လီဗာပူးနဲ့ ဝုဗ်အသင်းတို့ဟာ ဂျိုတာအတွက် ပြောင်းရွှေ့ကြေးမှာ ပုံစံသစ်ကြောင့် မူလတန်ကြေးထက် ပေါင် ၁၀ သန်းကို လီဗာပူးဘက်က ပိုပေးခဲ့တယ်လို့ ဝုဗ်သတင်းထောက် Tim Spiers က အတည်ပြုပါတယ်။

ဂျိုတာအတွက် ပြောင်းရွှေ့ကြေးဟာ အာမခံချက်ပေးတဲ့ ပမာဏနဲ့ ဆုကြေးတွေ အပါအင် အမြင့်ဆုံး ပေါင် ၄၅ သန်းထိ ရောက်ရှိမှာပါ။ လာမယ့် ၁၂ လအတွင်းမှာ ဝုဗ်ဘက်က ကနဦး ပြောင်းရွှေ့ကြေးအဖြစ် ၁၀% ဖြစ်တဲ့ ပေါင် ၄.၅ သန်းကိုပဲ ရမှာဖြစ်တယ်။ ဝုဗ်ဟာ လိဒ်ယူနိုက်တက်ကို ရောင်းထုတ်လိုက်တဲ့ ကော်စတာအတွက်လည်း တူညီတဲ့ ပုံစံအဖြစ် တစ်နှစ်ကို ပေါင် ၅ သန်းနှုန်းနဲ့ လေးနှစ်ခွဲပြီး ယူရမယ်လို့ သိရတယ်။

ကိုဗစ်ကပ်ဘေးမှာ ကလပ်တွေဟာ ဘဏ္ဍာရေးပိုင်း ဟန်ချက်ညီဖို့အတွက် တစ်ရာသီတည်း ပြောင်းရွှေ့ကြေး အပြည့်ပေးတာထက် နှစ်ရှည် ပေးတဲ့ ပုံစံကို ပြောင်းလဲခဲ့ကြပြီး လီဗာပူးကလည်း ထိုနည်းလမ်းကိုပဲ ကျင့်သုံးခဲ့တာဖြစ်တယ်။ ဂျိုတာနည်းတူ သီယာဂိုကိုလည်း ပထမတစ်နှစ်အတွက် ပေါင် ၅ သန်းပေးပြီး နောက်နှစ်တွေမှာ အရစ်အလိုက် ဆက်ပေးမှာဖြစ်တယ်။

လီဗာပူးက ဂျိုတာအတွက် ကမ်းလှမ်းမှု ဝင်ခဲ့စဉ်မှာတုန်းက ဝုဗ်ဘက်က ပေါင် ၃၅ သန်းပဲ တောင်းဆိုခဲ့တာပါ။ လီဗာပူးက ဒီနွေမှာ ဂျိုတာကို ပေါင် ၃၅ သန်း အပြီးပေးချင်းထက် နှစ်ရှည် ငွေပေးချေမှု ပုံစံကို ပြောင်းလဲလိုခဲ့ကာ ကာလရှည် ငွေပေးချေမှု ပုံစံဖြင့် ဆုကြေးတွေ ပါဦးမယ့် ပေါင် ၄၅ သန်းထိရှိမယ့် စာချုပ်ကို ပေးခဲ့တာလို့ သိရတယ်။

ဥပမာအားဖြင့် ပြောရရင် တစ်နှစ်ထဲ ပေါင် ၃၅ သန်း အစား ပေါင် ၅ သန်းလောက် ထပ်တိုးပေးလိုက်ခြင်းဖြင့် ငွေကြေးကို ခွဲပေးနိုင်မယ်။ ဝုဗ်ဘက်ကလည်း ဂျိုတာနေရာ တိုက်ရိုက် အစားထိုးမှာ မဟုတ်သေးခြင်းကြောင့် ပြောင်းရွှေ့ကြေးကို နှစ်တိုင်း ထပ်ရနေမယ်။ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ် အောင်မြင်ရင် ထပ်ပေးမယ့် ဆုကြေးကတော့ ဖြစ်နိုင်တဲ့ ကိစ္စဖြစ်လို့ နှစ်ဘက်လုံး သဘောတူပါတယ်။

လီဗာပူးအတွက်ကလည်း မရေရာမှုတွေများတဲ့ အခြေအနေမှာ ရေရှည်အတွက်ဆိုရင် ဒီလို ငွေပေးချေမှုက ပိုမို အဆင်ပြေခြင်းကြောင့် ရွေးချယ်ခဲ့ခြင်းလို့ သိရတယ်။ ပရီးမီးယားလိဂ်ရဲ့ ကစားသမားကောင်းကို ရခဲ့သလို တစ်ဘက်မှာလည်း ၁၈ နှစ်သား ဟိုဗာအတွက် ပေါင် ၁၃.၅ သန်း ထိရအောင် ပြန်ကြိုးစားထားနိုင်ခဲ့ပါတယ်။

ZAWGYI

လီဗာပူးနဲ႔ ဝုဗ္အသင္းတို႔ဟာ ဂ်ိဳတာအတြက္ ေျပာင္းေရႊ႔ေၾကးမွာ ပံုစံသစ္ေၾကာင့္ မူလတန္ေၾကးထက္ ေပါင္ ၁၀ သန္းကို လီဗာပူးဘက္က ပိုေပးခဲ့တယ္လို႔ ဝုဗ္သတင္းေထာက္ Tim Spiers က အတည္ျပဳပါတယ္။

ဂ်ိဳတာအတြက္ ေျပာင္းေရႊ႔ေၾကးဟာ အာမခံခ်က္ေပးတဲ့ ပမာဏနဲ႔ ဆုေၾကးေတြ အပါအင္ အျမင့္ဆံုး ေပါင္ ၄၅ သန္းထိ ေရာက္ရွိမွာပါ။ လာမယ့္ ၁၂ လအတြင္းမွာ ဝုဗ္ဘက္က ကနဦး ေျပာင္းေရႊ႔ေၾကးအျဖစ္ ၁၀% ျဖစ္တဲ့ ေပါင္ ၄.၅ သန္းကိုပဲ ရမွာျဖစ္တယ္။ ဝုဗ္ဟာ လိဒ္ယူႏုိက္တက္ကို ေရာင္းထုတ္လိုက္တဲ့ ေကာ္စတာအတြက္လည္း တူညီတဲ့ ပံုစံအျဖစ္ တစ္ႏွစ္ကို ေပါင္ ၅ သန္းႏႈန္းနဲ႔ ေလးႏွစ္ခြဲျပီး ယူရမယ္လို႔ သိရတယ္။

ကိုဗစ္ကပ္ေဘးမွာ ကလပ္ေတြဟာ ဘ႑ာေရးပိုင္း ဟန္ခ်က္ညီဖို႔အတြက္ တစ္ရာသီတည္း ေျပာင္းေရႊ႔ေၾကး အျပည့္ေပးတာထက္ ႏွစ္ရွည္ ေပးတဲ့ ပံုစံကို ေျပာင္းလဲခဲ့ၾကျပီး လီဗာပူးကလည္း ထိုနည္းလမ္းကိုပဲ က်င့္သံုးခဲ့တာျဖစ္တယ္။ ဂ်ိဳတာနည္းတူ သီယာဂိုကိုလည္း ပထမတစ္ႏွစ္အတြက္ ေပါင္ ၅ သန္းေပးျပီး ေနာက္ႏွစ္ေတြမွာ အရစ္အလိုက္ ဆက္ေပးမွာျဖစ္တယ္။

လီဗာပူးက ဂ်ိဳတာအတြက္ ကမ္းလွမ္းမႈ ဝင္ခဲ့စဥ္မွာတုန္းက ဝုဗ္ဘက္က ေပါင္ ၃၅ သန္းပဲ ေတာင္းဆိုခဲ့တာပါ။ လီဗာပူးက ဒီေႏြမွာ ဂ်ိဳတာကို ေပါင္ ၃၅ သန္း အျပီးေပးခ်င္းထက္ ႏွစ္ရွည္ ေငြေပးေခ်မႈ ပံုစံကို ေျပာင္းလဲလိုခဲ့ကာ ကာလရွည္ ေငြေပးေခ်မႈ ပံုစံျဖင့္ ဆုေၾကးေတြ ပါဦးမယ့္ ေပါင္ ၄၅ သန္းထိရွိမယ့္ စာခ်ဳပ္ကို ေပးခဲ့တာလို႔ သိရတယ္။

ဥပမာအားျဖင့္ ေျပာရရင္ တစ္ႏွစ္ထဲ ေပါင္ ၃၅ သန္း အစား ေပါင္ ၅ သန္းေလာက္ ထပ္တိုးေပးလိုက္ျခင္းျဖင့္ ေငြေၾကးကို ခြဲေပးႏုိင္မယ္။ ဝုဗ္ဘက္ကလည္း ဂ်ိဳတာေနရာ တိုက္ရိုက္ အစားထိုးမွာ မဟုတ္ေသးျခင္းေၾကာင့္ ေျပာင္းေရႊ႔ေၾကးကို ႏွစ္တိုင္း ထပ္ရေနမယ္။ ပရီးမီးယားလိဂ္နဲ႔ ခ်န္ပီယံလိဂ္ ေအာင္ျမင္ရင္ ထပ္ေပးမယ့္ ဆုေၾကးကေတာ့ ျဖစ္ႏုိင္တဲ့ ကိစၥျဖစ္လို႔ ႏွစ္ဘက္လံုး သေဘာတူပါတယ္။

လီဗာပူးအတြက္ကလည္း မေရရာမႈေတြမ်ားတဲ့ အေျခအေနမွာ ေရရွည္အတြက္ဆိုရင္ ဒီလို ေငြေပးေခ်မႈက ပိုမို အဆင္ေျပျခင္းေၾကာင့္ ေရြးခ်ယ္ခဲ့ျခင္းလို႔ သိရတယ္။ ပရီးမီးယားလိဂ္ရဲ႕ ကစားသမားေကာင္းကို ရခဲ့သလို တစ္ဘက္မွာလည္း ၁၈ ႏွစ္သား ဟိုဗာအတြက္ ေပါင္ ၁၃.၅ သန္း ထိရေအာင္ ျပန္ၾကိဳးစားထားႏုိင္ခဲ့ပါတယ္။