ဇန်နဝါရီလ ၁၆ ရက်နေ့မှာ ယှဉ်ပြိုင်ရမယ့် အန်ဖီးကွင်းက လီဗာပူးနဲ့ ယူနိုက်တက်ပွဲမှာတော့ အနီရောင်သားတွေ လက်ခုပ်တီးပြီး ကြိုဆိုခြင်း ခံရမယ့် တစ်ဦးတည်းသော သရဲနီအသင်းသားက ရပ်ဖိုဒ့်ပါလို့ ရော်ဘတ်ဆန်က ထုတ်ပြောလိုက်ပါတယ်။

အင်္ဂလန်သား တိုက်စစ်သမားဟာ လော့ဒေါင်းကာလအတွင်း ကျောင်းတွေမှာ ကလေးသူငယ်တွေ အစားအသောက် အခမဲ့ ရဖို့ရေးအတွက် ကြိုးစားပေးခဲ့သူဖြစ်တယ်။ ရပ်ဖိုဒ့်ဟာ သူ့ရဲ့ လူသားဆန်မှု အများအကျိုး ဆောင်ရွယ်ပေးမှုတွေကြောင့် လီဗာပူးပရိသတ်တွေရဲ့ လေးစားမှုကို ရပါလိမ့်မယ်လို့ ရိုဘိုက ဖွင့်ဟခဲ့တာဖြစ်ပါတယ်။

လော့ဒေါင်းကာလမှာတော့ ရပ်ဖိုဒ့်က ကလေးသူငယ်တွေအတွက် ကြိုးစားပေးခဲ့သလိုပဲ လီဗာပူးအသင်းခေါင်းဆောင် ဟန်ဒါဆန်ကလည်း ကျန်းမာရေးဝန်ထမ်းတွေကို ကူညီပေးနိုင်ဖို့ စွမ်းစွမ်းတမံ လုပ်ဆောင်ပေးခဲ့တယ်။ သူတို့နှစ်ဦးဟာ ကောင်းမွန်တဲ့ လူသားဆန်မှုတွေကြောင့် ချီးကျူးခံရမှုတွေ ရှိခဲ့သလို အင်္ဂလန် အားကစားသတင်းထောက်တွေက ဟန်ဒါဆန်ကို တစ်နှစ်တာ အကောင်းဆုံး ကစားသမားအဖြစ် ရွေးခဲ့သလို ပရီးမီးယားလိဂ်ကလည်း ရပ်ဖိုဒ့်ကို အထူးဆုတစ်ခု ချီးမြင့်ခဲ့ပါတယ်။

ရော်ဘတ်ဆန်က အသိအမှတ်ပြုရာမှာ ‘ ကပ်ဘေးအတွင်းမှာ လူတိုင်း စကားပြောဖြစ်ခဲ့တာက မားကက် ရပ်ဖိုဒ့် အကြောင်းပါပဲ။ သူက ကျောင်းတွေမှာ ကလေးတွေကို အစားအသောက် အခမဲ့ မကျွေးတဲ့ ကိစ္စကို တိုက်ထုတ်နိုင်ခဲ့ပါတယ်။ သူက ကလေးတိုင်းကို အစားအသောက် အခမဲ့ ကျွေးတာကို လိုချင်ခဲ့ပါတယ်။

ရပ်ဖိုဒ့်က မယုံနိုင်လောက်အောင် ကောင်းမွန်တဲ့ ကိစ္စကို လုပ်နိုင်ခဲ့တာပါ။ အန်ဖီးကွင်းကို ပရိသတ်တွေ ပြန်ဝင်ခွင့်ရရင် လီဗာပူးပရိသတ်တွေ လက်ခုပ်တီးပြီး မတ်တပ်ရပ် လက်ခုပ်တီးကာ ဂုဏ်ပြုခြင်းခံရမယ့် တစ်ဦးတည်းသော ယူနိုက်တက်ကစားသမားက ရပ်ဖိုဒ့်ပါပဲ။

သူက ဂုဏ်ပြုခံရမှုနဲ့ တကယ်ကို ထိုက်တန်ပါတယ်။ အခုဆိုရင် သူ့ကြောင့် ထောင်ပေါင်းများစွာသော မိသားစုဝင်တွေ အဆင်ပြေခဲ့ပါပြီ ‘ လို့ ပြိုင်ဘက် ကစားသမားရဲ့ လူသားဆန်မှုကို ချီးကျူး အသိအမှတ်ပြုခဲ့တာဖြစ်ပါတယ်။

ZAWGYI

ဇန္နဝါရီလ ၁၆ ရက္ေန႔မွာ ယွဥ္ျပိဳင္ရမယ့္ အန္ဖီးကြင္းက လီဗာပူးနဲ႔ ယူႏုိက္တက္ပြဲမွာေတာ့ အနီေရာင္သားေတြ လက္ခုပ္တီးျပီး ၾကိဳဆိုျခင္း ခံရမယ့္ တစ္ဦးတည္းေသာ သရဲနီအသင္းသားက ရပ္ဖိုဒ့္ပါလို႔ ေရာ္ဘတ္ဆန္က ထုတ္ေျပာလိုက္ပါတယ္။

အဂၤလန္သား တိုက္စစ္သမားဟာ ေလာ့ေဒါင္းကာလအတြင္း ေက်ာင္းေတြမွာ ကေလးသူငယ္ေတြ အစားအေသာက္ အခမဲ့ ရဖို႔ေရးအတြက္ ၾကိဳးစားေပးခဲ့သူျဖစ္တယ္။ ရပ္ဖိုဒ့္ဟာ သူ႔ရဲ႕ လူသားဆန္မႈ အမ်ားအက်ိဳး ေဆာင္ရြယ္ေပးမႈေတြေၾကာင့္ လီဗာပူးပရိသတ္ေတြရဲ႕ ေလးစားမႈကို ရပါလိမ့္မယ္လို႔ ရိုဘိုက ဖြင့္ဟခဲ့တာျဖစ္ပါတယ္။

ေလာ့ေဒါင္းကာလမွာေတာ့ ရပ္ဖိုဒ့္က ကေလးသူငယ္ေတြအတြက္ ၾကိဳးစားေပးခဲ့သလိုပဲ လီဗာပူးအသင္းေခါင္းေဆာင္ ဟန္ဒါဆန္ကလည္း က်န္းမာေရးဝန္ထမ္းေတြကို ကူညီေပးႏုိင္ဖို႔ စြမ္းစြမ္းတမံ လုပ္ေဆာင္ေပးခဲ့တယ္။ သူတို႔ႏွစ္ဦးဟာ ေကာင္းမြန္တဲ့ လူသားဆန္မႈေတြေၾကာင့္ ခ်ီးက်ဴးခံရမႈေတြ ရွိခဲ့သလို အဂၤလန္ အားကစားသတင္းေထာက္ေတြက ဟန္ဒါဆန္ကို တစ္ႏွစ္တာ အေကာင္းဆံုး ကစားသမားအျဖစ္ ေရြးခဲ့သလို ပရီးမီးယားလိဂ္ကလည္း ရပ္ဖိုဒ့္ကို အထူးဆုတစ္ခု ခ်ီးျမင့္ခဲ့ပါတယ္။

ေရာ္ဘတ္ဆန္က အသိအမွတ္ျပဳရာမွာ ‘ ကပ္ေဘးအတြင္းမွာ လူတိုင္း စကားေျပာျဖစ္ခဲ့တာက မားကက္ ရပ္ဖိုဒ့္ အေၾကာင္းပါပဲ။ သူက ေက်ာင္းေတြမွာ ကေလးေတြကို အစားအေသာက္ အခမဲ့ မေကၽြးတဲ့ ကိစၥကို တိုက္ထုတ္ႏုိင္ခဲ့ပါတယ္။ သူက ကေလးတိုင္းကို အစားအေသာက္ အခမဲ့ ေကၽြးတာကို လိုခ်င္ခဲ့ပါတယ္။

ရပ္ဖိုဒ့္က မယံုႏုိင္ေလာက္ေအာင္ ေကာင္းမြန္တဲ့ ကိစၥကို လုပ္ႏုိင္ခဲ့တာပါ။ အန္ဖီးကြင္းကို ပရိသတ္ေတြ ျပန္ဝင္ခြင့္ရရင္ လီဗာပူးပရိသတ္ေတြ လက္ခုပ္တီးျပီး မတ္တပ္ရပ္ လက္ခုပ္တီးကာ ဂုဏ္ျပဳျခင္းခံရမယ့္ တစ္ဦးတည္းေသာ ယူႏုိက္တက္ကစားသမားက ရပ္ဖိုဒ့္ပါပဲ။

သူက ဂုဏ္ျပဳခံရမႈနဲ႔ တကယ္ကို ထိုက္တန္ပါတယ္။ အခုဆိုရင္ သူ႔ေၾကာင့္ ေထာင္ေပါင္းမ်ားစြာေသာ မိသားစုဝင္ေတြ အဆင္ေျပခဲ့ပါျပီ ‘ လို႔ ျပိဳင္ဘက္ ကစားသမားရဲ႕ လူသားဆန္မႈကို ခ်ီးက်ဴး အသိအမွတ္ျပဳခဲ့တာျဖစ္ပါတယ္။