လီဗာပူးအသင်းဟာ ဒီရာသီ ဒုတိယမြောက်နဲ့ တတိယမြောက် ခေါ်ယူမှုတွေအဖြစ် သီယာဂိုနဲ့ ဂျိုတာတို့ကို အပြီးသတ် ခေါ်ယူခဲ့ပြီဖြစ်ပါတယ်။

သီယာဂိုကိုတော့ ပေါင် ၂၅ သန်းထိ ရောက်နိုင်တဲ့ ပြောင်းရွှေ့ကြေး၊ ဂျိုတာကိုတော့ ပေါင် ၄၅ သန်းထိ ရောက်နိုင်မယ့် ပြောင်းရွှေ့ကြေးတွေဖြင့် ခေါ်ယူထားခဲ့တယ်။ ဒီခေါ်ယူမှုကြောင့် လီဗာပူးအသင်း လူစာရင်းရဲ့ တန်ကြေးတွေက ပိုမို မြင့်တက်လာခဲ့ကာ ဥရောပရဲ့ တန်ကြေးအကြီးဆုံး လူစာရင်းမှာ နံပါတ် တစ်နေရာကို ပြောင်းလဲ ရောက်ရှိသွားပါတယ်။

ဥရောပတန်ကြေးအကြီးဆုံးဆိုတဲ့ တွက်ချက်မှုကတော့ ကလပ်မှာရှိတဲ့ ကစားသမားတွေကို ခေါ်ယူရာမှာ ကျသင့်တဲ့ ပြောင်းရွှေ့ကြေးမျိုး မဟုတ်ဘဲ သူတို့ရဲ့ လက်ရှိ စေးျကွက် တန်ကြေးကို စုပေါင်းပြီး ဖော်ပြခြင်းဖြစ်တယ်။ ဒါကိုတော့ ကစားသမားတွေရဲ့ တန်ကြေးကို တွက်ချက် ဖော်ပြနေတဲ့ Transfermarkt ကနေ ပုံမှန် တွက်ချက် ဖော်ပြနေခြင်းဖြစ်ပါတယ်။

ယခင်အပတ်တုန်းကတော့ ဥရောပရဲ့ တန်ကြေးအကြီးဆုံး လူစာရင်းကို ပိုင်ဆိုင်ထားတာက မန်စီးတီးဖြစ်ပြီး ယူရို ၁.၀၄ ဘီလီယမ် တန်ကြေးရှိပါတယ်။ ဒုတိယနေရာမှာ ဘာစီလိုနာဖြစ်ကာ ယူရို ၁.၀၂ ဘီလီယမ်ထိ တန်ကြေးရှိခဲ့တယ်။ လီဗာပူးက တတိယနေရာမှာ ရှိနေကာ ချယ်ဆီး၊ ရီးရဲလ်မက်ဒရစ်တို့က စတုတ္ထနဲ့ ပဉ္စမနေရာတွေမှာ ရှိနေခဲ့တာဖြစ်တယ်။

သို့သော် ဒီအပတ် သောကြာနေ့နဲ့ စနေနေ့တွေမှာ လီဗာပူးက သီယာဂို၊ ဂျိုတာတို့ကို ခေါ်ယူခဲ့တဲ့နောက် ပထမအသင်း လူစာရင်းရဲ့ တန်ကြေးကလည်း မြင့်တက်လာခဲ့ကာ ထိပ်ဆုံးနေရာကို ရောက်ရှိသွားခဲ့တာ ဖြစ်ပါတယ်။

ဥရောပရဲ့ တန်ကြေးအကြီးဆုံး ကစားသမား ၁၀ ဦးစာရင်းမှာ လီဗာပူးအသင်းသား ၃ ဦးထိ ပါဝင်နေပြီး နံပါတ် ၄ နဲ့ နံပါတ် ၅ နေရာတွေမှာ ယူရို သန်း ၁၂၀ စီနဲ့ မာနေး၊ ဆာလက်တို့အပြင် နံပါတ် ၁၀ နေရာမှာတော့ ထရန့်က ယူရို သန်း ၁၁၀ နဲ့ ရပ်တည်နေတာဖြစ်တယ်။

ဥရောပရဲ့ တန်ကြေးအကြီးဆုံး ကစားသမားကတော့ ပီအက်စ်ဂျီမှ အမ်ဘတ်ပီ (ယူရို သန်း ၁၈၀) ဖြစ်ကာ ဒုတိယနေရာမှာ စတာလင် (ယူရို ၁၂၈ သန်း) တတိယနေရာမှာ နေမာ (ယူရို ၁၂၈ သန်း) တို့ဖြစ်ကြပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ ဒီရာသီ ဒုတိယေျမာက္နဲ႔ တတိယေျမာက္ ေခၚယူမႈေတြအျဖစ္ သီယာဂိုနဲ႔ ဂ်ိဳတာတို႔ကို အျပီးသတ္ ေခၚယူခဲ့ျပီျဖစ္ပါတယ္။

သီယာဂိုကိုေတာ့ ေပါင္ ၂၅ သန္းထိ ေရာက္ႏုိင္တဲ့ ေျပာင္းေရႊ႔ေၾကး၊ ဂ်ိဳတာကိုေတာ့ ေပါင္ ၄၅ သန္းထိ ေရာက္ႏုိင္မယ့္ ေျပာင္းေရႊ႔ေၾကးေတြျဖင့္ ေခၚယူထားခဲ့တယ္။ ဒီေခၚယူမႈေၾကာင့္ လီဗာပူးအသင္း လူစာရင္းရဲ႕ တန္ေၾကးေတြက ပိုမို ျမင့္တက္လာခဲ့ကာ ဥေရာပရဲ႕ တန္ေၾကးအၾကီးဆံုး လူစာရင္းမွာ နံပါတ္ တစ္ေနရာကို ေျပာင္းလဲ ေရာက္ရွိသြားပါတယ္။

ဥေရာပတန္ေၾကးအၾကီးဆံုးဆိုတဲ့ တြက္ခ်က္မႈကေတာ့ ကလပ္မွာရွိတဲ့ ကစားသမားေတြကို ေခၚယူရာမွာ က်သင့္တဲ့ ေျပာင္းေရႊ႔ေၾကးမ်ိဳး မဟုတ္ဘဲ သူတို႔ရဲ႕ လက္ရွိ ေစး်ကြက္ တန္ေၾကးကို စုေပါင္းျပီး ေဖာ္ျပျခင္းျဖစ္တယ္။ ဒါကိုေတာ့ ကစားသမားေတြရဲ႕ တန္ေၾကးကို တြက္ခ်က္ ေဖာ္ျပေနတဲ့ Transfermarkt ကေန ပံုမွန္ တြက္ခ်က္ ေဖာ္ျပေနျခင္းျဖစ္ပါတယ္။

ယခင္အပတ္တုန္းကေတာ့ ဥေရာပရဲ႕ တန္ေၾကးအၾကီးဆံုး လူစာရင္းကို ပိုင္ဆိုင္ထားတာက မန္စီးတီးျဖစ္ျပီး ယူရို ၁.၀၄ ဘီလီယမ္ တန္ေၾကးရွိပါတယ္။ ဒုတိယေနရာမွာ ဘာစီလိုနာျဖစ္ကာ ယူရို ၁.၀၂ ဘီလီယမ္ထိ တန္ေၾကးရွိခဲ့တယ္။ လီဗာပူးက တတိယေနရာမွာ ရွိေနကာ ခ်ယ္ဆီး၊ ရီးရဲလ္မက္ဒရစ္တုိ႔က စတုတၳနဲ႔ ပဥၥမေနရာေတြမွာ ရွိေနခဲ့တာျဖစ္တယ္။

သို႔ေသာ္ ဒီအပတ္ ေသာၾကာေန႔နဲ႔ စေနေန႔ေတြမွာ လီဗာပူးက သီယာဂို၊ ဂ်ိဳတာတို႔ကို ေခၚယူခဲ့တဲ့ေနာက္ ပထမအသင္း လူစာရင္းရဲ႕ တန္ေၾကးကလည္း ျမင့္တက္လာခဲ့ကာ ထိပ္ဆံုးေနရာကို ေရာက္ရွိသြားခဲ့တာ ျဖစ္ပါတယ္။

ဥေရာပရဲ႕ တန္ေၾကးအၾကီးဆံုး ကစားသမား ၁၀ ဦးစာရင္းမွာ လီဗာပူးအသင္းသား ၃ ဦးထိ ပါဝင္ေနျပီး နံပါတ္ ၄ နဲ႔ နံပါတ္ ၅ ေနရာေတြမွာ ယူရို သန္း ၁၂၀ စီနဲ႔ မာေနး၊ ဆာလက္တို႔အျပင္ နံပါတ္ ၁၀ ေနရာမွာေတာ့ ထရန္႔က ယူရို သန္း ၁၁၀ နဲ႔ ရပ္တည္ေနတာျဖစ္တယ္။

ဥေရာပရဲ႕ တန္ေၾကးအၾကီးဆံုး ကစားသမားကေတာ့ ပီအက္စ္ဂ်ီမွ အမ္ဘတ္ပီ (ယူရို သန္း ၁၈၀) ျဖစ္ကာ ဒုတိယေနရာမွာ စတာလင္ (ယူရို ၁၂၈ သန္း) တတိယေနရာမွာ ေနမာ (ယူရို ၁၂၈ သန္း) တို႔ျဖစ္ၾကပါတယ္။