လီဗာပူးအသင်းဟာ တိုက်စစ်ပိုင်းကို အင်အားဖြည့်ဖို့ ဝုဗ်အသင်းမှ တိုက်စစ်သမား ဂျိုတာကို ခေါ်ယူဖို့အတွက် သဘောတူညီမှု ရခဲ့ပြီဖြစ်ကာ ဒီညပိုင်းမှာတော့ အတည်ပြုသတင်း ထုတ်ပြန်ပေးမှာဖြစ်ပါတယ်။

လီဗာပူးဟာ တိုက်စစ်ပိုင်းအတွက် ဂျိုတာ၊ ဆာနဲ့ ဒမ်ဘီလီတို့လို ကစားသမားတွေကို စောင့်ကြည့် လေ့လာခဲ့တယ်။ အဓိက အားဖြင့် ဝုဗ်အသင်းမှ ဂျိုတာနဲ့ ဝတ်ဖိုဒ့်မှာ ဆာတို့ကို ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး ဆာကို ကျော်ကာ ဂျိုတာကို ခေါ်ယူခဲ့တဲ့ အကြောင်းရင်းတွေကို ဖော်ပြပါမယ်။

ပြောင်းရွှေ့ကြေး

လီဗာပူးက ဝုဗ်အသင်းမှ အသက် ၂၃ နှစ်အရွယ် တိုက်စစ်သမား ဂျိုတာအတွက် ပေါင် ၄၅ သန်းထိ ပေးမှာဖြစ်တယ်။ ဂျိုတာအတွက် ပေါင် ၄၁ သန်းကို ပြောင်းရွှေ့ကြေးအဖြစ် ပေးမှာဖြစ်ပြီး ပေါင် ၄ သန်းကိုတော့ ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ် အောင်မြင်မှုအရ ပေးဖို့ သဘောတူညီပါတယ်။ သို့သော် ၂၀၂၀-၂၀၂၁ ဘောလုံးရာသီအတွင်း ဂျိုတာအတွက် ပေးရမယ့် ပြောင်းရွှေ့ကြေးက ပေါင် ၄.၁ သန်းဖြစ်ပါတယ်။

ဂျိုတာအရင် ဆာအတွက် ကမ်းလှမ်းချိန်မှာတော့ ဝတ်ဖိုဒ့်က ကနဦး ပြောင်းရွှေ့ကြေး ပေါင် သန်း ၄၀ အပြင် ထပ်တိုး ပေါင် ၁၀ သန်း တောင်းခံခဲ့တယ်။ ဒီနွေမှာတင် ဆာအတွက် ပေါင် သန်း ၄၀ ပေးရမယ်လို့ တောင်းဆိုခဲ့ပါတယ်။ ဒါကြောင့်ပဲ လီဗာပူးက ဆာကို ဆက်လက် ညိနှိုင်းခြင်း မလုပ်ဘဲ ဂျိုတာကိုပဲ တရားဝင် ချိတ်ဆက်ခဲ့ပါတယ်။

ဥရောပကစားသမား

လီဗာပူးက အဓိက တိုက်စစ်သမားတွေဖြစ်တဲ့ ဆာလက်၊ မာနေး၊ ဖာမင်နိုနေရာ အရန်အဖြစ် တိုက်စစ်သမားသစ် ခေါ်ယူလိုခဲ့တယ်။ အထူးသဖြင့် လာမယ့်ရာသီ အာဖရိက ဖလား ယှဉ်ပြိုင်ကစားရမယ့် ဆာလက်နဲ့ မာနေးနေရာ အစားထိုးဖို့ တိုက်စစ်သမားသစ် ရှာလိုခဲ့ပါတယ်။ ဆာက မာနေးနဲ့ နိုင်ငံတူ ဆီနီဂေါသားဖြစ်ပြီး လာမယ့်ရာသီမှာ အာဖရိကဖလားအတွက် လက်လွတ်ရမှာဖြစ်ကာ ဂျိုတာကတော့ ပေါ်တူဂီသားဖြစ်ပြီး တောင်ပံတိုက်စစ်အတွက် အစားထိုးမှု ဖြစ်ပါမယ်။

အင်္ဂလန်လိဂ်မှာ အသားကျမှု

လီဗာပူးက ဆာကိုကျော်ပြီး ဂျိုတာကို ခေါ်ယူဖို့ စဉ်းစားခြင်းမှာ အဓိက အချက်က အင်္ဂလန်လိဂ်မှာ အသားကျမှုဖြစ်ပါတယ်။ ဂျိုတာဟာ အင်္ဂလန်လိဂ်မှာ ကစားလာတာ သုံးနှစ်ရှိပြီဖြစ်ကာ သူကိုယ်တိုင်ကလည်း အင်္ဂလိပ်စကားကို ကောင်းမွန်စွာ ပြောဆိုနိုင်တယ်။ ဆာကတော့ တစ်ရာသီပဲ ရှိသေးပြီး အင်္ဂလိပ်စကား လေ့လာနေဆဲ ဖြစ်ပါတယ်။

ကစားတဲ့နေရာ

ဆာကော ဂျိုတာပါ ဘယ်အစွန်နေရာတွေကို အဓိက ကစားပုံချင်း တူပါတယ်။ ဆာကိုတော့ မာနေး လက်သစ်အဖြစ် မြင်နိုင်ပြီး ဘယ်တောင်ပံကနေ အရှိန်နဲ့ တိုက်စစ်ကစားနိုင်စွမ်း ကောင်းမွန်တယ်။ ဂျိုတာကတော့ ဘယ်တောင်ပံ ကစားပေမယ့် သူက တိုက်စစ်ဖွင့်နိုင်မှုမှာ ထူးချွန်ပြီး ဗဟိုကြောကို တာဝန်ယူနိုင်သူဖြစ်တယ်။ တစ်ဦးချင်းမှာ ဆာက ထူးချွန်ပေမယ့် အသင်းလိုက်မှာ ဂျိုတာက ပိုပြီး စွမ်းဆောင်နိုင်ပါတယ်။ ဂျိုတာရဲ့ အချက်အလက်တွေက မာနေးရဲ့ စိန့်ကစားသမားဘဝ အချက်အလက်တွေနဲ့ တူညီမှုတွေ များပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ တိုက္စစ္ပိုင္းကို အင္အားျဖည့္ဖို႔ ဝုဗ္အသင္းမွ တုိက္စစ္သမား ဂ်ိဳတာကို ေခၚယူဖို႔အတြက္ သေဘာတူညီမႈ ရခဲ့ျပီျဖစ္ကာ ဒီညပိုင္းမွာေတာ့ အတည္ျပဳသတင္း ထုတ္ျပန္ေပးမွာျဖစ္ပါတယ္။

လီဗာပူးဟာ တိုက္စစ္ပိုင္းအတြက္ ဂ်ိဳတာ၊ ဆာနဲ႔ ဒမ္ဘီလီတို႔လို ကစားသမားေတြကို ေစာင့္ၾကည့္ ေလ့လာခဲ့တယ္။ အဓိက အားျဖင့္ ဝုဗ္အသင္းမွ ဂ်ိဳတာနဲ႔ ဝတ္ဖိုဒ့္မွာ ဆာတို႔ကို ေရြးခ်ယ္ခဲ့ျခင္းျဖစ္ျပီး ဆာကို ေက်ာ္ကာ ဂ်ိဳတာကို ေခၚယူခဲ့တဲ့ အေၾကာင္းရင္းေတြကို ေဖာ္ျပပါမယ္။

ေျပာင္းေရႊ႔ေၾကး

လီဗာပူးက ဝုဗ္အသင္းမွ အသက္ ၂၃ ႏွစ္အရြယ္ တိုက္စစ္သမား ဂ်ိဳတာအတြက္ ေပါင္ ၄၅ သန္းထိ ေပးမွာျဖစ္တယ္။ ဂ်ိဳတာအတြက္ ေပါင္ ၄၁ သန္းကို ေျပာင္းေရႊ႔ေၾကးအျဖစ္ ေပးမွာျဖစ္ျပီး ေပါင္ ၄ သန္းကိုေတာ့ ခ်န္ပီယံလိဂ္နဲ႔ ပရီးမီးယားလိဂ္ ေအာင္ျမင္မႈအရ ေပးဖို႔ သေဘာတူညီပါတယ္။ သို႔ေသာ္ ၂၀၂၀-၂၀၂၁ ေဘာလံုးရာသီအတြင္း ဂ်ိဳတာအတြက္ ေပးရမယ့္ ေျပာင္းေရႊ႔ေၾကးက ေပါင္ ၄.၁ သန္းျဖစ္ပါတယ္။

ဂ်ိဳတာအရင္ ဆာအတြက္ ကမ္းလွမ္းခ်ိန္မွာေတာ့ ဝတ္ဖိုဒ့္က ကနဦး ေျပာင္းေရႊ႔ေၾကး ေပါင္ သန္း ၄၀ အျပင္ ထပ္တိုး ေပါင္ ၁၀ သန္း ေတာင္းခံခဲ့တယ္။ ဒီေႏြမွာတင္ ဆာအတြက္ ေပါင္ သန္း ၄၀ ေပးရမယ္လို႔ ေတာင္းဆိုခဲ့ပါတယ္။ ဒါေၾကာင့္ပဲ လီဗာပူးက ဆာကို ဆက္လက္ ညိႏိႈင္းျခင္း မလုပ္ဘဲ ဂ်ိဳတာကိုပဲ တရားဝင္ ခ်ိတ္ဆက္ခဲ့ပါတယ္။

ဥေရာပကစားသမား

လီဗာပူးက အဓိက တိုက္စစ္သမားေတြျဖစ္တဲ့ ဆာလက္၊ မာေနး၊ ဖာမင္ႏိုေနရာ အရန္အျဖစ္ တိုက္စစ္သမားသစ္ ေခၚယူလိုခဲ့တယ္။ အထူးသျဖင့္ လာမယ့္ရာသီ အာဖရိက ဖလား ယွဥ္ျပိဳင္ကစားရမယ့္ ဆာလက္နဲ႔ မာေနးေနရာ အစားထိုးဖို႔ တိုက္စစ္သမားသစ္ ရွာလိုခဲ့ပါတယ္။ ဆာက မာေနးနဲ႔ ႏုိင္ငံတူ ဆီနီေဂါသားျဖစ္ျပီး လာမယ့္ရာသီမွာ အာဖရိကဖလားအတြက္ လက္လြတ္ရမွာျဖစ္ကာ ဂ်ိဳတာကေတာ့ ေပၚတူဂီသားျဖစ္ျပီး ေတာင္ပံတိုက္စစ္အတြက္ အစားထိုးမႈ ျဖစ္ပါမယ္။

အဂၤလန္လိဂ္မွာ အသားက်မႈ

လီဗာပူးက ဆာကိုေက်ာ္ျပီး ဂ်ိဳတာကို ေခၚယူဖို႔ စဥ္းစားျခင္းမွာ အဓိက အခ်က္က အဂၤလန္လိဂ္မွာ အသားက်မႈျဖစ္ပါတယ္။ ဂ်ိဳတာဟာ အဂၤလန္လိဂ္မွာ ကစားလာတာ သံုးႏွစ္ရွိျပီျဖစ္ကာ သူကိုယ္တိုင္ကလည္း အဂၤလိပ္စကားကို ေကာင္းမြန္စြာ ေျပာဆိုႏုိင္တယ္။ ဆာကေတာ့ တစ္ရာသီပဲ ရွိေသးျပီး အဂၤလိပ္စကား ေလ့လာေနဆဲ ျဖစ္ပါတယ္။

ကစားတဲ့ေနရာ

ဆာေကာ ဂ်ိဳတာပါ ဘယ္အစြန္ေနရာေတြကို အဓိက ကစားပံုခ်င္း တူပါတယ္။ ဆာကိုေတာ့ မာေနး လက္သစ္အျဖစ္ ျမင္ႏုိင္ျပီး ဘယ္ေတာင္ပံကေန အရွိန္နဲ႔ တိုက္စစ္ကစားႏုိင္စြမ္း ေကာင္းမြန္တယ္။ ဂ်ိဳတာကေတာ့ ဘယ္ေတာင္ပံ ကစားေပမယ့္ သူက တိုက္စစ္ဖြင့္ႏုိင္မႈမွာ ထူးခၽြန္ျပီး ဗဟိုေၾကာကို တာဝန္ယူႏုိင္သူျဖစ္တယ္။ တစ္ဦးခ်င္းမွာ ဆာက ထူးခၽြန္ေပမယ့္ အသင္းလိုက္မွာ ဂ်ိဳတာက ပိုျပီး စြမ္းေဆာင္ႏုိင္ပါတယ္။ ဂ်ိဳတာရဲ႕ အခ်က္အလက္ေတြက မာေနးရဲ႕ စိန္႔ကစားသမားဘဝ အခ်က္အလက္ေတြနဲ႔ တူညီမႈေတြ မ်ားပါတယ္။