လီဗာပူးကစားသမားသစ်တွေ ဖြစ်လာတဲ့ သီယေဂိုက သူ့ရဲ့ ပထမဆုံး အင်တာဗျူးမှာတော့ မာဆေးဆိုဒ်ကို ပြောင်းလာဖို့ အလွန်ဆိုနဲ့ ကော်တင်ညိုတို့က ကူညီပေးခဲ့တာကို ဝန်ခံပါတယ်။

သီယေဂိုက ” ကျနေ်ာ သူတို့ကို ဘောလုံးဆိုတာထက် ပိုတဲ့ မေးမြန်းမှုတွေ လုပ်ခဲ့ပါတယ်။ ကုန်ခဲ့တဲ့ နှစ်တွေ၊ ကုန်ခဲ့တဲ့ ဆယ်စုနှစ်တွေမှာ လီဗာပူးက ဘယ်လိုအသင်းမျိုးလဲ ဆိုတာတွေပေါ့ ” ဆိုပြီး လီဗာပူးအသင်းဝဘ်ဆိုဒ်နဲ့ အင်တာဗျူးမှာ ပြောပါတယ်။

သူကပဲ ” လီဗာပူးက အံ့မခန်းပါပဲ။ သူတို့ အရမ်းကောင်းကောင်း စွမ်းဆောင်နိုင်တယ်။ နှစ်တိုင်းမှာ ကြိုးစားနိုင်သလောက် တိုးတက်လာကြတယ်။ ဘယ်လိုပြောရမလဲဗျာ။ အဲ့တာထက် ပိုတယ်ပေါ့။ မိသားစုလို နွေးထွေးတဲ့ ကိစ္စတွေ လူနေမှုဘဝဆိုင်ရာ ကိစ္စတွေပေါ့။

လီဗာပူးမြို့က ဘယ်လိုလဲ၊ ဘယ်နေရာတွေလဲ၊ လီဗာပူးမှာရှိတဲ့ လူတွေရဲ့ လူနေမှု ဘဝက ဘယ်လိုတွေလဲပေါ့။ ကော်တင်ညိုနဲ့ အလွန်ဆိုတို့က ကျနော်ကို အများကြီး ကူညီခဲ့ပါတယ်။ ဒီအပြောင်းအရွှေ့ နောက်ဆုံး ဆုံးဖြတ်ချက်အတွက်လည်း ကူညီပေးခဲ့ကြတယ်။ တကယ်ကောင်းပါတယ် ” လို့ ထုတ်ပြောခဲ့ပါတယ်။

ကော်တင်ညိုနဲ့ အလွန်ဆိုတို့ဟာ ဘိုင်ယန်မြူးနစ်မှာတော့ သီယေဂိုရဲ့ အသင်းဖော်တွေ ဖြစ်ခဲ့ကြတာပါ။ ကော်တင်ညိုကော အလွန်ဆိုပါ လီဗာပူးမှာ ကောင်းမွန်တဲ့ ကစားသမားဘဝတွေ ပိုင်ဆိုင်ခဲ့သလို သီယေဂိုအတွက်လည်း အကြံကောင်းတွေ ပေးခဲ့တာဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်က လီဗာပူးနဲ့ သီယေဂို စာချုပ်ချုပ်အပြီးမှာ စပိန်သားကို ကောင်းကောင်း ဂရုစိုက်ပေးလိုက်ပါလို့ တွစ်တာကနေ ဆုတောင်းပေးခဲ့တယ်။ အဆိုပါ ဆုတောင်းစကားအောက်မှာ အလွန်ဆိုကပဲ စိတ်ချပါ လီဗာပူးက သီယေဂိုကို ဂရုစိုက်ပေးမှာပါလို့ မက်ဆေ့ချန်ပေးခဲ့ပါတယ်။

ZAWGYI

လီဗာပူးကစားသမားသစ္ေတြ ျဖစ္လာတဲ့ သီေယဂိုက သူ႔ရဲ႕ ပထမဆံုး အင္တာဗ်ဴးမွာေတာ့ မာေဆးဆိုဒ္ကို ေျပာင္းလာဖို႔ အလြန္ဆိုနဲ႔ ေကာ္တင္ညိဳတို႔က ကူညီေပးခဲ့တာကို ဝန္ခံပါတယ္။

သီေယဂိုက ” က်ေန္ာ သူတို႔ကို ေဘာလံုးဆိုတာထက္ ပိုတဲ့ ေမးျမန္းမႈေတြ လုပ္ခဲ့ပါတယ္။ ကုန္ခဲ့တဲ့ ႏွစ္ေတြ၊ ကုန္ခဲ့တဲ့ ဆယ္စုႏွစ္ေတြမွာ လီဗာပူးက ဘယ္လိုအသင္းမ်ိဳးလဲ ဆိုတာေတြေပါ့ ” ဆိုျပီး လီဗာပူးအသင္းဝဘ္ဆိုဒ္နဲ႔ အင္တာဗ်ဴးမွာ ေျပာပါတယ္။

သူကပဲ ” လီဗာပူးက အံ့မခန္းပါပဲ။ သူတို႔ အရမ္းေကာင္းေကာင္း စြမ္းေဆာင္ႏုိင္တယ္။ ႏွစ္တုိင္းမွာ ၾကိဳးစားႏုိင္သေလာက္ တိုးတက္လာၾကတယ္။ ဘယ္လိုေျပာရမလဲဗ်ာ။ အဲ့တာထက္ ပိုတယ္ေပါ့။ မိသားစုလို ေႏြးေထြးတဲ့ ကိစၥေတြ လူေနမႈဘဝဆိုင္ရာ ကိစၥေတြေပါ့့။

လီဗာပူးျမိဳ႔က ဘယ္လိုလဲ၊ ဘယ္ေနရာေတြလဲ၊ လီဗာပူးမွာရွိတဲ့ လူေတြရဲ႕ လူေနမႈ ဘဝက ဘယ္လိုေတြလဲေပါ့။ ေကာ္တင္ညိုနဲ႔ အလြန္ဆိုတို႔က က်ေနာ္ကို အမ်ားၾကီး ကူညီခဲ့ပါတယ္။ ဒီအေျပာင္းအေရႊ႔ ေနာက္ဆံုး ဆံုးျဖတ္ခ်က္အတြက္လည္း ကူညီေပးခဲ့ၾကတယ္။ တကယ္ေကာင္းပါတယ္ ” လို႔ ထုတ္ေျပာခဲ့ပါတယ္။

ေကာ္တင္ညိဳနဲ႔ အလြန္ဆိုတို႔ဟာ ဘိုင္ယန္ျမဴးနစ္မွာေတာ့ သီေယဂိုရဲ႕ အသင္းေဖာ္ေတြ ျဖစ္ခဲ့ၾကတာပါ။ ေကာ္တင္ညိဳေကာ အလြန္ဆိုပါ လီဗာပူးမွာ ေကာင္းမြန္တဲ့ ကစားသမားဘဝေတြ ပိုင္ဆုိင္ခဲ့သလို သီေယဂိုအတြက္လည္း အၾကံေကာင္းေတြ ေပးခဲ့တာျဖစ္ပါတယ္။

ဘိုင္ယန္ျမဴးနစ္က လီဗာပူးနဲ႔ သီေယဂို စာခ်ဳပ္ခ်ဳပ္အျပီးမွာ စပိန္သားကို ေကာင္းေကာင္း ဂရုစိုက္ေပးလိုက္ပါလို႔ တြစ္တာကေန ဆုေတာင္းေပးခဲ့တယ္။ အဆိုပါ ဆုေတာင္းစကားေအာက္မွာ အလြန္ဆိုကပဲ စိတ္ခ်ပါ လီဗာပူးက သီေယဂိုကို ဂရုစိုက္ေပးမွာပါလို႔ မက္ေဆ့ခ်န္ေပးခဲ့ပါတယ္။