါ။ ဒီကနေ့မှာ သူဟာ လီဗာပူးအသင်းနဲ့ လေ့ကျင့်ရေး စဝင်မှာ ဖြစ်သလို လီဗာပူးဘက်က အမြန်ဆုံး စီစဉ်ပေးမှုကြောင့် တနင်္ဂနွေနေ့ ချယ်ဆီးနဲ့ပွဲမှာ ပွဲထွက်ကစားပေးလို့လည်း ရနိုင်မှာဖြစ်ပါတယ်။

ကလော့ပ်ကလည်း ‘ တနင်္ဂနွေနေ့ပွဲအတွက် လူစာရင်း မလုပ်ရသေးပါဘူး။ ဘာလုပ်နိုင်မလဲ ကြည့်ကြတာပေါ့။ သီယေဂိုနဲ့ မတွေ့ရသေးဘူး။ ဖုန်းကနေပဲ စကားပြောထားပြီး မက်ဆေ့ပဲ အပြန်အလှန် ပို့ထားကြတယ်။

သီယေဂို အနေအထား ဘယ်လိုလဲဆိုတာ ကြည့်ကြပါမယ်။ ဒီရက်တွေမှာ အပြောင်းအရွှေ့ ကိစ္စတွေက ပုံမှန်ထက် ပိုပင်ပန်းပါတယ်။ သူ့ကို ကြည့်ရတာ အဆင်ပြေတယ်ဆိုတဲ့ သူ့အတွက် တစ်နေရာ ရှာပေးရမှာပါ ‘ လို့ ဆိုခဲ့တာဖြစ်တယ်။

လီဗာပူးရဲ့ အပြောင်းအရွှေ့ဆိုင်ရာ ဂုရုကြီး မိုင်ကယ်အတ်ဝဒ်က ဘိုင်ယန်မြူးနစ်အသင်းနဲ့ သီယေဂို အပြောင်းအရွှေ့ကို အောင်မြင်စွာ ညိနှိုင်းပေးခဲ့တာပါ။ ဒီရာသီမှာ ပေါင် ၅ သန်းပဲ ပြောင်းရွှေ့ကြေး ပေးမှာဖြစ်ကာ ၂၀၂၄ ခုနှစ်ထိ လက်ကျန် ပြောင်းရွှေ့ကြေးတွေကို ထပ်ပြီး ပေးသွားမှာဖြစ်ပါတယ်။

သီယေဂိုက မာဆေးဆိုဒ်ကို သီးသန့် လေယာဉ်နဲ့ ရောက်လာခဲ့တာဖြစ်ပြီး စာချုပ်စာတမ်း ကိစ္စတွေ အားလုံး ပြီးပြတ်ခဲ့ပြီဖြစ်တယ်။ သောကြာနေ့ လေ့ကျင့်ရေးကတည်းက လီဗာပူး စီနီယာလေ့ကျင့်ရေး အစီအစဉ်နဲ့ စတင် ပူးပေါင်းမှာဖြစ်ကာ မကြာခင်မှာ လေ့ကျင့်ရေး ပုံရိပ်တွေ ထွက်ပေါ်လာပါမယ်။

ZAWGYI

လီဗာပူးအသင္းဟာ သီေယဂို အယ္ကန္တာရာကို ေခၚယူအျပီးမွာပဲ ပရီးမီးယားလိဂ္ ကစားသမားအျဖစ္ မွတ္ပံုတင္ျခင္းေတြကို ခပ္ျမန္ျမန္ပဲ ေအာင္ျမင္ေအာင္ လုပ္သြားခဲ့ပါတယ္။

စပိန္ကြင္းလယ္လူဟာ လီဗာပူးအသင္းကို ေပါင္ ၂၅ သန္း ထိရွိမယ့္ ေျပာင္းေရႊ႔ေၾကးနဲ႔ ေရာက္လာခဲ့တာပါ။ ဒီကေန႔မွာ သူဟာ လီဗာပူးအသင္းနဲ႔ ေလ့က်င့္ေရး စဝင္မွာ ျဖစ္သလို လီဗာပူးဘက္က အျမန္ဆံုး စီစဥ္ေပးမႈေၾကာင့္ တနဂၤေႏြေန႔ ခ်ယ္ဆီးနဲ႔ပြဲမွာ ပြဲထြက္ကစားေပးလို႔လည္း ရႏုိင္မွာျဖစ္ပါတယ္။

ကေလာ့ပ္ကလည္း ‘ တနဂၤေႏြေန႔ပြဲအတြက္ လူစာရင္း မလုပ္ရေသးပါဘူး။ ဘာလုပ္ႏုိင္မလဲ ၾကည့္ၾကတာေပါ့။ သီေယဂိုနဲ႔ မေတြ႔ရေသးဘူး။ ဖုန္းကေနပဲ စကားေျပာထားျပီး မက္ေဆ့ပဲ အျပန္အလွန္ ပို႔ထားၾကတယ္။

သီေယဂို အေနအထား ဘယ္လိုလဲဆိုတာ ၾကည့္ၾကပါမယ္။ ဒီရက္ေတြမွာ အေျပာင္းအေရႊ႔ ကိစၥေတြက ပံုမွန္ထက္ ပိုပင္ပန္းပါတယ္။ သူ႔ကို ၾကည့္ရတာ အဆင္ေျပတယ္ဆိုတဲ့ သူ႔အတြက္ တစ္ေနရာ ရွာေပးရမွာပါ ‘ လို႔ ဆိုခဲ့တာျဖစ္တယ္။

လီဗာပူးရဲ႕ အေျပာင္းအေရႊ႔ဆိုင္ရာ ဂုရုၾကီး မိုင္ကယ္အတ္ဝဒ္က ဘိုင္ယန္ျမဴးနစ္အသင္းနဲ႔ သီေယဂုိ အေျပာင္းအေရႊ႔ကို ေအာင္ျမင္စြာ ညိႏိႈင္းေပးခဲ့တာပါ။ ဒီရာသီမွာ ေပါင္ ၅ သန္းပဲ ေျပာင္းေရႊ႔ေၾကး ေပးမွာျဖစ္ကာ ၂၀၂၄ ခုႏွစ္ထိ လက္က်န္ ေျပာင္းေရႊ႔ေၾကးေတြကို ထပ္ျပီး ေပးသြားမွာျဖစ္ပါတယ္။

သီေယဂိုက မာေဆးဆိုဒ္ကို သီးသန္႔ ေလယာဥ္နဲ႔ ေရာက္လာခဲ့တာျဖစ္ျပီး စာခ်ဳပ္စာတမ္း ကိစၥေတြ အားလံုး ျပီးျပတ္ခဲ့ျပီျဖစ္တယ္။ ေသာၾကာေန႔ ေလ့က်င့္ေရးကတည္းက လီဗာပူး စီနီယာေလ့က်င့္ေရး အစီအစဥ္နဲ႔ စတင္ ပူးေပါင္းမွာျဖစ္ကာ မၾကာခင္မွာ ေလ့က်င့္ေရး ပံုရိပ္ေတြ ထြက္ေပၚလာပါမယ္။