အဲဗာတန်မန်နေဂျာ အန်ဆယ်လော့တီက ဘိုင်ယန်မြူနစ်အသင်းမှာ သူနဲ့ လက်တွဲခဲ့တဲ့ သီယေဂိုက လီဗာပူးကို ရွေးလိုက်တာအတွက် ခံစားရတယ်လို့ ရင်ဖွင့်သွားပါတယ်။

ဘိုင်ယန်မန်နေဂျာဘဝ အန်ဆယ်လော့တီနဲ့ သီယေဂိုတို့ဟာ အတူ အလုပ်လုပ်ခဲ့ဖူးတာပါ။ မြို့ခံပြိုင်ဘက် အသင်းကို သီယေဂို ရောက်သွားတာအတွက် စိတ်ပျက်မိပေမယ့် ကလော့ပ်အတွက် ပျော်မိပါတယ်လို့ အန်ဆယ်လော့တီက ဝန်ခံပါတယ်။

အဲဗာတန်မန်နေဂျာက ” ငါ့အသဲတွေ ကွဲပါပြီ၊ ငါ့အသဲတွေတော့ ကွဲပါပြီကွာ ” လို့ ရယ်ရယ်မောမော ပြောပါတယ်။ သူကပဲ ” သီယေဂိုက ငါ့ရဲ့ သူငယ်ချင်းပါ။ သူက ကစားသမားကောင်းဖြစ်ပြီး သိပ်ကောင်းတဲ့ ကွင်းလယ်လူပါ။ ကံကောင်းလှစွာပဲ ငါ့ရဲ့ ကစားသမားဘဝမှာ ထိပ်တန်း ကစားသမားကောင်းတွေ အများကြီးကို ကိုင်တွယ်ခွင့်ရခဲ့တယ်။ သီယေဂိုကတော့ သူတို့ထဲက တစ်ဦးပေါ့။

ဒီအပြောင်းအရွှေ့မှာ တစ်ခုတည်းသော ကောင်းတဲ့အချက်က သူက အိမ်နီးနားချင်း ဖြစ်လာမှာပါပဲ။ အဲ့တာပါပဲ။ သူက မှားယွင်းတဲ့ အသင်းကို ရွေးမိတာပါ။ သူရွေးရမှာ အပြာရောင်ပါ၊ အနီရောင် မဟုတ်ပါဘူး။ ဟားဟား နောက်တာပါကွာ။ သူက သိပ်ကောင်းတဲ့ ကစားသမားပါ ငါ့ဘော်ဒါကြီး ယာဂင်ကတော့ အရမ်း ပျော်နေပါလိမ့်မယ်။ ဒါပေမယ့်ကွာ ဒီလက်မှတ်ထိုးမှုကို ငါကတော့ ရင်နာရတာပေါ့ ” လို့ ဖွင့်ဟသွားပါတယ်။

သောကြာနေ့မှာတော့ လီဗာပူးအသင်းက ဘိုင်ယန်မြူးနစ် ကွင်းလယ်လူ သီယေဂိုကို လက်မှတ်ထိုး ခေါ်ယူနိုင်ခဲ့ကြောင်း ကြေညာခဲ့တယ်။ စပိန်သားဟာ လီဗာပူးနဲ့ ၂၀၂၄ ခုနှစ်ထိ သက်တမ်းရှိမယ့် စာချုပ်ကို ချုပ်ဆိုခဲ့ကာ ချယ်ဆီးနဲ့ပွဲကစလို့ ပါဝင်နိုင်ဖို့လည်း နာမည်စာရင်း ရေးသွင်းထားနိုင်ခဲ့ပါတယ်။

ZAWGYI

အဲဗာတန္မန္ေနဂ်ာ အန္ဆယ္ေလာ့တီက ဘိုင္ယန္ျမဴနစ္အသင္းမွာ သူနဲ႔ လက္တြဲခဲ့တဲ့ သီေယဂိုက လီဗာပူးကို ေရြးလိုက္တာအတြက္ ခံစားရတယ္လို႔ ရင္ဖြင့္သြားပါတယ္။

ဘိုင္ယန္မန္ေနဂ်ာဘဝ အန္ဆယ္ေလာ့တီနဲ႔ သီေယဂိုတို႔ဟာ အတူ အလုပ္လုပ္ခဲ့ဖူးတာပါ။ ျမိဳ႔ခံျပိဳင္ဘက္ အသင္းကို သီေယဂို ေရာက္သြားတာအတြက္ စိတ္ပ်က္မိေပမယ့္ ကေလာ့ပ္အတြက္ ေပ်ာ္မိပါတယ္လို႔ အန္ဆယ္ေလာ့တီက ဝန္ခံပါတယ္။

အဲဗာတန္မန္ေနဂ်ာက ” ငါ့အသဲေတြ ကြဲပါျပီ၊ ငါ့အသဲေတြေတာ့ ကြဲပါျပီကြာ ” လို႔ ရယ္ရယ္ေမာေမာ ေျပာပါတယ္။ သူကပဲ ” သီေယဂိုက ငါ့ရဲ႕ သူငယ္ခ်င္းပါ။ သူက ကစားသမားေကာင္းျဖစ္ျပီး သိပ္ေကာင္းတဲ့ ကြင္းလယ္လူပါ။ ကံေကာင္းလွစြာပဲ ငါ့ရဲ႕ ကစားသမားဘဝမွာ ထိပ္တန္း ကစားသမားေကာင္းေတြ အမ်ားၾကီးကို ကိုင္တြယ္ခြင့္ရခဲ့တယ္။ သီေယဂိုကေတာ့ သူတို႔ထဲက တစ္ဦးေပါ့။

ဒီအေျပာင္းအေရႊ႔မွာ တစ္ခုတည္းေသာ ေကာင္းတဲ့အခ်က္က သူက အိမ္နီးနားခ်င္း ျဖစ္လာမွာပါပဲ။ အဲ့တာပါပဲ။ သူက မွားယြင္းတဲ့ အသင္းကို ေရြးမိတာပါ။ သူေရြးရမွာ အျပာေရာင္ပါ၊ အနီေရာင္ မဟုတ္ပါဘူး။ ဟားဟား ေနာက္တာပါကြာ။ သူက သိပ္ေကာင္းတဲ့ ကစားသမားပါ ငါ့ေဘာ္ဒါၾကီး ယာဂင္ကေတာ့ အရမ္း ေပ်ာ္ေနပါလိမ့္မယ္။ ဒါေပမယ့္ကြာ ဒီလက္မွတ္ထိုးမႈကို ငါကေတာ့ ရင္နာရတာေပါ့ ” လို႔ ဖြင့္ဟသြားပါတယ္။

ေသာၾကာေန႔မွာေတာ့ လီဗာပူးအသင္းက ဘိုင္ယန္ျမဴးနစ္ ကြင္းလယ္လူ သီေယဂိုကို လက္မွတ္ထိုး ေခၚယူႏုိင္ခဲ့ေၾကာင္း ေၾကညာခဲ့တယ္။ စပိန္သားဟာ လီဗာပူးနဲ႔ ၂၀၂၄ ခုႏွစ္ထိ သက္တမ္းရွိမယ့္ စာခ်ဳပ္ကို ခ်ဳပ္ဆိုခဲ့ကာ ခ်ယ္ဆီးနဲ႔ပြဲကစလို႔ ပါဝင္ႏုိင္ဖို႔လည္း နာမည္စာရင္း ေရးသြင္းထားႏုိင္ခဲ့ပါတယ္။