လီဗာပူးအသင်းဟာ ဒီရာသီအတွက် သုံးဦးမြောက် လက်မှတ်ထိုးမှုအဖြစ် ဝုဗ်အသင်းမှ တိုက်စစ်သမား ဂျိုတာကို အပြီးသတ် ခေါ်ယူနိုင်ခဲ့ပြီဖြစ်ပါတယ်။

ဂျိုတာက လီဗာပူးအသင်းမှာတော့ လယ်လာနာရဲ့ ကျောနံပါတ်ဖြစ်တဲ့ နံပါတ် ၂၀ ကို ဝတ်ဆင်မှာဖြစ်တယ်။ သူက လီဗာပူးရဲ့ စိတ်ဓါတ် ပြင်းထန်မှုကို အားကျကြောင်းနဲ့ အဓိက တိုက်စစ်သမားတွေကို ဖိအားပေးနိုင်ဖို့ ကြိုးစားမယ်လို့ ဖွင့်ဟခဲ့တယ်။

ဂျိုတာက “ လီဗာပူးက သိပ်ကို ခမ်းနားတဲ့အသင်းပါ။ ပွဲတွေကို စိတ်ဓါတ်ပိုင်း ပြင်းပြင်းထန်ထန်နဲ့ ဖိအားပေး ကစားတဲ့နေရာမှာ အခြားသော အဆင့်တစ်ခုကို ရောက်နေတဲ့ အသင်းဖြစ်ပါတယ်။ ဒါကြောင့်လည်း ကျနော် လီဗာပူးနဲ့ ပူးပေါင်းလိုတာပါ။ ပွဲတွေကို အမျက်ကြီးကြီးနဲ့ ပါဝင်ကစားပြီး လီဗာပူးအတွက် ဂိုးသွင်းလိုပါတယ်။

ဒါကပဲ ပွဲတွေကို အကောင်းဆုံး ကစားဖို့ နည်းလမ်းဖြစ်ပြီး ကျနော် ကစားလိုတဲ့ နည်းလမ်းပဲ ဖြစ်ပါတယ်။ ဘာသံသယမှ ရှိစရာမလိုဘူး။ မနှစ်ကရာသီမှာ လီဗာပူးက အခြားအသင်းတွေထက် သာလွန်ပြခဲ့တဲ့ အသင်းဆိုတာ သံသယ မရှိပါဘူး။

လီဗာပူးရဲ့ ပွဲတွေမှာ ပြင်းပြတဲ့ စိတ်ဓါတ်နဲ့ ကစားပုံက အံ့မခန်းပါပဲ။ သူတို့က အားလုံးကို လွှမ်းမိုး ကစားနေတာပါ။ အခြားသော အသင်းထက် ကစားသမား ပိုထည့်ကစားတယ်လို့တောင် ခစားရတယ်။ ဒီရာသီမှာလည်း ကျနေ်ာတို့တွေ တူညီစွာ ဆက်လက် လုပ်ဆောင်နိုင်ပြီး ကျနော်ကလည်း အစိတ်အပိုင်း တစ်ခုအနေနဲ့ ပါဝင်ခွင့်ရဖို့ မျှော်လင့်ထားပါတယ် ” လို့ ဆိုခဲ့တယ်။

ဂျိုတာ ရောက်လာခြင်းကြောင့် လီဗာပူးအသင်းရဲ့ တိုက်စစ်ပိုင်းက ရွေးချယ်စရာတွေ များလာခဲ့ပါပြီ။ ဂျိုတာဟာ ဆာလက်၊ မာနေး၊ ဖာမင်နိုတို့နဲ့ နေရာတစ်နေရာအတွက် ကြိုးစားရမှာဖြစ်ပါတယ်။

တိုက်စစ်သမား သုံးဦးနဲ့ ပက်သက်ပြီး ဂျိုတာက “ သူတို့က ကမ္ဘာအဆင့် ကစားသမားတွေပါ။ ပွဲတိုင်းမှာ သူတို့က အနိုင်ရဖို့ ကြိုးစားပါတယ်။ သူတို့ ဂိုးတွေ သွင်းယူပြီး အတူကြိုးစားကြတယ်။ သုံးယောက်တန်မှာ အစိတ်အပိုင်း တစ်ခုဆိုတာထက် ပိုပြီး ပါဝင်လိုပါတယ်။ အဲ့လိုဖြစ်အောင် လုပ်မှာပါ။

တိုက်စစ်သုံးဦးလုံးက ကျနော်ထက် အတွေ့အကြုံ ပိုကောင်းပါတယ်။ ဒီတော့ ပထမဆုံး သူတို့နဲ့ ချိတ်ဆက်မယ်၊ သူတို့ထံက သင်ယူမယ်။ သူတို့ကို ကူညီပေးနိုင်ပြီး အသင်းကို နိုင်ပွဲတွေရအောင် ကြိုးစားပေးဖို့ မျှော်လင့်ပါတယ် ” လို့ ပြောဆိုသွားပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ ဒီရာသီအတြက္ သံုးဦးေျမာက္ လက္မွတ္ထိုးမႈအျဖစ္ ဝုဗ္အသင္းမွ တိုက္စစ္သမား ဂ်ိဳတာကို အျပီးသတ္ ေခၚယူႏုိင္ခဲ့ျပီျဖစ္ပါတယ္။

ဂ်ိဳတာက လီဗာပူးအသင္းမွာေတာ့ လယ္လာနာရဲ႕ ေက်ာနံပါတ္ျဖစ္တဲ့ နံပါတ္ ၂၀ ကို ဝတ္ဆင္မွာျဖစ္တယ္။ သူက လီဗာပူးရဲ႕ စိတ္ဓါတ္ ျပင္းထန္မႈကို အားက်ေၾကာင္းနဲ႔ အဓိက တိုက္စစ္သမားေတြကို ဖိအားေပးႏုိင္ဖို႔ ၾကိဳးစားမယ္လို႔ ဖြင့္ဟခဲ့တယ္။

ဂ်ိဳတာက “ လီဗာပူးက သိပ္ကို ခမ္းနားတဲ့အသင္းပါ။ ပြဲေတြကို စိတ္ဓါတ္ပိုင္း ျပင္းျပင္းထန္ထန္နဲ႔ ဖိအားေပး ကစားတဲ့ေနရာမွာ အျခားေသာ အဆင့္တစ္ခုကို ေရာက္ေနတဲ့ အသင္းျဖစ္ပါတယ္။ ဒါေၾကာင့္လည္း က်ေနာ္ လီဗာပူးနဲ႔ ပူးေပါင္းလိုတာပါ။ ပြဲေတြကို အမ်က္ၾကီးၾကီးနဲ႔ ပါဝင္ကစားျပီး လီဗာပူးအတြက္ ဂိုးသြင္းလိုပါတယ္။

ဒါကပဲ ပြဲေတြကို အေကာင္းဆံုး ကစားဖို႔ နည္းလမ္းျဖစ္ျပီး က်ေနာ္ ကစားလိုတဲ့ နည္းလမ္းပဲ ျဖစ္ပါတယ္။ ဘာသံသယမွ ရွိစရာမလိုဘူး။ မႏွစ္ကရာသီမွာ လီဗာပူးက အျခားအသင္းေတြထက္ သာလြန္ျပခဲ့တဲ့ အသင္းဆိုတာ သံသယ မရွိပါဘူး။

လီဗာပူးရဲ႕ ပြဲေတြမွာ ျပင္းျပတဲ့ စိတ္ဓါတ္နဲ႔ ကစားပံုက အံ့မခန္းပါပဲ။ သူတို႔က အားလံုးကို လႊမ္းမိုး ကစားေနတာပါ။ အျခားေသာ အသင္းထက္ ကစားသမား ပိုထည့္ကစားတယ္လို႔ေတာင္ ခစားရတယ္။ ဒီရာသီမွာလည္း က်ေန္ာတုိ႔ေတြ တူညီစြာ ဆက္လက္ လုပ္ေဆာင္ႏုိင္ျပီး က်ေနာ္ကလည္း အစိတ္အပိုင္း တစ္ခုအေနနဲ႔ ပါဝင္ခြင့္ရဖို႔ ေမွ်ာ္လင့္ထားပါတယ္ ” လို႔ ဆိုခဲ့တယ္။

ဂ်ိဳတာ ေရာက္လာျခင္းေၾကာင့္ လီဗာပူးအသင္းရဲ႕ တိုက္စစ္ပိုင္းက ေရြးခ်ယ္စရာေတြ မ်ားလာခဲ့ပါျပီ။ ဂ်ိဳတာဟာ ဆာလက္၊ မာေနး၊ ဖာမင္ႏိုတို႔နဲ႔ ေနရာတစ္ေနရာအတြက္ ၾကိဳးစားရမွာျဖစ္ပါတယ္။

တိုက္စစ္သမား သံုးဦးနဲ႔ ပက္သက္ျပီး ဂ်ိဳတာက “ သူတို႔က ကမၻာအဆင့္ ကစားသမားေတြပါ။ ပြဲတိုင္းမွာ သူတို႔က အႏုိင္ရဖို႔ ၾကိဳးစားပါတယ္။ သူတို႔ ဂိုးေတြ သြင္းယူျပီး အတူၾကိဳးစားၾကတယ္။ သံုးေယာက္တန္မွာ အစိတ္အပိုင္း တစ္ခုဆိုတာထက္ ပိုျပီး ပါဝင္လိုပါတယ္။ အဲ့လိုျဖစ္ေအာင္ လုပ္မွာပါ။

တိုက္စစ္သံုးဦးလံုးက က်ေနာ္ထက္ အေတြ႔အၾကံဳ ပိုေကာင္းပါတယ္။ ဒီေတာ့ ပထမဆံုး သူတို႔နဲ႔ ခ်ိတ္ဆက္မယ္၊ သူတို႔ထံက သင္ယူမယ္။ သူတို႔ကို ကူညီေပးႏုိင္ျပီး အသင္းကို ႏုိင္ပြဲေတြရေအာင္ ၾကိဳးစားေပးဖို႔ ေမွ်ာ္လင့္ပါတယ္ ” လို႔ ေျပာဆိုသြားပါတယ္။