လီဗာပူးအသင်းဟာ ရာသီသစ်အတွက် ကိုစတက်၊ သီယာဂိုနဲ့ ဂျိုတာတို့ကို ခေါ်ယူခဲ့ပြီးနောက် နောက်ထပ်သော ကစားသမားသစ် ရောက်ရှိလာဖို့ နည်းပါးသွားပြီဖြစ်ပါတယ်။

လီဗာပူးရဲ့ ဦးစားပေးဟာ ကစားသမား ရောင်းထုတ်မှုနဲ့အတူ အသင်းရဲ့ လူစာရင်း ဟန်ချက်ညီမှုကို ရှာဖွေဖို့ဖြစ်တယ်။ အထူးသဖြင့် ကားရီးယက်စ်၊ ဂရုဂျစ်၊ ဝဲလ်ဆန်တို့ကို ရောင်းထုတ်နိုင်အောင် ကြိုးစားဖို့ဖြစ်ကာ အနည်းဆုံး ၂ ဦးကို ဒီနွေမှာတင် အပြီးသတ် ထွက်ခွင့်ပေးဖို့ကို ကလပ်က ကြိုးစားနေပါတယ်။

အဝန်နီယီကို ဘွန်ဒက်လီဂါကလပ်ထံ တစ်ရာသီ အငှားချခဲ့ပြီဖြစ်ကာ တိုက်စစ်မှူး အိုရီဂီကတော့ အသင်းကနေ ထွက်ခွာသွားဖွယ် ရှိနေဆဲဖြစ်တယ်။ သူက ဝဲလ်ဆန်နဲ့ ဂရုဂျစ်လို များပြားတဲ့ သတင်းတွေ ထွက်ပေါ်နေမှာ မဟုတ်ဘဲ မှန်ကန်တဲ့ ကမ်းလှမ်းမှုတွေ ရောက်လာခဲ့ရင် ဘယ်ဂျီယံသားက အသင်းကနေ ထွက်ခွာသွားခြင်းကို ရွေးချယ်သွားမယ်လို့ သိရတယ်။

ဒီကနေ့မနက်မှာတော့ လီဗာပူးအသင်းက ကွင်းလယ်လူ ချိန်ဘာလိန်ကို ဝုဗ်အသင်းထံ ရောင်းထုတ်မယ်ဆိုပြီး သတင်းတွေ ထွက်လာခဲ့တယ်။ အဆိုပါ သတင်းတွေက မဟုတ်မှန်သလို မန်နေဂျာကလော့ပ်က ဒီရာသီမှာ ချိန်ဘာလိန်းကို လုံးဝ ရောင်းထုတ်မှာ မဟုတ်ကြောင်း လီဗာပူးသတင်းထောက် ဂျိမ်းပီရက်စ်က အတည်ပြုပါတယ်။

နောက်ထပ် အပြောင်းအရွှေ့ သတင်းအဖြစ် လီဗာပူးဟာ ရှော်ကေးအသင်းမှ ဗဟိုခံစစ်မှူး ကာဘတ်အတွက် ချိတ်ဆက်မှုတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ စာချုပ်ဆိုင်ရာ အချက်အလက်တွေကို စုံစမ်းခြင်းလို့ နားလည်ရကာ ခေါ်ယူမှုလုပ်ဖို့ တရားဝင် ကမ်းလှမ်းမယ့် အနေအထားတော့ မမြင်ရသေးပါဘူး။ ရှော်ကေးခံစစ်သမားကို ယူရို ၂၅ သန်းဖြင့် ကမ်းလှမ်းမယ်ဆိုရင် လက်ခံဖွယ်ရှိတယ်လို့တော့ သိထားရပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ ရာသီသစ္အတြက္ ကိုစတက္၊ သီယာဂိုနဲ႔ ဂ်ိဳတာတို႔ကို ေခၚယူခဲ့ျပီးေနာက္ ေနာက္ထပ္ေသာ ကစားသမားသစ္ ေရာက္ရွိလာဖို႔ နည္းပါးသြားျပီျဖစ္ပါတယ္။

လီဗာပူးရဲ႕ ဦးစားေပးဟာ ကစားသမား ေရာင္းထုတ္မႈနဲ႔အတူ အသင္းရဲ႕ လူစာရင္း ဟန္ခ်က္ညီမႈကို ရွာေဖြဖို႔ျဖစ္တယ္။ အထူးသျဖင့္ ကားရီးယက္စ္၊ ဂရုဂ်စ္၊ ဝဲလ္ဆန္တို႔ကို ေရာင္းထုတ္ႏုိင္ေအာင္ ၾကိဳးစားဖို႔ျဖစ္ကာ အနည္းဆံုး ၂ ဦးကို ဒီေႏြမွာတင္ အျပီးသတ္ ထြက္ခြင့္ေပးဖို႔ကို ကလပ္က ၾကိဳးစားေနပါတယ္။

အဝန္နီယီကို ဘြန္ဒက္လီဂါကလပ္ထံ တစ္ရာသီ အငွားခ်ခဲ့ျပီျဖစ္ကာ တိုက္စစ္မွဴး အိုရီဂီကေတာ့ အသင္းကေန ထြက္ခြာသြားဖြယ္ ရွိေနဆဲျဖစ္တယ္။ သူက ဝဲလ္ဆန္နဲ႔ ဂရုဂ်စ္လို မ်ားျပားတဲ့ သတင္းေတြ ထြက္ေပၚေနမွာ မဟုတ္ဘဲ မွန္ကန္တဲ့ ကမ္းလွမ္းမႈေတြ ေရာက္လာခဲ့ရင္ ဘယ္ဂ်ီယံသားက အသင္းကေန ထြက္ခြာသြားျခင္းကို ေရြးခ်ယ္သြားမယ္လို႔ သိရတယ္။

ဒီကေန႔မနက္မွာေတာ့ လီဗာပူးအသင္းက ကြင္းလယ္လူ ခ်ိန္ဘာလိန္ကို ဝုဗ္အသင္းထံ ေရာင္းထုတ္မယ္ဆိုျပီး သတင္းေတြ ထြက္လာခ့ဲတယ္။ အဆိုပါ သတင္းေတြက မဟုတ္မွန္သလို မန္ေနဂ်ာကေလာ့ပ္က ဒီရာသီမွာ ခ်ိန္ဘာလိန္းကို လံုးဝ ေရာင္းထုတ္မွာ မဟုတ္ေၾကာင္း လီဗာပူးသတင္းေထာက္ ဂ်ိမ္းပီရက္စ္က အတည္ျပဳပါတယ္။

ေနာက္ထပ္ အေျပာင္းအေရႊ႔ သတင္းအျဖစ္ လီဗာပူးဟာ ေရွာ္ေကးအသင္းမွ ဗဟိုခံစစ္မွဴး ကာဘတ္အတြက္ ခ်ိတ္ဆက္မႈတစ္ခုကို ျပဳလုပ္ခဲ့ပါတယ္။ စာခ်ဳပ္ဆိုင္ရာ အခ်က္အလက္ေတြကို စံုစမ္းျခင္းလို႔ နားလည္ရကာ ေခၚယူမႈလုပ္ဖို႔ တရားဝင္ ကမ္းလွမ္းမယ့္ အေနအထားေတာ့ မျမင္ရေသးပါဘူး။ ေရွာ္ေကးခံစစ္သမားကို ယူရို ၂၅ သန္းျဖင့္ ကမ္းလွမ္းမယ္ဆိုရင္ လက္ခံဖြယ္ရွိတယ္လို႔ေတာ့ သိထားရပါတယ္။