ဘာစီလိုနာအသင်းဟာ လာလီဂါစည်းမျဉ်းတွေအရ လီဗာပူးအသင်းမှ ကွင်းလယ်လူ ဝိုက်နယ်ဒမ်ကို ခေါ်ယူလို့ မနိုင်ဘဲ ပိတ်ပင်ခံထားရတယ်လို့ သိရပါတယ်။

မန်နေဂျာသစ် ကိုးမန်းဟာ လီဗာပူးကွင်းလယ်လူ ဝိုက်နယ်ဒမ်နဲ့ လိုင်ယွန် တိုက်စစ်သမား ဒီပေးတို့ကို ဒီနွေမှာ ခေါ်ယူဖို့ ဦးစားပေးအဖြစ် ရွေးချယ်ထားတယ်။ ဒါပေမယ့် ဘာစီလိုနာရဲ့ ဘဏ္ဍာရေး အခြေအနေက အန္တရာယ်ကြီးတဲ့ အနေအထားမှာ ရှိနေခြင်းကြောင့် ကစားသမားသစ် ခေါ်ယူတဲ့ ကိစ္စတွေမှာ စပိန်လိဂ်ရဲ့ ဘောလုံးအကြီးအကဲတွေက ပိတ်ပင်မှုတွေ လုပ်ထားတာ ဖြစ်ပါတယ်။

ကိုဗစ်ကပ်ဘေးမှာ လာလီဂါကလပ်တွေရဲ့ ဘဏ္ဍာရေးနဲ့ ပက်သက်လို့ လာလီဂါက လမ်းညွှန်ချက်တွေ လုပ်ပေးထားပါတယ်။ ဘာစီလိုနာဟာ တစ်နှစ်ကို ပေါင် ၅၁၀ သန်းထိ ရှိတဲ့ လုပ်ခလစာကို ပေးနေရတာဖြစ်ပြီး ဝိုက်နယ်ဒမ်နဲ့ ဒီပေးကို ခေါ်ယူလိုရင် သူတို့အသင်းက ကစားသမား ရောင်းချမှုတွေကို အရင်ဆုံး ပြုလုပ်ရမှာဖြစ်တယ်။

လာလီဂါက လိဂ်ရဲ့ ကလပ်တိုင်းရဲ့ အပြောင်းအရွှေ့ကိစ္စတွေကို စတင် ဟန့်တားနေပြီး ကုန်ခဲ့တဲ့ ၅ နှစ်က ဘဏ္ဍာရေးရလဒ်တွေကို အခြေခံကာ လမ်းညွှန်မှုတွေ လုပ်နေတယ်။ လာလီဂါရဲ့ ဆက်သွယ်မှုဆိုင်ရာ ဒါရိုက်တာက ယူအီးအက်ဖ်အေရဲ့ FFP စည်းမျဉ်းအပြင် လာလီဂါမှာ ကိုယ်ပိုင် ဘဏ္ဍာရေးဆိုင်ရာ စနစ်တွေ ရှိတယ်လို့ ထုတ်ပြောခဲ့ပါတယ်။

လီဗာပူးနဲ့ စာချုပ် ၁ နှစ်ပဲ ကျန်တဲ့ ဝိုက်နယ်ဒမ်ကို အသင်းဘက်က သက်တမ်းတိုးကိစ္စ ပြန်လည် ညိနှိုင်းခြင်းတော့ မရှိသေးပါဘူး။ ဝိုက်နယ်ဒမ် ကိုယ်တိုင်က လီဗာပူးမှာပဲ ဆက်နေလိုပြီး ဘာစီလိုနာကို ပြောင်းဖို့ကို အားသန်နေခြင်း မရှိဘူးလို့လည်း သိထားရတာ ဖြစ်ပါတယ်။

ZAWGYI

ဘာစီလိုနာအသင္းဟာ လာလီဂါစည္းမ်ဥ္းေတြအရ လီဗာပူးအသင္းမွ ကြင္းလယ္လူ ဝိုက္နယ္ဒမ္ကို ေခၚယူလို႔ မႏုိင္ဘဲ ပိတ္ပင္ခံထားရတယ္လို႔ သိရပါတယ္။

မန္ေနဂ်ာသစ္ ကိုးမန္းဟာ လီဗာပူးကြင္းလယ္လူ ဝိုက္နယ္ဒမ္နဲ႔ လိုင္ယြန္ တိုက္စစ္သမား ဒီေပးတို႔ကို ဒီေႏြမွာ ေခၚယူဖို႔ ဦးစားေပးအျဖစ္ ေရြးခ်ယ္ထားတယ္။ ဒါေပမယ့္ ဘာစီလိုနာရဲ႕ ဘ႑ာေရး အေျခအေနက အႏၱရာယ္ၾကီးတဲ့ အေနအထားမွာ ရွိေနျခင္းေၾကာင့္ ကစားသမားသစ္ ေခၚယူတဲ့ ကိစၥေတြမွာ စပိန္လိဂ္ရဲ႕ ေဘာလံုးအၾကီးအကဲေတြက ပိတ္ပင္မႈေတြ လုပ္ထားတာ ျဖစ္ပါတယ္။

ကိုဗစ္ကပ္ေဘးမွာ လာလီဂါကလပ္ေတြရဲ႕ ဘ႑ာေရးနဲ႔ ပက္သက္လို႔ လာလီဂါက လမ္းညႊန္ခ်က္ေတြ လုပ္ေပးထားပါတယ္။ ဘာစီလိုနာဟာ တစ္ႏွစ္ကို ေပါင္ ၅၁၀ သန္းထိ ရွိတဲ့ လုပ္ခလစာကို ေပးေနရတာျဖစ္ျပီး ဝိုက္နယ္ဒမ္နဲ႔ ဒီေပးကို ေခၚယူလိုရင္ သူတို႔အသင္းက ကစားသမား ေရာင္းခ်မႈေတြကို အရင္ဆံုး ျပဳလုပ္ရမွာျဖစ္တယ္။

လာလီဂါက လိဂ္ရဲ႕ ကလပ္တိုင္းရဲ႕ အေျပာင္းအေရႊ႔ကိစၥေတြကို စတင္ ဟန္႔တားေနျပီး ကုန္ခဲ့တဲ့ ၅ နွစ္က ဘ႑ာေရးရလဒ္ေတြကို အေျခခံကာ လမ္းညႊန္မႈေတြ လုပ္ေနတယ္။ လာလီဂါရဲ႕ ဆက္သြယ္မႈဆိုင္ရာ ဒါရိုက္တာက ယူအီးအက္ဖ္ေအရဲ႕ FFP စည္းမ်ဥ္းအျပင္ လာလီဂါမွာ ကိုယ္ပိုင္ ဘ႑ာေရးဆုိင္ရာ စနစ္ေတြ ရွိတယ္လို႔ ထုတ္ေျပာခဲ့ပါတယ္။

လီဗာပူးနဲ႔ စာခ်ဳပ္ ၁ ႏွစ္ပဲ က်န္တဲ့ ဝိုက္နယ္ဒမ္ကို အသင္းဘက္က သက္တမ္းတိုးကိစၥ ျပန္လည္ ညိႏိႈင္းျခင္းေတာ့ မရွိေသးပါဘူး။ ဝိုက္နယ္ဒမ္ ကိုယ္တုိင္က လီဗာပူးမွာပဲ ဆက္ေနလိုျပီး ဘာစီလိုနာကို ေျပာင္းဖို႔ကို အားသန္ေနျခင္း မရွိဘူးလို႔လည္း သိထားရတာ ျဖစ္ပါတယ္။