မန်နေဂျာယာဂင်ကလော့ပ်က ဆာလက်ရဲ့ ပရော်ဖက်ရှင်နယ်ဆန်မှုနဲ့ အောင်မြင်လိုစိတ်တွေက သူ့ရဲ့ ကစားသမားဘဝကို ဆက်လက် အောင်မြင်နေခြင်းရဲ့ သော့ချက်အဖြစ် ထုတ်ပြောခဲ့ပါတယ်။

ဆာလက်ဟာ လီဗာပူးကစားသမားဘဝ ပထမဆုံး ဘောလုံးရာသီမှာ သွင်းဂိုး ၄၄ ဂိုးထိ သွင်းယူခဲ့တယ်။ ဘောလုံးရာသီတိုင်းမှာလည်း သူက သွင်ဂိုးတွေ၊ နိုင်ပွဲတွေနဲ့ ဆုဖလားတွေကို ဆာလောင်နေပြီး ဒီရာသီမှာတော့ ပထမဆုံးရာသီက မှတ်တမ်းတွေကို ပြန်ယူဖို့ ရည်မှန်းချက် ထားနေသူ ဖြစ်ပါတယ်။

လီဗာပူးမန်နေဂျာကြီးက “ ပထမဆုံး ရိုးရိုးသားသား ပြောရရင် ဆာလက်ဟာ သူလုပ်ထားနိုင်ခဲ့တာတွေအတွက် အသိအမှတ်ပြခြင်းတွေကို ခံရထိုက်သူပါ။ ငါတို့က အကောင်းဆုံး ကစားသမားအဖြစ် သူ ဆက်လုပ်နိုင်ဖို့ ကူညီပေးဖို့ ဖြစ်ပါတယ်။ အသင်းအနေနဲ့ သူ့ကို ကူညီနိုင်ဖို့ဖြစ်ပါတယ်။ ဒါကို ငါတို့ နားလည်တယ်။

ဆာလက်က သိပ်ကောင်းတဲ့ ပုဂ္ဂိုလ်ရေး ရှိသူဖြစ်ပြီး အသင်းမှာ သူတစ်ယောက်ထဲ ကောင်းမွန်နေတာ မဟုတ်ပေမယ့် သူက အကောင်းဆုံး လုပ်ဆောင်ထားနိုင်သူ ဖြစ်ပါတယ်။ ပထမဆုံး ဘောလုံးရာသီမှာ သွင်းဂိုး ၄၀ ကျော်သွင်းခဲ့တယ်။ ကစားသမား အတော်များများက အဲ့လို လုပ်နိုင်ခဲ့ပြီဆိုရင် ဘောလုံးကွင်းမှာ မဟုတ်တော့ဘဲ အခြားသော ဘဝရေးရာ ကိစ္စတွေမှာ ပိုကောင်းအောင်လုပ်ဖို့ စဉ်းစားလာတတ်ပေမယ့် ဆာလက်ကတော့ အဲ့လို မဟုတ်ပါဘူး။

သူက ဆက်ပြီး ဆာလောင်နေသေးတယ်၊ ဆက်ပြီး စိတ်ပိုင်းဖြတ်ထားပါတယ်။ ပွဲတွေမှာ သူ့ရဲ့ လှုပ်အားနှုန်းကလည်း သိပ်ကောင်းပြီး သူက သိပ်ကို ပရော်ဖက်ရှင်နယ်ဆန်ပါတယ်။ ဒါက အမှန်တရားပါပဲ။ သူဆက်ပြီး အောင်မြင်အောင် ဘယ်လိုများ လုပ်သလဲလို့ စာအုပ် ထုတ်မယ်ဆိုရင် လေ့ကျင့်ရေးမှာ သူကြိုးစားလုပ်နေတာနဲ့ ပွဲတွေမှာ ငါတို့ ကြိုးစား လုပ်နေတာတွေကြောင့်ပါပဲ။ ဒါက အဓိက အချက်ပဲ ဖြစ်ပါတယ်။

ကစားသမားတိုင်းကတော့ လမ်းညွှန်တဲ့အတိုင်း လုပ်မှာဖြစ်ပြီး ကိုယ်ဘာသာကို ဘယ်လို မြင်လဲ ဘယ်လိုခံယူသလဲ ဆိုတာကလည်း အရေးကြီးပါတယ်။ ကိုယ်ဘာသာကော ကိုယ်မှာရှိတဲ့ အကောင်းဆုံး အလားအလာတွေကို ထုတ်ပြလိုစိတ်ရှိလား ဒါက အရေးကြီးပါတယ်။

ဆာလက်ရဲ့ ကိန်းဂဏန်းတွေက သိပ်ကောင်းပါတယ်။ လိဒ်ယူနိုက်တက်နဲ့ ပွဲအပြီးမှာ သူရတဲ့ သွင်းဂိုးတွေမှာ ပင်နယ်တီ ၂ လုံးပါတာ ငါသိတယ်။ ပွဲကို မကြည့်လိုက်ရတဲ့ သူတွေကတော့ ဆာလက်ရဲ့ hat-trick က ပင်နယ်တီ ၂ လုံး ပါလို့ပါကွာလို့ ပြောကြမယ်။ အဆင်ပြေပါတယ်။ ဒါပေမယ့် တစ်ပွဲလုံးကို ကြည့်မယ်ဆိုရင် ဆာလက်ထံက သိပ်ကောင်းတဲ့ စွမ်းဆောင်ရည်တွေကို မြင်ခဲ့ရပါလိမ့်မယ်။

အခုမှ အစပဲ ရှိပါသေးတယ် ရာသီက အဝေးကြီး ဆက်သွားရဦးမှာပါ။ ” လို့ ပြောဆိုခဲ့ပါတယ်။

ZAWGYI

မန္ေနဂ်ာယာဂင္ကေလာ့ပ္က ဆာလက္ရဲ႕ ပေရာ္ဖက္ရွင္နယ္ဆန္မႈနဲ႔ ေအာင္ျမင္လိုစိတ္ေတြက သူ႔ရဲ႕ ကစားသမားဘဝကို ဆက္လက္ ေအာင္ျမင္ေနျခင္းရဲ႕ ေသာ့ခ်က္အျဖစ္ ထုတ္ေျပာခဲ့ပါတယ္။

ဆာလက္ဟာ လီဗာပူးကစားသမားဘဝ ပထမဆံုး ေဘာလံုးရာသီမွာ သြင္းဂိုး ၄၄ ဂိုးထိ သြင္းယူခဲ့တယ္။ ေဘာလံုးရာသီတုိင္းမွာလည္း သူက သြင္ဂိုးေတြ၊ ႏုိင္ပြဲေတြနဲ႔ ဆုဖလားေတြကို ဆာေလာင္ေနျပီး ဒီရာသီမွာေတာ့ ပထမဆံုးရာသီက မွတ္တမ္းေတြကို ျပန္ယူဖို႔ ရည္မွန္းခ်က္ ထားေနသူ ျဖစ္ပါတယ္။

လီဗာပူးမန္ေနဂ်ာၾကီးက “ ပထမဆံုး ရိုးရိုးသားသား ေျပာရရင္ ဆာလက္ဟာ သူလုပ္ထားႏုိင္ခဲ့တာေတြအတြက္ အသိအမွတ္ျပျခင္းေတြကို ခံရထိုက္သူပါ။ ငါတို႔က အေကာင္းဆံုး ကစားသမားအျဖစ္ သူ ဆက္လုပ္ႏုိင္ဖို႔ ကူညီေပးဖို႔ ျဖစ္ပါတယ္။ အသင္းအေနနဲ႔ သူ႔ကို ကူညီႏုိင္ဖို႔ျဖစ္ပါတယ္။ ဒါကို ငါတို႔ နားလည္တယ္။

ဆာလက္က သိပ္ေကာင္းတဲ့ ပုဂၢိဳလ္ေရး ရွိသူျဖစ္ျပီး အသင္းမွာ သူတစ္ေယာက္ထဲ ေကာင္းမြန္ေနတာ မဟုတ္ေပမယ့္ သူက အေကာင္းဆံုး လုပ္ေဆာင္ထားႏုိင္သူ ျဖစ္ပါတယ္။ ပထမဆံုး ေဘာလံုးရာသီမွာ သြင္းဂိုး ၄၀ ေက်ာ္သြင္းခဲ့တယ္။ ကစားသမား အေတာ္မ်ားမ်ားက အဲ့လို လုပ္ႏုိင္ခဲ့ျပီဆိုရင္ ေဘာလံုးကြင္းမွာ မဟုတ္ေတာ့ဘဲ အျခားေသာ ဘဝေရးရာ ကိစၥေတြမွာ ပိုေကာင္းေအာင္လုပ္ဖို႔ စဥ္းစားလာတတ္ေပမယ့္ ဆာလက္ကေတာ့ အဲ့လို မဟုတ္ပါဘူး။

သူက ဆက္ျပီး ဆာေလာင္ေနေသးတယ္၊ ဆက္ျပီး စိတ္ပိုင္းျဖတ္ထားပါတယ္။ ပြဲေတြမွာ သူ႔ရဲ႕ လႈပ္အားႏႈန္းကလည္း သိပ္ေကာင္းျပီး သူက သိပ္ကို ပေရာ္ဖက္ရွင္နယ္ဆန္ပါတယ္။ ဒါက အမွန္တရားပါပဲ။ သူဆက္ျပီး ေအာင္ျမင္ေအာင္ ဘယ္လိုမ်ား လုပ္သလဲလို႔ စာအုပ္ ထုတ္မယ္ဆိုရင္ ေလ့က်င့္ေရးမွာ သူၾကိဳးစားလုပ္ေနတာနဲ႔ ပြဲေတြမွာ ငါတို႔ ၾကိဳးစား လုပ္ေနတာေတြေၾကာင့္ပါပဲ။ ဒါက အဓိက အခ်က္ပဲ ျဖစ္ပါတယ္။

ကစားသမားတိုင္းကေတာ့ လမ္းညႊန္တဲ့အတုိင္း လုပ္မွာျဖစ္ျပီး ကိုယ္ဘာသာကို ဘယ္လို ျမင္လဲ ဘယ္လိုခံယူသလဲ ဆိုတာကလည္း အေရးၾကီးပါတယ္။ ကိုယ္ဘာသာေကာ ကိုယ္မွာရွိတဲ့ အေကာင္းဆံုး အလားအလာေတြကို ထုတ္ျပလိုစိတ္ရွိလား ဒါက အေရးၾကီးပါတယ္။

ဆာလက္ရဲ႕ ကိန္းဂဏန္းေတြက သိပ္ေကာင္းပါတယ္။ လိဒ္ယူနုိက္တက္နဲ႔ ပြဲအျပီးမွာ သူရတဲ့ သြင္းဂိုးေတြမွာ ပင္နယ္တီ ၂ လံုးပါတာ ငါသိတယ္။ ပြဲကို မၾကည့္လိုက္ရတဲ့ သူေတြကေတာ့ ဆာလက္ရဲ႕ hat-trick က ပင္နယ္တီ ၂ လံုး ပါလို႔ပါကြာလို႔ ေျပာၾကမယ္။ အဆင္ေျပပါတယ္။ ဒါေပမယ့္ တစ္ပြဲလံုးကို ၾကည့္မယ္ဆိုရင္ ဆာလက္ထံက သိပ္ေကာင္းတဲ့ စြမ္းေဆာင္ရည္ေတြကို ျမင္ခဲ့ရပါလိမ့္မယ္။

အခုမွ အစပဲ ရွိပါေသးတယ္ ရာသီက အေဝးၾကီး ဆက္သြားရဦးမွာပါ။ ” လို႔ ေျပာဆိုခဲ့ပါတယ္။