လီဗာပူးအသင်းဟာ သီယေဂို၊ ဂျိုတာတို့ကို ခေါ်ယူဖို့ သဘောတူညီမှု ရခဲ့ပြီဖြစ်တဲ့နောက် စိတ်ဝင်စားဖွယ် ကမ်းလှမ်းမှု ပုံစံတွေ ထွက်ပေါ်လာခဲ့ပြီဖြစ်ပါတယ်။

Tha Athletic က ဖော်ပြမှုအရ လီဗာပူးအသင်းဟာ ဘိုင်ယန်မြူးနစ် ကွင်းလယ်လူ သီယေဂိုကို ပေါင် ၂၅ သန်း၊ ဝုဗ်အသင်းမှ တိုက်စစ်သမား ဂျိုတာကို ပေါင် ၄၅ သန်းတို့ဖြင့် ခေါ်ယူမှုရခဲ့ခြင်းဖြစ်ကာ ၄ နှစ်နဲ့ ၅ နှစ် သက်တမ်းရှိတဲ့ စာချုပ်တွေ ချုပ်ဆိုပါတယ်။ ဒါပေမယ့်လို့ သူတို့ကို ပေးချေရမယ့် ပြောင်းရွှေ့ကြေး ပုံစံတွေက အတော်လေး စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။

လီဗာပူးအသင်းဟာ သီယေဂိုကို ပေါင် သန်း ၂၀ ထိ ပေးဖို့ အာမခံချက်ပေးပါတယ်။ နောက်ထပ် ပေါင် ၅ သန်းကိုတော့ အောင်မြင်မှုအပေါ် မူတည်ပြီး ဆုကြေးအဖြစ် ပေးမှာဖြစ်တယ်။ ဒါပေမယ့်လို့ ၂၀၂၀-၂၀၂၁ ဘောလုံးရာသီမှာတော့ သီယေဂိုအတွက် ပြောင်းရွှေ့ကြေး ပေါင် ၅ သန်းပဲ ပေးမှာဖြစ်ကာ ၂၀၂၄ ခုနှစ်ထိ အရစ်ကျ ခွဲပေးမှာဖြစ်ပါတယ်။

ကစားသမားကို ဘိုင်ယန်မြူးနစ်က တစ်နှစ်ကို ပေါင် ၁၂ သန်းထိ ရနိုင်တဲ့ တစ်ပတ်လုပ်ခ ပေါင် ၂၃၀၀၀၀ နဲ့ စာချုပ်သစ်ပေးခဲ့တာပါ။ သီယေဂိုက အဆိုပါ စာချုပ်ကို ငြင်းဆန်ခဲ့တာဖြစ်ပြီး လီဗာပူးနဲ့ အမြင့်ဆုံး ပေါင် ၂ သိန်းထိ ရမယ့် စွမ်းဆောင်ရည်အလိုက် ပါဝင်တဲ့ လုပ်ခလစာကို ချုပ်ဆိုဖို့ သဘောတူညီခဲ့ခြင်း ဖြစ်ပါတယ်။

ဂျိုတာ အပြောင်းအရွှေ့မှာလည်း ပေါင် ၄၁ သန်းကို ပြောင်းရွှေ့ကြေးအဖြစ် ပေးမှာဖြစ်ပြီး ကျန် ပေါင် ၄ သန်းကိုတော့ ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ် အောင်မြင်မှုအရ ပေးဖို့ သဘောတူညီပါတယ်။ သို့သော် ၂၀၂၀-၂၀၂၁ ဘောလုံးရာသီအတွင်း ဂျိုတာအတွက် ပေးရမယ့် ပြောင်းရွှေ့ကြေးက ပေါင် ၄.၁ သန်းပဲဖြစ်ပြီး ကျန်ငွေတွေကို အရစ်ကျ ခွဲဝေပေးဖို့ သဘောတူညီပါတယ်။

လီဗာပူးကနေ ပြန်ရောင်းထုတ်တဲ့ ဟိုဗာအတွက်မှာတော့ ပေါင် ၉ သန်းကို ဝုဗ်က လက်ငင်းပေးရမှာဖြစ်ကာ ကျန် ၄.၅ သန်းကိုတော့ စွမ်းဆောင်ရည်အလိုက် ထပ်ပေးဖို့ သဘောတူပါတယ်။ ဒါကြောင့် လီဗာပူးနဲ့ ဝုဗ်ကြာား အပြောင်းအရွှေ့မှာ ဒီရာသီအတွက်က လီဗာပူးကတော့ အမြတ်ထွက်တဲ့ ပုံစံ ဖြစ်နေပါတယ်။

လီဗာပူးအသင်းဟာ သီယေဂိုနဲ့ ဂျိုတာတို့ကို စည်းရုံးချိန်မှာ လုပ်ခတွေ အများကြီးပေးမယ်ဆိုပြီး စည်းရုံးခဲ့တာ မဟုတ်ပါဘူး။ သီယေဂိုကို လီဗာပူး မဟုတ်တဲ့ အသင်းတစ်သင်းက တစ်ပတ်လုပ်ခ ပေါင် ၃၂၇၀၀၀ ထိ ပေးမယ့် ကမ်းလှမ်းမှု လုပ်ခဲ့သေးတာဖြစ်တယ်။ လီဗာပူးမှာ သီယေဂိုရတဲ့ လုပ်ခက အဆိုပါ ကမ်းလှမ်းမှု မပြောနဲ့ ဘိုင်ယန်မှာ ဆက်နေရင် ရမယ့် လုပ်ခထက်တောင် ပိုနည်းပါသေးတယ်။

လီဗာပူးဘက်က သူတို့ကို အာမခံချက်ပေးခဲ့တာက ကောင်းမွန်တဲ့ အနာဂတ်နဲ့ ဆုဖလားတွေကို စိန်ခေါ်မယ့် အသင်းတစ်သင်းမှာ ပူးပေါင်းပါဝင်ခွင့်သာဖြစ်ခဲ့တယ်။ ထိုနည်းတူပဲ ဘိုင်ယန်နဲ့ ဝုဗ်တို့ကိုလည်း ကပ်ဘေးကြားမှာ ပေးချေနိုင်တဲ့ ပုံစံကို ချပြခဲ့ပြီး အားလုံး သဘောတူပေးလိုတာ ခေါ်ယူမှုတွေကို သဘောတူညီနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။

လီဗာပူးဟာ ဝတ်ဖိုဒ့်မှ ဆာကို ခေါ်ယူဖို့ ညိနှိုင်းခဲ့ပေမယ့် ချန်ပီယံရှစ်ကလပ်က ဆာအတွက် ပေါင် သန်း ၅၀ ထိ ရလိုသလို ငွေတစ်လုံးတည်း တောင်းဆိုခြင်းကြောင့် ပျက်ပြယ်ခဲ့ပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ သီေယဂို၊ ဂ်ိဳတာတို႔ကို ေခၚယူဖို႔ သေဘာတူညီမႈ ရခဲ့ျပီျဖစ္တဲ့ေနာက္ စိတ္ဝင္စားဖြယ္ ကမ္းလွမ္းမႈ ပံုစံေတြ ထြက္ေပၚလာခဲ့ျပီျဖစ္ပါတယ္။

Tha Athletic က ေဖာ္ျပမႈအရ လီဗာပူးအသင္းဟာ ဘိုင္ယန္ျမဴးနစ္ ကြင္းလယ္လူ သီေယဂိုကို ေပါင္ ၂၅ သန္း၊ ဝုဗ္အသင္းမွ တိုက္စစ္သမား ဂ်ိဳတာကို ေပါင္ ၄၅ သန္းတို႔ျဖင့္ ေခၚယူမႈရခဲ့ျခင္းျဖစ္ကာ ၄ ႏွစ္နဲ႔ ၅ ႏွစ္ သက္တမ္းရွိတဲ့ စာခ်ဳပ္ေတြ ခ်ဳပ္ဆိုပါတယ္။ ဒါေပမယ့္လို႔ သူတို႔ကို ေပးေခ်ရမယ့္ ေျပာင္းေရႊ႔ေၾကး ပံုစံေတြက အေတာ္ေလး စိတ္ဝင္စားဖို႔ ေကာင္းေနပါတယ္။

လီဗာပူးအသင္းဟာ သီေယဂိုကို ေပါင္ သန္း ၂၀ ထိ ေပးဖို႔ အာမခံခ်က္ေပးပါတယ္။ ေနာက္ထပ္ ေပါင္ ၅ သန္းကိုေတာ့ ေအာင္ျမင္မႈအေပၚ မူတည္ျပီး ဆုေၾကးအျဖစ္ ေပးမွာျဖစ္တယ္။ ဒါေပမယ့္လို႔ ၂၀၂၀-၂၀၂၁ ေဘာလံုးရာသီမွာေတာ့ သီေယဂိုအတြက္ ေျပာင္းေရႊ႔ေၾကး ေပါင္ ၅ သန္းပဲ ေပးမွာျဖစ္ကာ ၂၀၂၄ ခုႏွစ္ထိ အရစ္က် ခြဲေပးမွာျဖစ္ပါတယ္။

ကစားသမားကို ဘိုင္ယန္ျမဴးနစ္က တစ္ႏွစ္ကို ေပါင္ ၁၂ သန္းထိ ရႏုိင္တဲ့ တစ္ပတ္လုပ္ခ ေပါင္ ၂၃၀၀၀၀ နဲ႔ စာခ်ဳပ္သစ္ေပးခဲ့တာပါ။ သီေယဂိုက အဆိုပါ စာခ်ဳပ္ကို ျငင္းဆန္ခဲ့တာျဖစ္ျပီး လီဗာပူးနဲ႔ အျမင့္ဆံုး ေပါင္ ၂ သိန္းထိ ရမယ့္ စြမ္းေဆာင္ရည္အလိုက္ ပါဝင္တဲ့ လုပ္ခလစာကို ခ်ဳပ္ဆိုဖို႔ သေဘာတူညီခဲ့ျခင္း ျဖစ္ပါတယ္။

ဂ်ိဳတာ အေျပာင္းအေရႊ႔မွာလည္း ေပါင္ ၄၁ သန္းကို ေျပာင္းေရႊ႔ေၾကးအျဖစ္ ေပးမွာျဖစ္ျပီး က်န္ ေပါင္ ၄ သန္းကိုေတာ့ ခ်န္ပီယံလိဂ္နဲ႔ ပရီးမီးယားလိဂ္ ေအာင္ျမင္မႈအရ ေပးဖို႔ သေဘာတူညီပါတယ္။ သို႔ေသာ္ ၂၀၂၀-၂၀၂၁ ေဘာလံုးရာသီအတြင္း ဂ်ိဳတာအတြက္ ေပးရမယ့္ ေျပာင္းေရႊ႔ေၾကးက ေပါင္ ၄.၁ သန္းပဲျဖစ္ျပီး က်န္ေငြေတြကို အရစ္က် ခြဲေဝေပးဖို႔ သေဘာတူညီပါတယ္။

လီဗာပူးကေန ျပန္ေရာင္းထုတ္တဲ့ ဟိုဗာအတြက္မွာေတာ့ ေပါင္ ၉ သန္းကို ဝုဗ္က လက္ငင္းေပးရမွာျဖစ္ကာ က်န္ ၄.၅ သန္းကိုေတာ့ စြမ္းေဆာင္ရည္အလိုက္ ထပ္ေပးဖို႔ သေဘာတူပါတယ္။ ဒါေၾကာင့္ လီဗာပူးနဲ႔ ဝုဗ္ၾကာား အေျပာင္းအေရႊ႔မွာ ဒီရာသီအတြက္က လီဗာပူးကေတာ့ အျမတ္ထြက္တဲ့ ပံုစံ ျဖစ္ေနပါတယ္။

လီဗာပူးအသင္းဟာ သီေယဂိုနဲ႔ ဂ်ိဳတာတို႔ကို စည္းရံုးခ်ိန္မွာ လုပ္ခေတြ အမ်ားၾကီးေပးမယ္ဆိုျပီး စည္းရံုးခဲ့တာ မဟုတ္ပါဘူး။ သီေယဂိုကို လီဗာပူး မဟုတ္တဲ့ အသင္းတစ္သင္းက တစ္ပတ္လုပ္ခ ေပါင္ ၃၂၇၀၀၀ ထိ ေပးမယ့္ ကမ္းလွမ္းမႈ လုပ္ခဲ့ေသးတာျဖစ္တယ္။ လီဗာပူးမွာ သီေယဂိုရတဲ့ လုပ္ခက အဆိုပါ ကမ္းလွမ္းမႈ မေျပာနဲ႔ ဘိုင္ယန္မွာ ဆက္ေနရင္ ရမယ့္ လုပ္ခထက္ေတာင္ ပိုနည္းပါေသးတယ္။

လီဗာပူးဘက္က သူတို႔ကို အာမခံခ်က္ေပးခဲ့တာက ေကာင္းမြန္တဲ့ အနာဂတ္နဲ႔ ဆုဖလားေတြကို စိန္ေခၚမယ့္ အသင္းတစ္သင္းမွာ ပူးေပါင္းပါဝင္ခြင့္သာျဖစ္ခ့ဲတယ္။ ထိုနည္းတူပဲ ဘိုင္ယန္နဲ႔ ဝုဗ္တို႔ကိုလည္း ကပ္ေဘးၾကားမွာ ေပးေခ်ႏုိင္တဲ့ ပံုစံကို ခ်ျပခဲ့ျပီး အားလံုး သေဘာတူေပးလိုတာ ေခၚယူမႈေတြကို သေဘာတူညီႏုိင္ခဲ့ျခင္း ျဖစ္ပါတယ္။

လီဗာပူးဟာ ဝတ္ဖိုဒ့္မွ ဆာကို ေခၚယူဖို႔ ညိႏိႈင္းခဲ့ေပမယ့္ ခ်န္ပီယံရွစ္ကလပ္က ဆာအတြက္ ေပါင္ သန္း ၅၀ ထိ ရလိုသလို ေငြတစ္လံုးတည္း ေတာင္းဆိုျခင္းေၾကာင့္ ပ်က္ျပယ္ခဲ့ပါတယ္။