ဝုဗ်မန်နေဂျာ ဆန်တိုက လီဗာပူးအသင်းကနေ ကီဂျာနာ ဟိုဗာကို ခေါ်ယူနိုင်ကြောင်းနဲ့ ဂျိုတာက လီဗာပူးကို ပြောင်းမယ်ဆိုတဲ့ ကိစ္စကို အတည်ပြုပေးပါတယ်။

တစ်ချိန်တည်းမှာပဲ ကီဂျာနာက လီဗာပူးအသင်းကို နုတ်ဆက်ခဲ့ပြီဖြစ်ကာ တစ်ခုတည်းသော ကိစ္စအဖြစ် လီဗာပူးက ဂျိုတာကို တရားဝင် မိတ်ဆက်ပေးဖို့ပဲ ကျန်ပါတော့တယ်။

ဝုဗ်မန်နေဂျာ ဆန်တိုက ” ပထမဦးဆုံး ကြာသပတေးနေ့က ကျနော် ဖြေပေးခဲ့တာတွေအတွက် တောင်းပန်စကား ပြောလိုပါတယ်။ ဒါပေမယ့် အားလုံးလည်း နားလည်ပေးကြမယ် ထင်ပါတယ် ” လို့ စပြောပါတယ်။

ဂျိုတာနဲ့ ကီဂျာနာ အပြောင်းအရွှေ့ ပြီးခဲ့ပြီဆိုတာကိုတော့ ” ဒီယာဂိုက သိပ်ကောင်းတဲ့ ကစားသမားပါ။ ကုန်ခဲ့တဲ့ သုံးရာသီမှာ ကျနေ်ာတို့အတွက် သူ အကောင်းဆုံး လုပ်ပေးနိုင်ခဲ့တယ်။ သူ့ကိုတော့ ကျနေ်ာတို့ ပရိသတ်တွေက ဘယ်တော့မှ မေ့မှာ မဟုတ်တော့ပါဘူး။ ဒီယာဂိုက နေရာကောင်းကို ရောက်သွားတာပါ။ အကောင်းဆုံး ဖြစ်ပါစေလည်း ဆုတောင်းပေးပါတယ်။

လီဗာပူးက သိပ်ကောင်းတဲ့ ကစားသမားနဲ့ ကောင်လေးကို ရသွားတာပါ။ ကီဂျာနာကလည်း သိပ်ကောင်းတဲ့ အနာဂတ် ရှိသူပါ။ ဒီ အပြောင်းအရွှေ့က လူတိုင်းအတွက် ကောင်းမွန်တယ်လို့ ထင်ပါတယ်။ ဒီယာဂိုက ကျနေ်ာတို့အသင်းမှာ အရမ်း ပျော်ပါတယ်။ ဒါပေမယ့် ကစားသမားကောင်းတွေက ပိုကောင်းတဲ့ စိန်ခေါ်မှု အသစ်တွေကို ရင်ဆိုင်လိုတာက သဘာဝပါပဲ ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

ဝုဗ်ဟာ ဂျိုတာကို လီဗာပူးအသင်းထံ ပေါင် ၄၅ သန်းဖြင့် ပြောင်းဖို့ သဘောတူညီခဲ့တာဖြစ်ပြီး ကီဂျာနာကတော့ ဝုဗ်ကို ပေါင် ၁၃.၅ သန်းဖြင့် ပြန်လည် ပြောင်းရွှေ့မှာဖြစ်တယ်။ ကီဂျာနာရဲ့ အနာဂတ် အပြောင်းအရွှေ့ကနေ လီဗာပူးအသင်းက ၁၅% ခံစားခွင့်ရဖို့ ရှိနေပါတယ်။

ZAWGYI

ဝုဗ္မန္ေနဂ်ာ ဆန္တိုက လီဗာပူးအသင္းကေန ကီဂ်ာနာ ဟိုဗာကို ေခၚယူႏုိင္ေၾကာင္းနဲ႔ ဂ်ိဳတာက လီဗာပူးကို ေျပာင္းမယ္ဆိုတဲ့ ကိစၥကို အတည္ျပဳေပးပါတယ္။

တစ္ခ်ိန္တည္းမွာပဲ ကီဂ်ာနာက လီဗာပူးအသင္းကို ႏုတ္ဆက္ခဲ့ျပီျဖစ္ကာ တစ္ခုတည္းေသာ ကိစၥအျဖစ္ လီဗာပူးက ဂ်ိဳတာကို တရားဝင္ မိတ္ဆက္ေပးဖို႔ပဲ က်န္ပါေတာ့တယ္။

ဝုဗ္မန္ေနဂ်ာ ဆန္တိုက ” ပထမဦးဆံုး ၾကာသပေတးေန႔က က်ေနာ္ ေျဖေပးခဲ့တာေတြအတြက္ ေတာင္းပန္စကား ေျပာလိုပါတယ္။ ဒါေပမယ့္ အားလံုးလည္း နားလည္ေပးၾကမယ္ ထင္ပါတယ္ ” လို႔ စေျပာပါတယ္။

ဂ်ိဳတာနဲ႔ ကီဂ်ာနာ အေျပာင္းအေရႊ႔ ျပီးခဲ့ျပီဆိုတာကိုေတာ့ ” ဒီယာဂိုက သိပ္ေကာင္းတဲ့ ကစားသမားပါ။ ကုန္ခဲ့တဲ့ သံုးရာသီမွာ က်ေန္ာတို႔အတြက္ သူ အေကာင္းဆံုး လုပ္ေပးႏုိင္ခဲ့တယ္။ သူ႔ကိုေတာ့ က်ေန္ာတို႔ ပရိသတ္ေတြက ဘယ္ေတာ့မွ ေမ့မွာ မဟုတ္ေတာ့ပါဘူး။ ဒီယာဂိုက ေနရာေကာင္းကို ေရာက္သြားတာပါ။ အေကာင္းဆံုး ျဖစ္ပါေစလည္း ဆုေတာင္းေပးပါတယ္။

လီဗာပူးက သိပ္ေကာင္းတဲ့ ကစားသမားနဲ႔ ေကာင္ေလးကို ရသြားတာပါ။ ကီဂ်ာနာကလည္း သိပ္ေကာင္းတဲ့ အနာဂတ္ ရွိသူပါ။ ဒီ အေျပာင္းအေရႊ႔က လူတိုင္းအတြက္ ေကာင္းမြန္တယ္လို႔ ထင္ပါတယ္။ ဒီယာဂိုက က်ေန္ာတို႔အသင္းမွာ အရမ္း ေပ်ာ္ပါတယ္။ ဒါေပမယ့္ ကစားသမားေကာင္းေတြက ပိုေကာင္းတဲ့ စိန္ေခၚမႈ အသစ္ေတြကို ရင္ဆိုင္လိုတာက သဘာဝပါပဲ ” လို႔ ဆိုခဲ့တာ ျဖစ္ပါတယ္။

ဝုဗ္ဟာ ဂ်ိဳတာကို လီဗာပူးအသင္းထံ ေပါင္ ၄၅ သန္းျဖင့္ ေျပာင္းဖို႔ သေဘာတူညီခဲ့တာျဖစ္ျပီး ကီဂ်ာနာကေတာ့ ဝုဗ္ကို ေပါင္ ၁၃.၅ သန္းျဖင့္ ျပန္လည္ ေျပာင္းေရႊ႔မွာျဖစ္တယ္။ ကီဂ်ာနာရဲ႕ အနာဂတ္ အေျပာင္းအေရႊ႔ကေန လီဗာပူးအသင္းက ၁၅% ခံစားခြင့္ရဖို႔ ရွိေနပါတယ္။