မန်နေဂျာယာဂင်ကလော့ပ်က နွေကစားသမား ခေါ်ယူမှု နောက်ဆက်တွဲတွေအဖြစ် သီယာဂိုနဲ့ ဂျိုတာတို့ကို ခေါ်ယူနိုင်ခဲ့တဲ့နောက် လူထုတ်မှုနဲ့ ပက်သက်လို့ အဖြေပေးလာပါတယ်။
လီဗာပူးအသင်းဟာ ကွင်းလယ်ပိုင်းမှာ အင်အားတောင့်လာခဲ့ပြီ ဖြစ်သလို တိုက်စစ်မှာလည်း ရွေးချယ်စရာတွေ ပိုလာခဲ့ပါပြီ။ ပွဲနေ့တွေ့မှာတော့ ပွဲထွက် ၁၁ ဦးနဲ့ အရန် ၇ ဦးပဲ ပါဝင်ခွင့်ရမှာဖြစ်တယ်။ ဒါကြောင့် မကြာခင်မှာတော့ ပွဲထွက်ခွင့်ဟာ တိုက်ပွဲတစ်ခု ဖြစ်လာပါမယ်။
ကလော့ပ်က “ ကစားသမားတွေ အားလုံးက တစ်ချိန်တည်းမှာတော့ အားလုံး မကစားနိုင်ပါဘူး။ အဲ့တာက အမှန်ပါပဲ။ ကစားသမားတွေ အားလုံး ပျော်နေအောင်လည်း ငါတစ်ယောက်ထဲ မထိန်းနိုင်ပါဘူး။ အဲ့အတွက်လည်း စိတ်မပူမိပါဘူး ” ဆိုပြီး ဂျိုတာကို ခေါ်ယူမှု အတည်ပြု ကိစ္စတွေ လုပ်အပြီးမှာ ဘယ်လိုလူစာရင်း ထုတ်သုံးမလဲ မေးခွန်းအတွက် ဖြေပေးပါတယ်။
မန်နေဂျာက ဆက်လက်ပြီး “ အကယ်လို့ ငါတို့မှာ ကွင်းလယ်လူ သုံးဦးထက် ပိုရှိမယ်ဆိုရင် ဥပမာအားဖြင့် ၄-၃-၃ ကစားတယ်ကွာ အဲ့ဆိုရင် ကွင်းလယ်လူ နှစ်ဦးလောက်ကတော့ ဝင်ကစားခွင့် ရမှာ မဟုတ်ပါဘူး။ ဒါက ကိစ္စ တစ်ခုပေါ့။
အချို့ ကစားသမားတွေက ပွဲနေ့ လူစာရင်းမှာတောင် ပါဝင်ခွင့် ရလာမှာ မဟုတ်တာတွေ ရှိပါတယ်။ ဒါပေမယ့် ငါ့ရဲ့ အလုပ်က ကစားသမားတွေကို အသင်းအတွက် သူတို့က ဘယ်လောက်တောင် အရေးကြီးပါတယ်ဆိုတာကို လုပ်ပေးနိုင်ဖို့ ဖြစ်ပါတယ်။ လေ့ကျင့်ရေးမှာ၊ လူစာရင်းမှာ၊ အရန်ခုံမှာ (သို့) နောက်အပတ်မှာ ထပ်ရင်ဆိုင်ရမယ့် တူညီတဲ့ အခြေအနေတွေမှာပေါ့။
ဒီရာသီက ပုံမှန်ဘောလုံးရာသီ မဟုတ်ခြင်းကြောင့် ပုံမှန်လိုတော့ စီစဉ်နိုင်ခြင်း မရှိပါဘူး။ အဲ့လိုလည်း အလုပ်မဖြစ်ဘူး။ ကစားသမားတွေ ကြံ့ခိုင်နေရင် အလှည့်ကျစနစ်ကတော့ လုပ်ရမှာပါပဲ။ အခြားနည်းလမ်းတွေကမှ အလုပ်မဖြစ်တာလေ။
ဒီအခြေအနေနဲ့ ပက်သက်လို့ ငါတို့ ရင်ဆိုင်နိုင်အောင် ကြိုးစားရမှာဖြစ်တယ်။ ဒီတော့ ကစားသမားတွေကို ပျော်ရွှင်စေချင်တယ်။ ဒါပေမယ့် အားလုံးပျော်အောင် လုပ်ပေးနိုင်မှာ မဟုတ်ဘူး။ သူတို့က ဒီကိစ္စတွေထဲကို ပါဝင်သွားရပါမယ် ” လို့ ဆိုသွားခဲ့ပါတယ်။
ZAWGYI