လီဗာပူးမန်နေဂျာ ကလော့ပ်က ကစားသမားသစ် ဂျိုတာကို ပွဲတွေအများကြီး ဆက်တိုက် ကစားခွင့်ရဖို့ မမျှော်လင့်ဖို့ သတိပေးလိုက်ပြီး ကိုယ်ဘာသာ အကောင်းဆုံး လုပ်ပြဖို့ စိန်ခေါ်လိုက်ပါတယ်။

လီဗာပူးက ဂျိုတာကို ပေါင် ၄၅ သန်းပေးပြီး ခေါ်ယူထားပေမယ့် ဒီပြောင်းရွှေ့ကြေးက သူ့ကို ပွဲထွက်ခွင့် အာမခံချက်ပေးမှာ မဟုတ်ဘူးလို့ ကလော့ပ်က ဆိုလိုက်တာဖြစ်တယ်။ ဂျိုတာအနေနဲ့ ပွဲကစားလိုရင် တိုးတက်မှုနဲ့ ကိုယ်ဘာသာ သင်ယူမှုတွေနဲ့အတူ အခြားသော အသင်းဖော်တွေလို ကြိုးစားပြနိုင်ရမယ်လို့ ဆက်ပြီး သတိပေးပါတယ်။

ကလော့ပ်က ” ဒါက နောက်ထပ် ခြေတစ်လှမ်းဆိုတာကို သူ နားလည်မှာပါ။ ငါတို့ အမြဲပြောပါတယ်။ အသင်းကို ဘယ်သူတွေက တိုးတက်စေမလဲ။ မနှစ်ကလို နိုင်ပွဲတွေ ဆက်ရဦးမှာလား။ ငါတို့ အများကြီး တိုးတက်လာနိုင်ပါတယ်။ လီဗာပူးကို ပြောင်းလာပြီး ပွဲ ၅၀၀ လောက် ဆက်တိုက် ကစားဖို့ မျှော်လင့်နေလို့တော့ မရပါဘူး။

ဂျိုတာကလည်း လီဗာပူးကို ပြောင်းလာရတာ သူ့အတွက် ခြေလှမ်း တစ်လှမ်းဆိုတာ သိပါတယ်။ ငါတို့အသင်းမှာ မရှိတာတွေကို သူပေးနိုင်မယ် မျှော်လင့်တယ်။ ဒါကြောင့်ပဲ ဒီအပြောင်းအရွှေ့က သိပ်ကောင်းတာပါ။ တိုးတက်ဖို့ လိုနေသေးတာတွေဆိုတာက ငါသိပ်ကြိုက်တဲ့ ကိစ္စ မဟုတ်ဘူး။ ဒါပေမယ့် လီဗာပူးက တိုးတက်လာဖို့ လိုအပ်နေတာတွေ ရှိနေပါတယ်။

ဂျိုတာက ငါတို့အတွက် ကစားပေးဖို့ အဆင်သင့် ဖြစ်နေပါပြီ။ ခြားနားတာတွေကို မြင်လာရမယ်လို့လည်း ငါထင်တယ်။ ငါတို့ ကစားတဲ့နည်းလမ်း၊ ငါတို့လေ့ကျင့်ပုံနဲ့ လူတွေကို ဆက်ဆံတဲ့ ပုံစံတွေအရ သူ့ကို ကူညီပေးနိုင်မှာပါ။

လီဗာပူးလို အသင်းအတွက်လည်း သူ့လို ကစားသမားကို ပိုင်ဆိုင်ခွင့်ရတာ ကောင်းပါတယ်။ ကိုယ်ဘာသာ တိုးတက်လာအောင် လုပ်ဖို့ကလည်း ကစားသမာကောင်းတွေ ဘေးမှာရှိနေတယ်။ ငါတို့နဲ့အတူ အကောင်းဆုံးတွေကို သူလုပ်ရမှာဖြစ်ပါတယ်။ ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

အသက် ၂၃ နှစ်အရွယ် ပေါ်တူဂီသားဟာ လီဗာပူးနဲ့ ၅ နှစ်စာချုပ် ချုပ်ဆိုထားပြီ ဖြစ်ပါတယ်။ သူဟာ ဘယ်တောင်ပံကို အဓိက ကစားသူဖြစ်ကာ နောက်ချန် တိုက်စစ်သမားနေရာမှာလည်း ကစားနိုင်သူ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးမန္ေနဂ်ာ ကေလာ့ပ္က ကစားသမားသစ္ ဂ်ိဳတာကို ပြဲေတြအမ်ားၾကီး ဆက္တိုက္ ကစားခြင့္ရဖို႔ မေမွ်ာ္လင့္ဖို႔ သတိေပးလိုက္ျပီး ကိုယ္ဘာသာ အေကာင္းဆံုး လုပ္ျပဖို႔ စိန္ေခၚလိုက္ပါတယ္။

လီဗာပူးက ဂ်ိဳတာကို ေပါင္ ၄၅ သန္းေပးျပီး ေခၚယူထားေပမယ့္ ဒီေျပာင္းေရႊ႔ေၾကးက သူ႔ကို ပြဲထြက္ခြင့္ အာမခံခ်က္ေပးမွာ မဟုတ္ဘူးလို႔ ကေလာ့ပ္က ဆိုလိုက္တာျဖစ္တယ္။ ဂ်ိဳတာအေနနဲ႔ ပြဲကစားလိုရင္ တိုးတက္မႈနဲ႔ ကိုယ္ဘာသာ သင္ယူမႈေတြနဲ႔အတူ အျခားေသာ အသင္းေဖာ္ေတြလို ၾကိဳးစားျပႏုိင္ရမယ္လို႔ ဆက္ျပီး သတိေပးပါတယ္။

ကေလာ့ပ္က ” ဒါက ေနာက္ထပ္ ေျခတစ္လွမ္းဆိုတာကို သူ နားလည္မွာပါ။ ငါတုိ႔ အျမဲေျပာပါတယ္။ အသင္းကို ဘယ္သူေတြက တိုးတက္ေစမလဲ။ မႏွစ္ကလို ႏုိင္ပြဲေတြ ဆက္ရဦးမွာလား။ ငါတို႔ အမ်ားၾကီး တိုးတက္လာႏုိင္ပါတယ္။ လီဗာပူးကို ေျပာင္းလာျပီး ပြဲ ၅၀၀ ေလာက္ ဆက္တိုက္ ကစားဖို႔ ေမွ်ာ္လင့္ေနလို႔ေတာ့ မရပါဘူး။

ဂ်ိဳတာကလည္း လီဗာပူးကို ေျပာင္းလာရတာ သူ႔အတြက္ ေျခလွမ္း တစ္လွမ္းဆိုတာ သိပါတယ္။ ငါတို႔အသင္းမွာ မရွိတာေတြကို သူေပးႏုိင္မယ္ ေမွ်ာ္လင့္တယ္။ ဒါေၾကာင့္ပဲ ဒီအေျပာင္းအေရႊ႔က သိပ္ေကာင္းတာပါ။ တိုးတက္ဖို႔ လိုေနေသးတာေတြဆိုတာက ငါသိပ္ၾကိဳက္တဲ့ ကိစၥ မဟုတ္ဘူး။ ဒါေပမယ့္ လီဗာပူးက တိုးတက္လာဖို႔ လိုအပ္ေနတာေတြ ရွိေနပါတယ္။

ဂ်ိဳတာက ငါတို႔အတြက္ ကစားေပးဖို႔ အဆင္သင့္ ျဖစ္ေနပါျပီ။ ျခားနားတာေတြကို ျမင္လာရမယ္လို႔လည္း ငါထင္တယ္။ ငါတုိ႔ ကစားတဲ့နည္းလမ္း၊ ငါတို႔ေလ့က်င့္ပံုနဲ႔ လူေတြကို ဆက္ဆံတဲ့ ပံုစံေတြအရ သူ႔ကို ကူညီေပးႏုိင္မွာပါ။

လီဗာပူးလို အသင္းအတြက္လည္း သူ႔လို ကစားသမားကို ပိုင္ဆိုင္ခြင့္ရတာ ေကာင္းပါတယ္။ ကိုယ္ဘာသာ တိုးတက္လာေအာင္ လုပ္ဖို႔ကလည္း ကစားသမာေကာင္းေတြ ေဘးမွာရွိေနတယ္။ ငါတို႔နဲ႔အတူ အေကာင္းဆံုးေတြကို သူလုပ္ရမွာျဖစ္ပါတယ္။ ” လို႔ ဆိုခဲ့တာ ျဖစ္ပါတယ္။

အသက္ ၂၃ ႏွစ္အရြယ္ ေပၚတူဂီသားဟာ လီဗာပူးနဲ႔ ၅ ႏွစ္စာခ်ဳပ္ ခ်ဳပ္ဆိုထားျပီ ျဖစ္ပါတယ္။ သူဟာ ဘယ္ေတာင္ပံကို အဓိက ကစားသူျဖစ္ကာ ေနာက္ခ်န္ တိုက္စစ္သမားေနရာမွာလည္း ကစားႏုိင္သူ ျဖစ္ပါတယ္။